Sunday, June 14, 2015

အလုပ်က လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်ခြင်းဟာ သင့်ကို အလုပ်ပါ ပြုတ်စေနိုင်


ချစ်မိကြိုက်မိတာဟာ နှလုံးသားတောင်းဆိုမှု တစ်ခုလို့ ဆိုရမှာ မဟုတ်ပါလား။ ဒါပေမဲ့ဗျာ…လေယဉ်၊သင်္ဘော၊ယာဉ် ၊ရုံးအလုပ် တွေမှာ အလုပ်တာဝန် ထမ်းဆောင်နေချိန်မှာတော့ ကောင်းကောင်း သတိထားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အဲသလို အလုပ်အချိန်အတွင်း အချစ်ရူးရူးနေတာက ခင်ဗျားဘ၀ရဲ့အလုပ်အကိုင်ကို ဘ၀နိဂုံး အဆုံးသတ်စေတတ်လို့ပါ။ ကျွန်တော်ပြောတာကို မယုံကြဘူးလား။ ဒီမှာ ခင်ဗျားအတွက် မျက်လုံးပြူး အံ့အားသင့်လောက်စေတဲ့ ဥပမာ သာဓက အချို့ ရှိနေပါတယ်။၁. ရဲအရာရှိ­­­­­­­­နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်း

တန်ဇန်နီးယားမှ လူငယ်ရဲအရာရှိ ချစ်သူနှစ်ဦးရဲ့ဘာမဟုတ်တဲ့ အနမ်းလေးတစ်ပွင့်ဟာ လူအများသို့ပေါက်ကြားသွားတဲ့အခါ သူတို့ဘ၀ဟာ ကြမ်းတမ်းသွားခဲရတယ်။ သူတို့နှစ်ဦး ရဲဝတ်စုံနဲ့အနမ်းကိုယ်စီ ပေးနေတဲ့အခိုက် အစောင့်တစ်ယောက်က ရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်တဲ့အခါ ပြသနာတွေစတော့တာပါပဲ။ ရဲဌာနမှ ချစ်သူနှစ်ဦး အပါအ၀င် အဲဒီအစောင့်ကိုပါ ရဲကျင့်ဝတ်ကို လိုက်နာရန်ဖောက်ဖျက် ပျက်ကွက်တဲ့အတွက် ရာထူးကဖြုတ် ထုတ်ပါယ် လိုက်ပါတယ်။

၂. ရေတပ်အကြောင်းကိစ္စ

ဗြိတိန်နိုင်ငံရဲ့ပထမဆုံး အမျိုးသမီးစစ်သင်္ဘောဗိုလ်ချုပ် တစ်ဦးဖြစ်တဲ့ စီမံကွက် ကဲရေးအရာရှိ Sarah Westနဲ့သူမရဲ့သင်္ဘောဗိုလ်လောင်း စီမံကွက်ကဲရေးအရာရှိ Richard Gray တို့ဟာ သင်္ဘောပေါ်မှာ မသင့် လျှော်တဲ့ ဆက်သွယ်မှု ရှိတဲ့အတွက်ကြောင့် အလုပ်မှ ထုတ်ပါယ်ခံခဲ့ရပါတယ်။ အသက် ၃၅ နှစ်ရှိတဲ့ Gray တစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ ချက်ချင်း အထက်တန်းစား လိင်ဆက်ဆံတဲ့ HMS ပိုလန်သင်္ဘောကို မောင်းနှင်ခဲ့ပါတယ်။

၃. လေကြောင်းကိစ္စ

Boeing လေယာဉ်ရဲ့အမှုဆောင် အရာရှိချုပ် Harry Stonecipher (68) ဟာ သူ့ရဲ့ လက်အောက်ငယ်သား စီမံခန့်ခွဲရေးနဲ့ ရောင်းဝယ်ရေး ဒု-ဥက္ကဌ Debra Peabody (48) နဲ့ နှလုံးသားရေးရာ ချစ်ခင်စုံမက်ခဲတဲ့အကြောင်းကို လူသိရှင်ကြား ၀န်ခံခဲ့ပြီးနောက် အလုပ်ဖြုတ်ခဲ့ရပါတယ်။ Stonecipher နဲ့Peabody တို့ကြား အသွားအပြန် ဆက်သွယ်မှုကို အမျိုးသမီး ၀န်ထမ်းတစ်ဦးက ကြားဖြတ်လိုက်တဲအခါ သူတို့ရဲ့ဆက်ဆံရေး လူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။

၎. ESPN အကြောင်းကိစ္စ

ESPN ဘေ့စ်ဘောလေ့လာသူဟောင်း တစ်ဦးဖြစ်တဲ့ Steve Phillips(46) နဲ့ ထုတ်လုပ်ရေးအကူ Brooke Hundley(22)တို့ရဲ့ အချစ်ရေးရာ အချုပ်တော်ပုံ လူသိရှင်ကြားဖြစ်လာတဲ့အခါ အရှက်ရခဲ့ရပါတယ်။ စမ်းမျဉ်းစမ်းကမ်းအရဆောင်ရွက်ပြီးနောက် သူတို့နှစ်ယောက်ကို ESPN မှ တရားဝင်အလုပ် ထုတ်ပါယ်ခဲ့ပြီး အရေးပေါ်ညီလာခံတစ်ရပ်ခေါ်ယူကာ ၄င်းရဲ့ဝန်ထမ်းတွေအားလုံးကိုလည်း ရုံးအလုပ်ကိစ္စတွေနဲ့ မပတ်သက်ပါစေနဲ့လို့ ညွန်ကြားခဲ့ပါသေးတယ်။

Ref:indiatvnews
Trend Myanmar

0 comments:

Post a Comment