Friday, September 6, 2019

တရုတ်နှင့်ဆက်ဆံလျှင် ကြွေးနွံထောင်ချောက်ကို သတိထားရန် ဆော်လမွန်ကျွန်းစုနိုင်ငံကို ထိုင်ဝမ်သတိပေး

Image may contain: sky, mountain, tree, house, outdoor and nature
တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးလမ်းဖွင့်နေတဲ့ ဆော်လမွန်ကျွန်းစုနိုင်ငံကို ကြွေးနွံထောင် ချောက်ထဲမနစ်စေဖို့ ထိုင်ဝမ်က စက်တင်ဘာ ၆ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့ ပစိဖိတ်နိုင်ငံတချို့ဟာ တရုတ်ဆီမှာ အကြွေးနွံ နစ်မှုတွေရှိနေတာကြောင့် ထိုင်ဝမ်က အခုလိုသတိပေးပြောကြားလိုက်တာလည်းဖြစ်ပါတယ်။
“ ပစိဖိတ်ဒေသတွင်း တရုတ်နိုင်ငံရဲ့ နယ်ချဲ့မှုမှာ နိုင်ငံအများစုဟာ ကြွေးနွံထောင်ချောက်ထဲ ကျရောက်ခဲ့ကြတယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အခြေအခံအဆောက်အုံ တည်ဆောက်ရေးကတိက၀တ် တွေဟာ နိုင်ငံတွင်း စီးပွားရေးစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း ထိပါးမှုရှိတယ်လို့ ၄င်းက ပြောပါတယ်။
ဆော်လမွန်ကျွန်းစုနိုင်ငံဟာ လက်ရှိအချိန်မှာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးကို ရပ်တန့်ပြီး တရုတ်နိုင်ငံနဲ့ သံတမန်လမ်းဖွင့်ဖို့ ကြိုးစားလျက်ရှိနေပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ရဲ့ နှစ်စဉ် ရန်ပုံငွေ ထောက်ပံ့ကူညီမှုတွေနေရာမှာ တရုတ်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုနဲ့ အစားထိုးဖို့ ဆော်လမွန်ကျွန်းစုနိုင်ငံက ခြေလှမ်းပြင်လျက်ရှိနေပါတယ်။

0 comments:

Post a Comment