ေအာက္တုိဘာ ၁ ရက္ေန့တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ႀကံဳေတြ႕ေနရေသာမတရားမႈမ်ားႏွင့္ပတ္သက္၍ ရဲခ်ဳပ္အပါအ၀င္ ျပည္ေထာင္ စုတရားလႊတ္ေတာ္ခ်ဳပ္ႏွင့္ ဥပေဒခ်ဳပ္တို႔ထံ ေတြ႕ဆုံခြင့္ေတာင္းခံရာ ျငင္းပယ္ခံရသျဖင့္ ႏုိင္ငံေတာ္သမၼတ သိရွိေစရန္ ေနျပည္ေတာ္တြင္ ဆႏၵထုတ္ေဖာ္မည္ျဖစ္ေျကာင္း သိရွိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း မတရားမႈမ်ားကုိ တရား႐ုံး၊ ဥပေဒ႐ုံး၊ ရဲစခန္းမ်ား၌ ျပည္သူမ်ား ေန႔စဥ္ႀကံဳေတြ႕ေနရသျဖင့္ တာ၀န္ရွိသူမ်ားက တရားမွ်တမွန္ကန္စြာရပ္တည္မႈေပးႏုိင္ေရးအတြက္ နစ္နာသူမ်ားကုိယ္စား ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ ျပည္ေထာင္စုဥပေဒခ်ဳပ္ႏွင့္ ရဲခ်ဳပ္တို႔အား စက္တင္ဘာ ၂၃ ရက္တြင္ ေတြ႕ဆုံခြင့္ရရန္ ေတာင္းဆိုခဲ့ေသာ္လည္း ေတြ့ခြင့္မေပးခဲ့သျဖင့္ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္ေျကာင္း ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ရန္ကုန္ၿမိဳ႕ေန ဦးညီညီထြန္းမွ ေျပာျကားခဲ့သည္။
ေတြ႕ဆုံခြင့္ေတာင္းခံသည့္အေပၚ ရဲခ်ဳပ္မအားလပ္သျဖင့္ ဒကိၡဏခ႐ိုင္ၿမိဳ႕နယ္မွဴးႏွင့္ ေတြ႕ ဆုံေျပာၾကားရန္ ႏွင့္ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္၊ ျပည္ေထာင္စု ဥပေဒခ်ဳပ္တို႔ကုိမူ လုံၿခံဳေရးအရ ေတြ႕ဆုံခြင့္မေပးႏုိင္ေၾကာင္း အသီးသီးျပန္ၾကားခဲ့သည္ဟု ဦးညီညီထြန္းက ေျပာသည္။
ဆႏၵထုတ္ေဖာ္ရာတြင္ ေနျပည္ေတာ္ရွိ ေရႊနံ႔သာေဘာလုံးကြင္းတြင္ နံနက္ ၁၀နာရီမွ၁၂နာရီအထိ လည္းေကာင္း ပ်ဥ္းမနားေက်ာက္တုိုင္ကြင္းေနရာတြင္ ေန့လည္ ၁ နာရီမွ ၃ နာရီအထိလည္းေကာင္း တင္ျပထားၿပီး ဆႏၵထုတ္ေဖာ္မည့္လူပုဂိၢဳလ္ ၁၅ ဦးပါရွိမည္ဟု သိရရွိရသည္။
<<Unicode>>
ရန်ကုန်တိုင်းအတွင်းရှိ မတရားမှုများနှင့်ပတ်သက်၍ တရားမျှတမှန်ကန်စွာရပ်တည်မှုပေးနိုင်ရေး နေပြည်တော်တွင် ဆန္ဒထုတ်ဖော်မည်
Tuesday, September 24, 2019
အောက်တိုဘာ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြုံတွေ့နေရသောမတရားမှုများနှင့်ပတ်သက်၍ ရဲချုပ်အပါအဝင် ပြည်ထောင် စုတရားလွှတ်တော်ချုပ်နှင့် ဥပဒေချုပ်တို့ထံ တွေ့ဆုံခွင့်တောင်းခံရာ ငြင်းပယ်ခံရသဖြင့် နိုင်ငံတော်သမ္မတ သိရှိစေရန် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မတရားမှုများကို တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းများ၌ ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသဖြင့် တာဝန်ရှိသူများက တရားမျှတမှန်ကန်စွာရပ်တည်မှုပေးနိုင်ရေးအတွက် နစ်နာသူများကိုယ်စား ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဥပဒေချုပ်နှင့် ရဲချုပ်တို့အား စက်တင်ဘာ ၂၃ ရက်တွင် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မပေးခဲ့သဖြင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ရန်ကုန်မြို့နေ ဦးညီညီထွန်းမှ ပြောကြားခဲ့သည်။
တွေ့ဆုံခွင့်တောင်းခံသည့်အပေါ် ရဲချုပ်မအားလပ်သဖြင့် ဒက္ခိဏခရိုင်မြို့နယ်မှူးနှင့် တွေ့ ဆုံပြောကြားရန် နှင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ဥပဒေချုပ်တို့ကိုမူ လုံခြုံရေးအရ တွေ့ဆုံခွင့်မပေးနိုင်ကြောင်း အသီးသီးပြန်ကြားခဲ့သည်ဟု ဦးညီညီထွန်းက ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် နေပြည်တော်ရှိ ရွှေနံ့သာဘောလုံးကွင်းတွင် နံနက် ၁၀နာရီမှ၁၂နာရီအထိ လည်းကောင်း ပျဉ်းမနားကျောက်တိုင်ကွင်းနေရာတွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိလည်းကောင်း တင်ပြထားပြီး ဆန္ဒထုတ်ဖော်မည့်လူပုဂ္ဂိုလ် ၁၅ ဦးပါရှိမည်ဟု သိရရှိရသည်။
0 comments:
Post a Comment