

ရွမ္းျပည္နယ္ေျမာက္ပုိင္း ေနာင္ခ်ဳိျမိဳ့အတြင္း ဆက္ေၾကးေကာက္ေနေသာ TNLA အဖြဲ႔ဝင္တစ္ဦးအား စက္တင္ဘာ ၁၇ရက္ေန႔တြင္ ဖမ္းဆီးလုိက္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္လုိက္သည္။
နယ္ေျမသတင္းအရ ေနာင္ခ်ဳိၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ဘန္႔ေဘြးေက်းရြာအနီး အျမင့္ကမၻာဆီဆုိင္ေနရာ၌ TNLA အဖြဲ႕မွ ဆက္ေၾကး ေကာက္ခံေနေၾကာင္း သိရသျဖင့္ စက္တင္ဘာ ၁၆ ရက္ နံနက္ ၈ နာရီခန္႔တြင္ သြားေရာက္၍ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ရာ TNLA အဖြဲ႕မွ ဟိုခိုေက်းရြာေန စိန္ေရႊ(ဘ)ဦးေသာင္းေထြးအား ဆက္ေၾကးေကာက္ခံသည့္ စာရြက္စာတမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
<<unicode>>
ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်အတွင်း ဆက်ကြေးကောက်နေသော TNLA အဖွဲ့ဝင်တစ်ဦးဖမ်းဆီးရမိ
Wednesday, September 18, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အတွင်း ဆက်ကြေးကောက်နေသော TNLA အဖွဲ့ဝင်တစ်ဦးအား စက်တင်ဘာ ၁၇ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။
နယ်မြေသတင်းအရ နောင်ချိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဘန့်ဘွေးကျေးရွာအနီး အမြင့်ကမ္ဘာဆီဆိုင်နေရာ၌ TNLA အဖွဲ့မှ ဆက်ကြေး ကောက်ခံနေကြောင်း သိရသဖြင့် စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် သွားရောက်၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ TNLA အဖွဲ့မှ ဟိုခိုကျေးရွာနေ စိန်ရွှေ(ဘ)ဦးသောင်းထွေးအား ဆက်ကြေးကောက်ခံသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။






0 comments:
Post a Comment