
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲ၏အမျိုးသား တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်သီးချင်းပြိင်ပွဲတို့တွင် မြန်မာကစားသမား ၁၁ ဦးအထိဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကျန်ကစားသမားများမှာ အစောပိုင်းအဆင့်များမှ ထွက်ခဲ့ရသောကြောင့် သက်ထားသူဇာတစ်ဦးတည်းသာ ပြိုင်ပွဲအတွင်း ဆက်လက်ကျန်ရှိနေခဲ့သည်။
တစ်ဦးချင်းကြက်တောင်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ တစ်ဦးတည်းကျန်နေခဲ့သူလည်းဖြစ်၊ ၁၆ဦးရှုံးထွက်အဆင့်တွင်ထိုင်းကြက်တောင်မယ် ဆာရာပွန်အား နှစ်ပွဲပြတ်ဖြင့်အနိုင်ယူခဲ့သူလည်း ဖြစ်သော ကမ္ဘာ့အဆင့် ၇၃ ရှိ သက်ထားသူဇာအနေဖြင့် ယခုအခါကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့အဆင့် ၅၈၁ ရှိ အိန္ဒိယကြက်တောင်မယ် ဆာမီနာ နှင့် ယနေ့တွင် ယှဉ်ပြိုင်ရိုက်သွားရမည်ဖြစ်ကြောင်း သိရသည်။






0 comments:
Post a Comment