Friday, September 6, 2019

ပညာရေးဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်မှု မပြုလျှင် သပိတ်ကို အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျောင်းသားများ သတိပေး


မန္တလေးတက္ကသိုလ်အတွင်းတွင် Food Court တည်ဆောက်မှုနှင့်ပတ်သက်ပြီး သပိတ်မှောက် ဆန္ဒပြနေသည့်ကျောင်းသား၊ကျောင်းသူများက စက်တင်ဘာလ ၆ ရက်၊နံနက် ၁၀နာရီက မန္တလေးတက္ကသိုလ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

"ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်မပေးဘူးဆိုရင် သပိတ်ကို အရှိန်မြှင့် လုပ်ဆောင်သွားပါမယ်။ဘယ်လို ဒီထက် အရှိန်မြှင့်လုပ်ဆောင်မယ်ဆိုတာတော့လောလောဆယ်ပြောလို့မရသေးပါဘူး"ဟုသတင်းစာရှင်းလင်းပွဲတွင်သပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုရန်စိုးပိုင်းကပြောသည်။
Food Court ကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် ၁/၂၀၁၇ကို ချိုးဖောက်၍ တင်ဒါခေါ်ယူခြင်းမရှိဘဲ ၂၀၁၈ခုနှစ် သြဂုတ်လအတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။စတင်တည်ဆောက်နေစဉ်ကပင် ကျောင်းသား ကျောင်းသူများက ကန့်နေသည့်ကြားမှ ဆက်လက်တည်ဆောက်ခဲ့ခြင်းကြောင့် ကျောင်းသား၊ကျောင်းသားများက စက်တင်ဘာ ၂ ရက်နေ့မှစတင် သပိတ်မှောက် ဆန္ဒပြခဲ့ကြရာ စက်တင်ဘာလ ၅ ရက်နေ့အထိ ညှိုနှိုင်းမှု အဆင်မပြောခြင်းကြောင့် ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်းသိရသည်။
သပိတ်မှောက်ကျောင်းသား၊ကျောင်းသူများသည် မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ၊ပညာရေး ဝန်ကြီးဌာန၏ဘက်လိုက်သောစုံစမ်းစစ်ဆေးမှုအားအယုံအကြည်မရှိ၊မှန်ကန်တရား မျှတသောစုံစမ်းစစ်ဆေးရေးဖွဲ့စည်းစစ်ဆေးအရေးယူပေး၊ကျောင်းတွင်းစီမံကိန်းများအားဆောင်ရွက်ရာတွင်ပွင့်လင်းမြင်သာစွာချပြရေး၊နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့်တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား စစ်ဆေးအရေးယူပေးရေး စသည့်တို့ကို ကြွေးကြော် တောင်းဆိုလျှက်ရှိသည်။
Image may contain: 2 people, people sitting, hat and outdoor
Image may contain: 9 people, hat and outdoor
Image may contain: 2 people

0 comments:

Post a Comment