Thursday, June 11, 2015

ဒေါ်လာဈေးတက်ခြင်း အရေးပေါ်ဆွေးနွေးပွဲအပြီး နောက်တစ်နေ့တွင် တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်ခန့်ကျဆင်း

နှစ်ရက်ဆက်စံချိန်တင်ဈေးတက်ပြီးနောက် ဇွန် ၁၁ တွင် ဒေါ်လာဈေးပြန်ကျလာခဲ့သည်။ (ဓာတ်ပုံ- ကျော်ဇင်သန်း)

ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် တစ်နေ့တွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ်တစ်ရာခန့် ကျဆင်းသွားကြောင်း သတင်းရရှိ သည်။‘‘ဈေးကွက်မှာတော့ လန့် နေကြတယ်။ အရောင်းအ၀ယ် သမားအတော်များများလည်း မ လုပ်ရဲကြဘူး။ မနေ့က အစည်းအ ဝေးလုပ်တဲ့ ကိစ္စကို စောင့်ကြည့်နေကြတယ်’’ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဒေါ်လာတန်ဖိုးမြင့်တက်နေခြင်းနှင့်ပတ်သက်၍ ဇွန်လ ၁၀ ရက်တွင် ဇမ္ဗူသီရိဆောင်၌ လွှတ် တော်နာယကသူရဦးရွှေမန်းက အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊လွှတ်တော်ငွေကြေးလုပ်ငန်းနှင့် ဆက်စပ်သော ကော်မတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲပြီးနောက် တစ်နေ့ ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၁၈၉ ခန့်ရှိပြီး ညနေပိုင်းတွင် ၁,၁၉၈ ကျပ် ပေါက်သည်။ ဇွန်လ ၁၀ ရက် နေ့ခင်းပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ခန့်ထိ စံချိန်တင်တက်ခဲ့ပြီး ညပိုင်းဈေးကွက်ပိတ်ချိန်တွင် ၁,၂၄၀ ကျပ်ခန့်ဖြင့် ဈေးပိတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ပြည်တွင်း သွင်းကုန်လုပ်ငန်းရှင်များသာမက ပို့ကုန်လုပ်ငန်းရှင်များပါ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများရှိနေသည်။

‘‘ငွေဈေးက အပြောင်းအလဲ အရမ်းမြန်တော့ အလုပ်လုပ်ဖို့က မလွယ်ဘူး။ ဒေါ်လာကိုယ်ပို့လိုက် တယ်။ ဈေးက ကိုယ်ငွေပြန်ရချိန် မှာ နည်းနေရင် ရှုံးမှာပဲ’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်း ရှင် ဦးမျိုးသူရအေးက ပြောသည်။

7Day Daily

0 comments:

Post a Comment