<<Unicode>>
မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား(၁၀၈)ဦးခန့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရ
Tuesday, September 24, 2019
စက်တင်ဘာလ ၂၁ရက် မှစ၍ မလေးရှားနိုင်ငံကွာလန်လန်ပူမြို့ရှိ နိုင်ငံခြားသားအလုပ်သမားများ အများဆုံးလုပ်ကိုင်နေကြသော Kuala Lumpur Wholesale Market ကုန်ဈေးတန်း jalan Alor foods street ဂျလန်အလာ စားသောက်ဆိုင်လမ်း နှင့် Plaza Idaman Setapak. အီဒမန်စတာပါ ကုန်တိုက်ရှိရာနေရာများတွင် မလေးရှားနိုင်ငံရဲတပ်ဖွဲ့၊ စလန်ငေါ အာဏာပိုင် လဝက ဝန်ထမ်း ၁၆၀ ကျော်ဖြင့် ဆက်တိုက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
တရားမဝင်လာရောက်လုပ်ကိုင်နေမှု လဝက ဥပဒေ ဖြင့် ဖမ်းဆီးခဲ့သူ ၁၀၈ ဦးခန့်ရှိပြီး မြန်မာ -ပါကစ္စတန်-ဘင်္ကလားဒေရှ် -အင်ဒို-ဗီယက်နမ် စသော နိုင်ငံများမှ လာရောက်အလုပ်လုပ်နေကြသူများ သိရှိရသည်။
၂၀၁၉ခုနှစ် နှစ်စပိုင်းမှစ၍ မလေးရှား လဝက ညွန်ကြားရေးမှူးသစ် Datuk Khairul Dzaimee David ဒါတွတ် ကိုင်ရို ဒဇိုင်မီ ဒေးဇစ် (အသက်၄၇)တက်လာပြီးတဲ့နောက် လဝက ဥပဒေသစ်များထုတ်ပြန်ခဲ့ပြီး လူကုန်ကူး၊ မူးယစ်မှု၊ တခြားမှုခင်းများနှင့် ဆက်နွယ်နေသော ဂိုဏ်းများကို ပိုမို နိမ်နင်းမှု ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment