Sunday, September 8, 2019

မွန်ပြည်နယ်၊ ဇင်းကျိုက်​မြို့ သို့ ​လေဆင်​နှာ​မောင်း ဝင်ရောက်တိုက်ခတ်

Image may contain: outdoor

မွန်ပြည်နယ်၊ ဇင်းကျိုက်​မြို့၊ ဇင်းကျိုက်​ရပ်​ကွက်​သို့ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် (၀၀း၃၀)ခန့်တွင် ​လေဆင်​နှာ​မောင်း ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဇင်းကျိုက်မြို့ ဇင်းကျိုက်​ရပ်​ကွက်​ ကန်​​ကြီးအနီး TKO ဖုန်းဆိုင်​နှင့်​အိမ်​အမိုးများ၊ ဆက်​သွယ်​​ရေး​အော်​တိုအိတ်​ချိန်းရုံးအမိုးနှင့်​အ​ဆောက်​အဦး၊ ကန်​ကြီးဆက်​သွယ်​​ရေးရုံးအနီးလူအများနားခိုရာ အ​ဆောက်​အဦး၊ ကန်​ကြီးမှ သစ်​ပင်​ကျိုးကျ အမြစ်​လန်​ လဲပြိုရာ ကန်​ကြီး​ဘောင်​ စတီးဝရံတာနှင့် ကန်​ကြီး​ထောင့်​မှ ထရန်​​ဖော်​မာ မီးပုံးလဲကျပျက်​စီး လူ​နေအိမ်​အချို့ အမိုးများစသည်တို့ ပျက်​စီးသွားကြောင်း သိရသည်။
ဇင်းကျိုက်​ရပ်​ကွက်​ ကမ်းနားလမ်း သစ်​ပင်​လဲကျ၍ လမ်းပိတ်​​ခဲ့ပြီး ​နေအိမ်​အချို့ အမိုးပျက်​စီးသွားကြောင်း သိရသည်။
တိုးချဲ့ရပ်​ကွက်​တွင်​လည်း နေအိမ်​အချို့ အမိုးလန်​ထွက်​ပြီး သစ်​ပင်​များ အကိုင်းကျိုးကျ​နေတာ ​တွေ့ရကြောင်း သိရသည်။
ထိုဖြစ်​စဉ်​တွင်​ လူနှင့်​တိရိစ္ဆာန်​ ထိခိုက်​မှု မရှိကြောင်း သိရသည်။
Image may contain: night
No photo description available.
Image may contain: plant, tree, outdoor and nature
Image may contain: nature and outdoor
Image may contain: plant, outdoor and nature
Image may contain: food
Image may contain: outdoor
#Photo_ဇော်​မင်း(မိုးချယ်​ရီ)

0 comments:

Post a Comment