
ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်ဘုရားကြီး ဒေါတ်တာအရှင်ဉာဏိဿရ၏ စီစဉ်မှုဖြင့် ကလေးမြို့ အောင်သစ္စာရပ်ကွက်ရှိ သီတဂူအာရောဂျ ဒါနဆေးရုံ တော်ကြီးတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြင့် သီတဂူသာသနာပြုအဖွဲ့က အောက်တိုဘာ (၃) ရက်မှ (၆)ရက်နေ့အထိ မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးသွားမည်ဖြစ်သည်။
အဆိုပါ မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ကုသပေးခြင်းသည် (၁၃)ကြိမ်မြောက် ကုသပေး ခြင်းဖြစ်ပြီး မျက်စိဒေနာရှင်များ လာရောက်ကုသမှု ခံယူလိုပါက လူနာလက်ခံရေးဌာနတွင် စက်တင်ဘာ(၂၅) ရက်မှစတင်ကာ နံနက်(၈)နာရီမှ (၁၁)နာရီအချိန်အတွင်းတွင် လည်းကောင်း ၊ မွန်းလွဲ(၁)နာရီမှ(၄)နာရီအတွင်း လာရောက်စာရင်းပေးနိုင်ကြောင်းသိရသည်။
သျှင်နေမင်း(ဂန့်ဂေါ)
0 comments:
Post a Comment