Wednesday, June 10, 2015

ဒေါ်စု၏ တရုတ်ပြည် ခရီးစဉ်အတွင်း မြစ်ဆုံအရေး ဆွေးနွေးကြမည်လား

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ယနေ့တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး စတင်တော့မည် ဖြစ်သည်။ ယခု ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး တရုတ်ပြည်ခရီးစဉ် ဖြစ်သကဲ့သို့ နိုင်ငံတစ်ခု၏ အဓိက အတိုက်အခံနိုင် ငံေ ရးခေါင်းဆောင် တစ်ဦးအား တရုတ်အစိုးရက ပထမဆုံးအကြိမ်ဖိတ်ကြားမှုလည်း ဖြစ်သည်။၅ ရက်တာ ကြာမြင့်မည့် ခရီး စဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်သည် သမ္မတ ရှီကျင်းပင်အပါအဝင် တရုတ်အစိုးရထိပ် သီးခေါင်းဆောင်များနှင့် တွေ့ဆုံ သွားမည်ဖြစ်ပြီး ယခု ခရီးစဉ် ကြောင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ အကြား နားလည်မှုပိုမိုအားကောင်းလာမည်ဟု တရုတ်အစိုးရ အာဘော်သတင်းစာများက ရေးသားဖော်ပြ ကြသည်။

”မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တာနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြားက ဆက်ဆံရေးအခြေ အနေ ကို ကောင်းကောင်းကြီးနားလည်ထားတဲ့သူပါ” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသကဲ့ သို့ ဒေါ်အောင် ဆန်းစုကြည်ကလည်း တ ရုတ် အစိုးရနှင့်ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံဆိုသည်မှာ မဆက်ဆံချင်၍ မရကြောင်း ပြောဆိုထားဖူးသည်။

တရုတ်အစိုးရက အထူးသဖြင့် သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားခဲ့ပြီး နောက်ပိုင်း NLD နှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းလာသည်ကိုတွေ့ရသည်။ NLD ဗဟိုကော်မ တီဝင်များသည် ၂ဝ၁၂ နောက်ပိုင်း တရုတ်အစိုးရ၏ ဖိတ်ကြားချက်ကြောင့် တရုတ်နိုင်ငံသို့ တစ်ကြိမ်မက သွားရောက်လည်ပတ်ခဲ့ဖူး သည်။ ဒေါ်အောင် ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းကို ယခုအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားရန်သာ ဆုံးဖြတ်ခဲ့ပြီးအပြီးတိုင် ပယ်ဖျက်ခြင်းမဟုတ်သည့်အပေါ် ဝေဖန်ထားခဲ့ဖူးသည်။ ”စီမံကိန်းကို ငါးနှစ်ရပ်ဆိုင်းထားတာက နောက်အစိုးရအနေနဲ့ ဒါကို သတိထားကိုင်တွယ်ရမယ်ဆိုတဲ့ သဘောသက်ရောက်တယ်” ဟုသူမက RFA သတင်းဌာနနှင့် အင် တာဗျူးတစ်ခုတွင်ဝေဖန်ထားဖူးသည်။

၂ဝ၁၅တွင် သူမဦးဆောင် သောပါတီအနိုင်ရခဲ့လျှင် မြစ်ဆုံစီမံကိန်းအရေးဖြေရှင်းရန် တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးခြင်းမှတစ်ပါး အခြားရွေးချယ် စရာမရှိဟု သူမကဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ဦးသိန်းစိန်သည် ယခင်တပ်မတော် အစိုးရလက်ထက် ချုပ်ဆိုခဲ့သော စာချုပ်အတွက်တာဝန်ရှိသော်လည်း ယင်းကိုဖြေ ရှင်းပေးရန် ပျက်ကွက်ခဲ့ သောကြောင့်ဟု သူမက ဆိုသည်။ ”ကျွန်မကတော့ ဒီအိုင်ဒီယာကိုမကြိုက်ဘူး။ ဘာလို့ဆိုတော့ အစိုးရဆိုတာ ကိုယ့်လုပ်ရပ်ကို တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်လေ” ဟု သူမကဆိုသည်။ ယခုခရီးစဉ်အတွင်း တရုတ်အစိုးရဘက်က မြစ်ဆုံစီမံကိန်းကို ဆွေးနွေးရန် စတင်လာခဲ့ပါက ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သတိကြီးစွာထား၍ ဆွေးနွေးရန် လိုအပ်ကြောင်း ပြည်တွင်းနိုင်ငံရေးသုံးသပ်သူများက သုံးသပ်ထားကြသော်လည်း NLD ပါတီကမူ မည်သည့် သဘောထား ရပ် တည် ချက်နှင့် ဆွေးနွေးမည်ကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။ ”ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်မှပဲ ပြောနိုင်လိမ့်မယ်ဗျ” ဟု ပါတီဗဟိုကော်မတီဝင် ဦးထွန်း ထွန်းဟိန်က ပြောသည်။

Popular Myanmar News Journal

0 comments:

Post a Comment