Wednesday, September 11, 2019

တောဆင်ရိုင်း အသေတစ်ကောင် ငပုတောမြို့နယ်တွင် တွေ့ရှိ

Image may contain: outdoor, nature and water

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် တင်းချေုာင်း ကျေး ရွာအုပ်စု ထန်းတပင် ကျေးရွာ၏အနောက်ဖက် ၆ မိုင်ခန့်အကွာတွင် စက်တင်ဘာ ၁၀ ရက်နေ့ ညနေ(၃)နာရီ အချိန်က တောဆင်ရိုင်းတစ် ကောင် သေဆုံးလျက်ရှိကြောင်း သတင်းရ ရှိသည်။

သတင်းရရှိပြီးနောက် တောဆင်ရိုင်းကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်း ၁၊ ငပုတောတောင် ကလေး ရဲကင်း မှ ရဲတပ်ကြပ် ထွန်းသိန်းပါ ၃ ဦး၊အခြေစိုက်စခန်း ၂ ၊ငရုတ်ကောင်းနယ် မြေရဲစခန်းမှရဲတပ်ကြပ် မိုးကျော်ဦးပါ ၃ ဦး၊သစ်တောရဲမှ ရဲဒုတပ်ကြပ် အောင်နိုင်စိုးပါ ၃ ဦး၊ မြန်မာ့သစ်လုပ်ငန်း အရေးပေါ်ဆင် ကိစ္စ ဆောင် ရွက်မှု အဖွဲ့( EERU) ဦမောင်သန်းပါ ၃ ဦး၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦကျော်မြင့်ထွန်း ပါ ၅ ဦးပါဝင်သောပူးပေါင်းအဖွဲ့သည် ထန်းတပင် ကျေးရွာ၏ အနောက်ဖက် ၆ မိုင်ခန့်အကွာ ဒေသအခေါ် မဒေါ့ချောင်း ၏အလယ်တွင် ဆင်သေ ကိုတွေ့ရှိသည်။
အမြင့် ၇ ပေ၊ အလျား ၆ပေ ၇လက္မ၊နှာမောင်း ၃ ပေ ၇လက္မ၊အမြီး ၂ ပေ တစ်လက္မ၊ ရှေ့ခွာ ၅ လုံး၊နောက်ခွာ ၄ လုံး၊ အမဲရောင်၊ ကျောရိုးငှက်ပျောကိုင်းသဏ္ဍန်၊ ဘုတ် မျက်လုံး၊ အစွယ်မရှိ၊ အသက် ၂၃ နှစ်ခန့် တောဆင်ရိုင်း အမတစ်ကောင် သေဆုံး လျက်တွေ့ရှိရသည်။
၎င်းတောဆင်ရိုင်းအမသည် လွန်ခဲ့သော ၂ ရက်ခန့်ကသေဆုံးနေသည့်ဟု EERU အဖွဲ့မှခန့်မှန်းပြီး၊ ၎င်းဆင်သေဆုံးမှုမှာ အမှန်တကယ်ရောဂါဖြင့် သေဆုံးခြင်း၊ သတ်ဖြတ်ခံရခြင်းဟုတ်/မဟုတ်၊စစ်ဆေးရန် EERU အဖွဲ့ မှဒုတိယတိရစ္ဆာန်ဆေးကု မှူး ဦးလင်းလင်းထွန်း အားဆက်သွယ်ထား ကြောင်း သိရသည်။ ပူးပေါင်း အဖွဲ့သည် တောဆင်ရိုင်း သေဆုံးမှုအား စုံစမ်းလျက်ရှိပြီး၊ဆင်သေဆုံးသည် နေရာနှင့် အနီးပတ် ဝန်ကျင်ရှိ ကျေးရွာ ဝင်/ထွက်ပေါက်များကို ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း တိုင်းရဲ တပ်ဖွဲ့မှူး ရုံးမှသိရသည်။
မောင်မောင်မြင့် (ပြန်/ဆက်) #တောဆင်ရိုင်း #ငပုတောမြို့နယ်

0 comments:

Post a Comment