Thursday, September 5, 2019

KIA အဖွဲ့မှ ထောင်ထားသော နင်းမိုင်းများအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ

Image may contain: text
ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ဆိုင်ဖရာကျေးရွာနေ ဦးဆိုင်းနော်(ဘ)ဦးမရန်နော်သည် သြဂုတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကပ်မှော်ဇွပ်ကျေးရွာ အုပ်စုအတွင်းရှိ ကျောက်နီမှော်သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် ဆိုင်ဖရာကျေးရွာ၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကာမိုင်းမြို့၊ ကောင်ရာရပ်ကွက်နေ မောင်ဇုန်းချန်း(ဘ)ဦးခေါဇုန်းသည် လွယ်ဆိုင်းကျေးရွာအနီးရှိ ၎င်း၏ တောင်ယာတဲမှ စက်တင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ထင်းခွေရန် သွားရောက်ရာ ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက်၌ KIAအဖွဲ့မှထောင်ထားသော နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းထိလူနာနှစ်ဦးသည် မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment