Tuesday, September 10, 2019

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာ- ဂျပန် ပွဲစဉ်မှထူးထူးခြားခြားမြင်းကွင်း(သို့)ဂျပန်တွေ ကျေးဇူးတင်ကြောင်းပြသခဲ့တဲ့ ဦးကျော်ဒင် (Chow Din)

Image may contain: 16 people, people smiling, text

ဂျပန်မှာ ဘောလုံးမျိုးစေ့ချပေးခဲ့တဲ့ ဦးကျော်ဒင်ကို ကျေးဇူးတင်ကြောင်းနဲ့ လေးစားသမှုပြသတဲ့အနေနဲ့ ဒီလို ရေးသားထားတဲ့ ဂျပန်လူမျိုးတွေ ဖြစ်ပါတယ်။

"ဂျပန်ဘောလုံး အားကစားကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦးကျော်ဒင်နဲ့ သူ့ရဲ့ မိခင်မြန်မာနိုင်ငံအား ကျေးဇူးတင်လျှက်ပါ။"
ဂျပန်တွေ ကျေးဇူးတင်ကြောင်းပြသခဲ့တဲ့ ဦးကျော်ဒင် (သို့) Chow Din
==============================================

ဦးကျော်ဒင် ၁၉၀၀ ပြည့်နှစ်ဖွား။
၂၉၂၀ တွင် ဂျပန်နိုင်ငံ တိုကျိုရှိ Tokyo Industrial Technology တက္ကသိုလ်မှာ စက်မှုပညာသင်ယူ။
ပညာသင်ယူရင်း တက္ကသိုလ်ဘောလုံးအသင်းများကို ဘောလုံးပညာသင်ပေးခဲ့။
သူနည်းပြသော အသင်းများ နိုင်ပွဲရခဲ့။
ဂျပန်နိုင်ငံ လက်ရွေးစင်အသင်းကိုလည်း နည်းပြခဲ့။
ဂျပန်နိုင်ငံတစ်နိုင်ငံလုံး ဘောလုံးနည်းပြပေးဖို့ တောင်းဆိုခြင်းခံခဲ့ရ။
သို့သော် ပညာသင်ကျောင်းသားဖြစ်နေခြင်းကြောင့် အချိန်မပေးနိုင်။
ဦးကျော်ဒင်သည် “ How to play association Football ” ဆိုသော စာအုပ်ကို အင်္ဂလိပ်လိုရေးကာ ဂျပန်နိုင်ငံမှာ ထုတ်ဝေခဲ့။
၁၉၂၄ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ဦးကျော်ဒင်တက်ရောက်နေသော တက္ကသိုလ်ကြီး ပြိုပျက်သွားကာ ပညာသင်ဘ၀ရပ်ဆိုင်းခဲ့။
ဒီတော့မှဂျပန်တစ်နိုင်ငံလုံး လှည့်လည်ကာ ဘောလုံးပညာသင်ပေးခွင့်ရ။
၁၉၂၅ ခန့်တွင် မြန်မာပြည်ပြန်ခဲ့။
အဲ့နောက်ပိုင်း သူနဲ့ယခုတိုင် အဆက်သွယ်ပြတ်တောက်ခဲ့တာဖြစ်ပြီး ယခုချိန်ထိလဲ ဂျပန်ဘောလုံးအဖွဲ့ချုပ်က သူ့ရဲ့မျိုးဆက်တွေကို စုံစမ်းဆဲလို့သိရပါတယ် ။
Image may contain: 7 people, people smiling, people standing
Image may contain: 1 person, closeup
Image may contain: 1 person, standing and outdoor
Image may contain: 11 people, outdoor
No photo description available.
Image may contain: 1 person, playing a sport, standing, shoes and outdoor
Image may contain: one or more people, people playing sports, people standing, people walking and outdoor
Image may contain: 1 person, text

0 comments:

Post a Comment