Tuesday, September 24, 2019

ရခိုင္ျပည္နယ္၊ေတာင္ၿပိဳဝဲ အနီး၌ ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ ကူတူပါေလာင္ဒုကၡသည္ စခန္းေနသူတစ္ဦး ဖမ္းမိ

Image may contain: text
ရခိုင္ျပည္နယ္၊ ေတာင္ၿပိဳဝဲၿမိဳ႕နယ္(ခြဲ)အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၂၂ ရက္ ညေန ၄ နာရီခန္႔တြင္ ေတာင္ၿပိဳဝဲ၏ အေရွ႕ေတာင္ဘက္ မီတာ ၃ဝဝဝ ခန္႔အကြာသုိ႔ အေရာက္၌ ခ်ဳံပုတ္အတြင္းမွ မသကၤာဖြယ္လူတစ္ဦး ေတြ႕ရွိသျဖင့္စစ္ေဆးရာ ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ ကူတူပါေလာင္ဒုကၡသည္စခန္းမွ ယူသုပ္ (ဘ) ခ်ဳိတူအာေလာင္အား ဓားရွည္တစ္ေခ်ာင္း၊ ဓားေကာက္တစ္ေခ်ာင္း၊ ဖုန္းတစ္လံုး၊ ေက်ာပိုးအိတ္ခုနစ္လံုးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရွိရသည္။

အဆုိပါ ဖမ္းဆီးရမိသူအား တရားဥပေဒအရ စိစစ္ေဆာင္ရြက္ႏုိင္ေရး သက္ဆိုင္ရာ နယ္ေျမရဲစခန္းသုိ႔ စနစ္တက် အပ္ႏွံခဲ့ေၾကာင္း သတင္းရရွိသည္။
<Unicode>
ရခိုင်ပြည်နယ်၊တောင်ပြိုဝဲ အနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည် စခန်းနေသူတစ်ဦး ဖမ်းမိ
Tuesday, September 24, 2019

ရခိုင်ပြည်နယ်၊ တောင်ပြိုဝဲမြို့နယ်(ခွဲ)အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် တောင်ပြိုဝဲ၏ အရှေ့တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာသို့ အရောက်၌ ချုံပုတ်အတွင်းမှ မသင်္ကာဖွယ်လူတစ်ဦး တွေ့ရှိသဖြင့်စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ယူသုပ် (ဘ) ချိုတူအာလောင်အား ဓားရှည်တစ်ချောင်း၊ ဓားကောက်တစ်ချောင်း၊ ဖုန်းတစ်လုံး၊ ကျောပိုးအိတ်ခုနစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသူအား တရားဥပဒေအရ စိစစ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ စနစ်တကျ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment