Thursday, September 5, 2019

မွန်ပြည်နယ် ဘီးလင်းမြစ်ရေ မြင့်တက်လာ

Image may contain: text

မွန်ပြည်နယ် ဘီးလင်းမြစ်ရေသည် ယနေ့ နံနက်(၁၀:၃၀) အချိန် တိုင်းတာချက်အရ ၉၉၁ စင်တီမီတာ(စိုးရိမ်ရေအမှတ်အောက် တစ်ပေခန့်) တဖြေးဖြေး မြင့်တက်လာကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး မှ ထုတ်ပြန်ထားသည်။
ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၀၂၂ စင်တီမီတာ ဖြစ်ပါသည်။

ယနေ့ မိုးရေချိန် ၃.၅၈ လက်မ ဖြစ်ပါသည်။
သတိပေးချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
ရန်ကုန် မော်လမြိုင် အဝေးပြေးလမ်းမကြီး ဘီးလင်းလမ်းပိုင်းတွင် ယာဉ်များ သွားလာနိုင်ပါသည်။

0 comments:

Post a Comment