Thursday, September 12, 2019

တောင်ကလေးဆရာတော်မှ မြန်မာနာမည်အသစ်တစ်ခုကို လက်ခံရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ချန်ပီယံ ဒေဝ

Image may contain: 1 personImage may contain: 3 people, people smiling, people standing, shoes and indoor
မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တဲ့ မြန်မာ့လက်ဝှေ့ ချန်ပီယံဒေဝဟာ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

မြန်မာ့လက်ဝှေ့ ချန်ပီယံဒေဝဟာ ”တောင်ကလေးဆရာတော်နဲ့ တွေ့ဆုံခဲ့ပြီး "စောဒေဝ" ဆိုတဲ့ နာမည်အသစ်တစ်ခု လက်ခံရခဲ့တယ်"လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဒေဝကဟာ ပြည်တွင်း လက်ဝှေ့ကလပ်တွေကို သွားရောက်လေ့လာလျက်ရှိပြီး တောင်ကလေး ကလပ်ကို သွားရောက်လေ့လာသင်ယူနေကြောင်းလည်း သိရပါတယ်။ မြန်မာ့လက်ဝှေ့ပညာရှင်တွေထံမှာလည်း မြန်မာ့ရိုးရာလက်ဝှေ့ပညာကို လေ့လာဆည်းပူးလျှက်ရှိကြောင်း သိရပါတယ်။
မြန်မာ့လက်ဝှေ့လောက တိုးတက်အောင် မြေတောင်မြောက်ပေးချင်တဲ့ "တောင်ကလေးဆရာတော်ရဲ့ သဘောအကျဆုံးကစားသမားထဲမှာ သူပါဝင်တာကို သိခဲ့ရတာကြောင့် ဒေဝတစ်ယောက် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
အဆိုပါ ဒေဝရဲ့ စာသားလေးကတော့ ”တောင်ကလေးဆရာတော်နဲ့ တွေ့ခွင့်ရပြီး ဘဝနဲ့ လက်ဝှေ့အကြောင်း ဆွေးနွေးလျှောက်ထားခွင့်ရတာ ဂုဏ်ယူစရာပါ။ ဆရာတော်က တောင်ကလေးလက်ဝှေ့ကလပ်ကို နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့တာ အခုအချိန်အထိပါ။ လက်ဝှေ့ဝါသနာကြီးတဲ့ ဆရာတော်ရဲ့ သဘောအကျဆုံးကစားသမားထဲမှာ ကျွန်တော်ပါတယ်လို့ သိခဲ့ရပါတယ်။ စောဒေဝဆိုတဲ့ နာမည်အသစ်ရလို့လည်း ကျွန်တော်အရမ်းဝမ်းသာပါတယ်။
Image may contain: 2 people, people standing and indoorImage may contain: 3 people, people sitting and table
Image may contain: 3 people, people sitting and table

0 comments:

Post a Comment