Monday, November 4, 2019

AA လက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားသော NLD အမတ် တပ်မတော်နှင့် ပတ်သတ်မှုမရှိ၊၎င်းအမတ်အား ရှာဖွေကယ်ဆယ်ရန်အတွက် တပ်မတော် ဆောင်ရွက်

Image may contain: 1 person, closeup

AA လက်နက်ကိုင်သောင်းကျန်းသူများဖမ်းဆီးထားသည့် NLD ပါတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၁၁) အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် AA၏ သတင်းများကို တပ်မတော်ထံသတင်း ပေးပို့ခြင်းနှင့် တပ်မတော်နှင့် ပတ်သတ်ဆက်နွယ်မှုမရှိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောဆိုသည်။

နိုဝင်ဘာ(၃)ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) ဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံသား(၅)ဦး၊ စကားပြန်(၂)ဦးနှင့် စပိဘုတ်မောင်းနှင်သူ(၂)ဦး တို့ အား ပလက်ဝမှ ကျောက်တော်မြို့သို့ ထွက်ခွာလာစဉ် AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများထဲမှ ၈ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံသားတစ်ဦး အမောဖောက် သေဆုံးခဲ့သည်ဟု AA က ယနေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။
“သူတို့ခေါင်းဆောင်ကိုယ်တိုင်က ပြောပြီးသား သူတို့ဒီလိုမျိုးလုပ်နေတာသည် နိုင်ငံတော်ရဲ့အုပ် ချုပ်ရေးကိုထိပါးဖို့ ရယူဖို့ဖြစ်တယ်။ ဒါကြောင့်မလို့လည်း သူတို့နဲ့မတည့်တဲ့ ဆယ်အိမ်မှူး၊ရာအိမ် မှူးတွေ အုပ်ချုပ်ရေးမှူးတွေကို လိုက်သတ်နေတာ စစ်မှုထမ်းဟောင်းတွေကို လိုက်သတ်နေတာရှိ တယ်။ ခုနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်ပါ ပါလာတာဖြစ်တယ် ဒါနဲ့ပတ်သတ်ပြီး အဖွဲ့အ စည်းတွေရော အစိုးရ လွှတ်တော်ဘက်ကရော ပြတ်ပြတ်သားသားဆောင်ရွက်သင့်ပြီလို့ ကျွန်တော်မြင်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျောက်ဆုံးခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုဖြစ်ပြီး သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ ပူးပေါင်းဆောင်ရွက်မည်ဟု လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ယနေ့နံနက်ပိုင်းတွင် ပြောဆိုသည်။
<zawgyi>
AA လက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားသော NLD အမတ် တပ်မတော်နှင့် ပတ်သတ်မှုမရှိ၊၎င်းအမတ်အား ရှာဖွေကယ်ဆယ်ရန်အတွက် တပ်မတော် ဆောင်ရွက်
Monday , November 4 , 2019

AA လက်နက်ကိုင်သောင်းကျန်းသူများဖမ်းဆီးထားသည့် NLD ပါတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၁၁) အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် AA၏ သတင်းများကို တပ်မတော်ထံသတင်း ပေးပို့ခြင်းနှင့် တပ်မတော်နှင့် ပတ်သတ်ဆက်နွယ်မှုမရှိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောဆိုသည်။
နိုဝင်ဘာ(၃)ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) ဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံသား(၅)ဦး၊ စကားပြန်(၂)ဦးနှင့် စပိဘုတ်မောင်းနှင်သူ(၂)ဦး တို့ အား ပလက်ဝမှ ကျောက်တော်မြို့သို့ ထွက်ခွာလာစဉ် AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများထဲမှ ၈ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံသားတစ်ဦး အမောဖောက် သေဆုံးခဲ့သည်ဟု AA က ယနေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။
“သူတို့ခေါင်းဆောင်ကိုယ်တိုင်က ပြောပြီးသား သူတို့ဒီလိုမျိုးလုပ်နေတာသည် နိုင်ငံတော်ရဲ့အုပ် ချုပ်ရေးကိုထိပါးဖို့ ရယူဖို့ဖြစ်တယ်။ ဒါကြောင့်မလို့လည်း သူတို့နဲ့မတည့်တဲ့ ဆယ်အိမ်မှူး၊ရာအိမ် မှူးတွေ အုပ်ချုပ်ရေးမှူးတွေကို လိုက်သတ်နေတာ စစ်မှုထမ်းဟောင်းတွေကို လိုက်သတ်နေတာရှိ တယ်။ ခုနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်ပါ ပါလာတာဖြစ်တယ် ဒါနဲ့ပတ်သတ်ပြီး အဖွဲ့အ စည်းတွေရော အစိုးရ လွှတ်တော်ဘက်ကရော ပြတ်ပြတ်သားသားဆောင်ရွက်သင့်ပြီလို့ ကျွန်တော်မြင်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျောက်ဆုံးခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုဖြစ်ပြီး သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ ပူးပေါင်းဆောင်ရွက်မည်ဟု လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ယနေ့နံနက်ပိုင်းတွင် ပြောဆိုသည်။

0 comments:

Post a Comment