Wednesday, September 18, 2019

ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ဆက္သြယ္ေရးပစၥည္းမ်ား သိမ္းဆည္းရမိ


မႏၲေလးတိုင္းေဒသႀကီး ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ခ်မ္းေအးသာစံအေရွ႕ရပ္ကြက္ "ၾကယ္သုံးလုံး" စတိုးဆိုင္၌ ဆက္သြယ္ေရးပစၥည္းမ်ားအား လိုင္စင္မရွိဘဲ လက္ဝယ္ထားရွိေရာင္းခ်ေနေၾကာင္း သတင္းအရ ခ်မ္းေအးသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးဦးစီး ပူးေပါင္းအဖြဲ႕မွ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္ေန႔ ၁၈၃၅ အခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ ဆိုင္ရွင္ သြန္းထက္ဦး(ခ)ယုံခ်ိဳင္း(၂၆)ႏွစ္အား ေတြ႕ရွိၿပီး ဆိုင္အတြင္း မွ လက္ကိုင္စကားေျပာစက္ ၅၇ လုံး(Icom ၃၄၊ Kenwood ၁၆ ၊ HX 280 ၆ ၊ Yaesu ၁)၊ အထိုင္စကားေျပာစက္ ၅ လုံး(Yaesu FTM-10 မေကာင္း ၁၊ Kenwood ၃၊ Standard ၁)၊ Icom BC 137 အားသြင္းခြက္ ၃၈ လုံး၊ Lensatic Compass ၄၇ လုံး၊ Mavic 2 Pro ဒ႐ုန္းယာဥ္ ၁ စင္း၊ PZL-TM 88 လက္ကိုင္မိုင္းရွာစက္ ၁ ခု၊ ထိုင္စကားေျပာစက္တြင္ အသုံးျပဳသည့္ ႀကိဳး ၁ ေခြႏွင့္ ၿဂိဳလ္တုဖုန္းႀကိဳး ၁ ေခြတို႔အား သိမ္းဆည္းရမိခဲ့သျဖင့္ သြန္းထက္ဦး(ခ)ယုံခ်ိဳင္း(ဖမ္းမိ)အား ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္း (ပ)၆၅၅/၂၀၁၉၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ ျဖင့္လည္းေကာင္း၊ (ပ)၆၅၆/၂၀၁၉၊ ပို႔/သြင္းပုဒ္မ ၈ ျဖင့္လည္းေကာင္း အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

<<unicode>>
ချမ်းအေးသာစံမြို့နယ်တွင် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိ
Wednesday, September 18, 2019

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက် "ကြယ်သုံးလုံး" စတိုးဆိုင်၌ ဆက်သွယ်ရေးပစ္စည်းများအား လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိရောင်းချနေကြောင်း သတင်းအရ ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး ပူးပေါင်းအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ၁၈၃၅ အချိန်တွင် ဝင်ရောက်ရှာဖွေရာ ဆိုင်ရှင် သွန်းထက်ဦး(ခ)ယုံချိုင်း(၂၆)နှစ်အား တွေ့ရှိပြီး ဆိုင်အတွင်း မှ လက်ကိုင်စကားပြောစက် ၅၇ လုံး(Icom ၃၄၊ Kenwood ၁၆ ၊ HX 280 ၆ ၊ Yaesu ၁)၊ အထိုင်စကားပြောစက် ၅ လုံး(Yaesu FTM-10 မကောင်း ၁၊ Kenwood ၃၊ Standard ၁)၊ Icom BC 137 အားသွင်းခွက် ၃၈ လုံး၊ Lensatic Compass ၄၇ လုံး၊ Mavic 2 Pro ဒရုန်းယာဉ် ၁ စင်း၊ PZL-TM 88 လက်ကိုင်မိုင်းရှာစက် ၁ ခု၊ ထိုင်စကားပြောစက်တွင် အသုံးပြုသည့် ကြိုး ၁ ခွေနှင့် ဂြိုလ်တုဖုန်းကြိုး ၁ ခွေတို့အား သိမ်းဆည်းရမိခဲ့သဖြင့် သွန်းထက်ဦး(ခ)ယုံချိုင်း(ဖမ်းမိ)အား ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၆၅၅/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့်လည်းကောင်း၊ (ပ)၆၅၆/၂၀၁၉၊ ပို့/သွင်းပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment