Wednesday, July 8, 2015

အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက်ကျင်းပမည်

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကော့မှူးမြို့နယ်၊ ဝါးသိင်္ခကျေးရွာ၌ ကြိုတင်ကြေညာပေးသော အခြေခံမဲစာရင်းကို ကြည့်ရှုနေသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) 

အထွေထွေရွေးကောက် ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက် တွင် ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်၌ တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။

ရွေးကောက်ပွဲကျင်းပမည့် ရက်ကို လေးလကြိုတင်၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌက လက်မှတ်ရေးထိုး ကာ ကြေညာချက်အမှတ် ၂၈/ ၂၀၁၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်သည်။‘‘အခုက ရွေးကောက်ပွဲလုပ် မယ့်ရက်ကို ကြေညာတာပဲဖြစ်ပါ တယ်။ မဲဆွယ်စည်းရုံးမှုကတော့ လုပ်လို့မရသေးပါဘူး။ ဥပဒေက သတ်မှတ်တဲ့ ကာလရောက်မှသာ မဲဆွယ်စည်းရုံးမှုတွေက စတင်နိုင် မှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိ ယ ညွှန်ကြားရေးမှူ ဦးလှမောင်ချို က ပြောသည်။ ထို့အပြင် ကိုယ်စားလှယ် လောင်းများနှင့်ပတ်သက်၍ ဆက် စပ်ဆောင်ရွက်ရမည့် ကိစ္စများကို ပါ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၈ ရက်အထိ ကိုယ်စားလှယ်လောင်းအမည်စာ ရင်းတင်သွင်းရမည်ဖြစ်ပြီး သြ ဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိ စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက် အမှတ် ၂၉ ဖြင့် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပခြင်းမ ပြုမီ အနည်းဆုံး ရက်ပေါင်း ၉၀ မ တိုင်မီကာလတွင်မှ ကျင်းပမည့် ရက်ကို ကြေညာရမည်ဖြစ်သော် လည်း ယခုကဲ့သို့ တစ်လခန့်စော ၍ ထုတ်ပြန်ကြေညာလိုက်ခြင်း ကြောင့် ရွေးကောက်ပွဲကျင်းပရန် မသေချာ၊ နောက်ဆုတ်နိုင်သည် စသော ဝေဖန်မှုများ အဆုံးသတ် လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါ တီမှ ပုဂ္ဂိုလ်အချို့က ပြောသည်။

‘‘လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေအရ ရွေးကောက်ပွဲ လုပ်ပါ့မလား။ ရက်ရွှေ့သွားမ လားဆိုပြီး ဝေဖန်မှုတွေ ထွက်လာ တယ်လေ။ အဲဒီလိုဖြစ်နေတဲ့အချိန် မှာ ဒီလိုကျင်းပမယ့် ရက်ထွက် လာပြီဆိုတော့ ရွေးကောက်ပွဲလုပ် ပါ့မယ် ဆိုတာကို ကတိပေးရာ ရောက်တယ်’’ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြော ရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင် ဦးဟန်ရွှေက ဆိုသည်။

‘‘စောစော ကြေညာတာ တော့ မဟုတ်ဘူး။ ဇူလိုင်လထဲမှာ ကြေညာမယ်ဆိုတာသိထားပြီး သား။ ရွေးကောက်ပွဲပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မှတ် ပုံတင်ရမယ့် ရက်နဲ့ နောက်ဆုံး ရက်က နည်းနေတယ်။ ရက်ပေါင်း ၂၀ လောက်ပဲ အချိန်ရတယ်။ ကိုယ်စားလှယ်ပေါင်း ၁,၁၇၀ ကျော်ကို ရက်က ၂၀ ပဲဆိုတော့ အချိန်အရမ်းနည်းလွန်းတယ်။ မဲ စာရင်းတွေကို အချိန်မီပြင်နိုင်ဖို့က လည်း ကော်မရှင်မှာ တာဝန်ရှိ တယ်’’ ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းက ပြောသည်။

အချိန်စော၍ ကြေညာလိုက် ခြင်းကြောင့် ပါတီများအတွက် ပြင်ဆင်ချိန် ပိုမိုရရှိကာ ထိထိ ရောက်ရောက် ဆောင်ရွက်စေနိုင် မည်ဖြစ်ကြောင်း သုံးသပ်ပြောကြား မှုများရှိသည်။

‘‘ဒီလို ကြေညာပြီးပြီဆိုရင် တော့ ကိုယ်စားလှယ်လောင်းစိစစ် တာတွေ၊ အောင်နိုင်ရေးနဲ့ ပတ် သက်တဲ့ ကိစ္စတွေ တခြားရွေး ကောက်ပွဲနဲ့ဆိုင်တဲ့ အလုပ်တွေ အများကြီး လုပ်စရာတွေရှိလာပြီ’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင် ဦး ဉာဏ်ဝင်းက ပြောသည်။

‘‘နဂိုကတည်းကရက်ချိန်ပေး ပြီးသားဆိုတော့ သိပ်တော့ မထူး ဆန်းလှဘူး။ ရွေးကောက်ပွဲလုပ် မယ်ဆိုတာ ပိုသေချာသွားတဲ့ သ ဘောတော့ဖြစ်တာပေါ့။ ဒီရက် လုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးသား ဖြစ်သွားတယ်။ ရက်ရွှေ့မလားဆို တဲ့ သံသယတွေ မရှိတော့ဘူး။ ရွေးကောက်ပွဲအတွက် ပြင်ဆင် ချင်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ ထဲက ပြင်ဆင်ချင်တဲ့သူတွေအ တွက် ပြင်ဆင်ချိန်ပိုရတာပေါ့’’ဟု ဒီမိုကရက် တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

လက်ရှိတွင် မဲစာရင်းမှား ယွင်းမှုများ ပြင်ဆင်ရေးကို ဦးစား ပေးဆောင်ရွက်နေရသည့် ကာလ ဖြစ်ပြီး မကြာမီ အမတ်လောင်း ရွေးချယ်ခြင်း၊ မှတ်ပုံတင်ခြင်း၊ မဲ ဆွယ်စည်းရုံးခြင်းစသည့် ကိစ္စများ ကို မနားတမ်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဦးဟန်ရွှေက ပြော သည်။

၂၀၁၀ ရွေးကောက်ပွဲကျင်း ပမည့်ကို အချိန်နီးကပ်မှ ကြေညာ ခဲ့သဖြင့် အလောတကြီး ဆောင် ရွက်ခဲ့ရကြောင်း ဦးဟန်ရွှေက ဆက်လက်ပြောသည်။

သို့သော် ရွေးကောက်ပွဲကိုတနင်္ဂနွေနေ့ကျင်းပရန် ဆောင် ရွက်ခြင်းသည် မိမိတို့အပေါ် ထိုးနှက်ချက် တစ်ရပ်ဖြစ်ပြီး မရိုးမ သားလုပ်ဆောင်ချက်ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဝေဖန် ပြောကြားလိုက်သည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး ကော် မရှင်ကို သုံးခါတိတိတင်ပြခဲ့တယ်။ ရွေးကောက်ပွဲကို တနင်္ဂနွေနေ့မ လုပ်ပါနဲ့ဆိုတာ။ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ တိုင်းရင်း သားတွေက ခရစ်ယာန်တွေဆို တော့ တနင်္ဂနွေဆို ဘုရားကျောင်း တက်တယ်။ ပြန်လာရင် မဲရုံမသွား တော့ဘူး။ ကျွန်တော်တို့ ရမယ့်မဲ တွေက မရဘူးဖြစ်သွားရော။ ဒါ ဘာသာရေးကို ပြောတာမဟုတ် ဘူးနော်’’ ဟု ဦးဇိုဇမ်က ဝေဖန် ပြောကြားသည်။

လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲဖြစ်စေရမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေး ပြောကြားထားသော် လည်း လတ်တလောဖြစ်ပေါ်နေ သည့် မဲစာရင်း မှားယွင်းမှုများ သည် အဆိုပါကတိပေးချက်ကို ထိခိုက်စေနိုင်ကြောင်းလည်း ဝေ ဖန်မှုများရှိနေသည်။

ထို့အပြင် နိုင်ငံတကာရွေး ကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ များစွာက ရွေးကောက်ပွဲလေ့လာ ရန် အဆိုပြုသော်လည်း ငါးဖွဲ့ခန့် သာ ခွင့်ပြုမည်ဟု ကော်မရှင်က ပြောကြားထားသည်။

7Day Daily

0 comments:

Post a Comment