Thursday, September 12, 2019

တရားရုံးက ဦးဆောင်စေ့စပ် ဆွေးနွေးခြင်းစနစ် အောင်မြင်နေဟု တိုင်းတရားသူကြီးချုပ်ပြောကြား

Image may contain: sky and outdoor

စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေး ၌ တရားရုံးက ဦးဆောင်စေ့စပ် ဆွေးနွေးခြင်း (Court Lead Mediation) စနစ် အောင်မြင်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်း က ပြောကြားခဲ့သည် ။

တရားရုံးအချို့မှာ စမ်းသပ်ကျင့်သုံးနေပြီဖြစ်သော တရားရုံးက ဦးဆောင်စေ့စပ် ဆွေးနွေးခြင်း (Court Lead Mediation) ကိစ္စအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က မေးမြန်းသည့်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည် ။
"စမ်းသပ်နေတဲ့ ရုံးလေးရုံးရဲ့ ခြောက်လပတ်ကာလမှာ ဆန်းစစ်ချက်အရ ၂၅ ရာခိုင်နှုန်း အောင်မြင်တဲ့အတွက် Court Lead Mediation စနစ်က အောင်မြင်တယ်လို့ ယုံကြည်ပြီးဖြေကြားလိုပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်း က ပြောသည် ။
အဆိုပါစနစ်အား ဒက္ခိဏခရိုင်တရားရုံး၊ တပ်ကုန်းမြို့နယ် တရားရုံး၊ တောင်ငူခရိုင်တရားရုံး ၊ တောင်ငူမြို့နယ် တရားရုံး တို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က စတင်စမ်းသပ်လုပ်ကိုင်နေပြီး စမ်းသပ် ကာလ တစ်နှစ်သတ်မှတ်ထားကြောင်း သိရသည် ။

0 comments:

Post a Comment