Monday, November 25, 2019

မော်လမြိုင်က သက်ငယ်မုဒိန်းကျူးလွန်တယ်ဆိုတဲ့မသင်္ကာတရားခံကို ဖမ်းမိ

Image may contain: 1 person

ပြည်နယ်/မော်လမြိုင်ခရိုင်/ဒိုင်းဝန်ကွင်းစခန်းက ရဲတပ်ဖွဲ့ရဲ့ကြိုးစားမှုလွှတ်တော်ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦး လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခိုင်ခိုင်လဲ့ နဲ့ပူးပေါင်းပါဝင်တဲ့ ပြည်သူတွေရဲ့ ကြိုးစားမှုကြောင့် ဖမ်းမိထားပါပြီ။

စစ်ဆေးနေဆဲပါ။ နောက်ဆက်တွဲကတော့ ဘာတွေဖြစ်မလဲ မပြောတတ်သေးဘူး။ တကယ် ဟုတ်/မဟုတ်ကတော့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုပေါ်ပဲ မူတည်မှာပါ။
ကနဦးသတင်း
=========
25.11.2019 ညနေ (5:15)လောက်က အသက် ၁၃ နှစ်လောက် ရှိတဲ့ ကောင်မလေးတယောက် မြေနီကုန်းရပ် စတိုင် တည်းခိုခန်းမှာ မြင်းဆေးတွေကျွေး အရက်တိုက်ပြီး မုဒိန်းကျင့်ပြီး ပစ်သွားတယ်လို့ ဒေသခံတွေဆီက သတင်းရပါတယ်။

ကောင်မလေးက တည်းခိုခန်းက ထွက်လာပြီး ထိုင်ငိုတယ်။အားပြတ်ပြီးမူးနေတယ်။ တွေ့တဲ့သူ အကူအညီတောင်းတယ်တဲ့။ ဒါပေမဲ့ ဘာမှန်းမသိ ညာမှန်းမသိ မကူညီရဲကြဘူးလေ။ နောက်ဆုံးအားပြတ်ပြီး နဝရတ်ရှေ့က တက္ကစီဂိတ်နားမှာလဲကျတယ်။ အဲဒီမှာ ကယ်ရီသမားတွေက ရာမညကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက် အကူအညီတောင်းတော့ ကောင်မ လေးကို ဆေးရုံပို့ပေးတယ်။ ဆေးရုံ ကတဆင့် ကနဦး စစ်ဆေးမှုတွေပြုလုပ်ပြီး ရဲကေ့ဖြစ်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြား၍ ဆောင်ရွက်ရန် ပြောဆိုသဖြင့် ရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ခဲ့ကြရပါသည်။
ကောင်မလေးကို မေးတော့ သူပြောပြတဲ့အတိုင်းက သူ့ကို တည်းခိုခန်း ခေါ်လာတယ်။ မြင်းဆေးတွေ တိုက်ပြီး မုဒိန်းကျင့်ပြီး ပစ်သွားတယ်ပြောတော့ ပြည်သူတွေက သက်ဆိုင်ရာကို အကြောင်းကြားရပြီးပေါ့။ဟုတ်တာ/မဟုတ်တာ စစ်ရမှာ ရဲ အလုပ်လေနော်။
လုပ်ဆောင်မှုတွေ
===========
နောက်ဆုံး ဒီသတင်းရတော့ လွှတ်တော်ဒုဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နဲ့
လူကယ်ပြန်က ဒေါက်တာ ရဲမြတ်ဦး လူမှုရေး အဖွဲ့အစည်းတွေမှ ကောင်မလေးကို ထားထားရတဲ့ မြေနီကုန်း အုပ်ချုပ်ရေးမှုးရုံး ကိုရောက် စစ်ဆေးမေးမြန်းကူညီပြီး ဆေးရုံပို့။

ကောင်မလေးက ရန်ကုန် လှိုင်သာယာက မြဝတီ။ မြဝတီကနေ မော်လမြိုင်ရောက်လာတာတဲ့။ ဘယ်လိုရောက်လာလဲ မေးမရသေး။ မုဒိန်းမှု မသင်္ကာ တရားခံကလည်း မြဝတီလိုင်းကား မောင်းတဲ့သူ ဖြစ်နေတော့ လူကုန်ကူး ရဲတပ်ဖွဲ့နဲ့
ဒေသခံရဲတပ်ဖွဲ့တွေ ရောက်ရှိစစ်ဆေးပြီး ဆေးရုံပို့ ဆေးစာယူနဲ့လုပ်ဆောင်ခဲ့ကြပါတယ်။

ဆေးရုံမှာ ကောင်မလေးကို စစ်နေကြတော့ စိတ်က သိပ်မူမမှန်သေး ဘာမှမေးမရ။ လူကုန်ကူးရဲတပ်ဖွဲ့က ရန်ကုန်နဲ့ ဆက်သွယ်စုံစမ်းခိုင်းတော့ သူ့မိသားစုနဲ့ အဆက်အသွယ်ရတယ်။ သူ့မိသားစုကို ခေါ်ချပြီးလောလောဆယ် ကောင်မလေးကို စောင့်ရှောက်ပေးထားတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက အိမ်ကပျောက်သွားလို့ လိုက်ရှာနေရတယ်လို့ သူ့မိခင်က ပြောတာပါပဲ။
အဲဒီနောက်ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ် တည်းခိုခန်းကို သွားစစ်တော့ ဖြစ်စဉ် မှန်တယ်။ ဒါပေမဲ့ ကောင်မလေးက ၁၈ နှစ်ပြည့်သလို အဖြေထွက်။ ပြည့်တာမပြည့်တာ သူ့မိဘနဲ့ ရဲတွေ ဆက်လုပ် စစ်ဆေးရမှာပေါ့။ကိုယ်တွေ အမြင်ကတော့ မပြည့်လောက်သေးဘူးထင်တယ်။ အားလုံးက သေးသေးလေးတွေကိုး။ဒါကတော့ ကိုယ်နဲ့မဆိုင်ပါဘူးလေ။ သူ့မိဘတွေ ရောက်လာရင်တော့အဖြေပေါ်မှာပေါ့လေ။
ခု မသင်္ကာတရားခံ မိထားပြီးလို့ သိရပါတယ်။ကျန်တာက ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးမယ်လို့ ယူဆရပါတယ်။
ဘယ်ဟာမှ အတည်ပြုလို့ မရသေးတဲ့ အချိန်မှာအဆိုးထဲက အကောင်းကတော့ အိမ်က ၁၀ ရက်လောက် ပျောက်နေတယ်ဆိုတဲ့ ကလေးမလေးကတော့ သူ့မိသားစုနဲ့ပြန်တွေ့ရတာ အမြတ်လို့ပဲ ယူဆတယ်။
အဖြစ်မှန်ပေါ်အောင် အလုပ်လုပ်ကြဖို့ပဲ လိုပါတယ်။သားသမီးချင်း ကိုယ်ချင်းစာပြီး အမှန်ကို အမှန်အတိုင်း ဆက်လက် ဖော်ထုတ်နိုင်ကြပါစေ။
CCTV တွေလဲ ကြည့်လို့ရမဲ့နေရာတွေက လိုက်ရှာကြည့်ထားတယ်။ရဲတွေကသာ လိုက်မကြည့်တာ။ ကိုယ်က စပ်စုတတ်တော့ လိုက်ရှာကြည့်တယ်။ ဝါသနာကိုး။တည်းခိုခန်းက ထွက်လာပြီး ကောင်မလေး ငုတ်တုတ်ထိုင်ငိုနေတာလဲ
တွေ့တယ်။ ကျန်တာတော့ မသိဘူး။
အမှန်ကို အမှန်အတိုင်းပဲ ရေးတတ်တယ်။
Image may contain: one or more people and indoor
Image may contain: one or more people and outdoor
Image may contain: one or more people, people standing, people walking, shoes and outdoor
Image may contain: one or more people, shorts and shoes
No photo description available.
Image may contain: screen
Image may contain: screen
Zin Moe
<zawgyi>
မော်လမြိုင်က သက်ငယ်မုဒိန်းကျူးလွန်တယ်ဆိုတဲ့မသင်္ကာတရားခံကို ဖမ်းမိ
Tuesday,November 26, 2019

ပြည်နယ်/မော်လမြိုင်ခရိုင်/ဒိုင်းဝန်ကွင်းစခန်းက ရဲတပ်ဖွဲ့ရဲ့ကြိုးစားမှုလွှတ်တော်ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦး
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ နဲ့ပူးပေါင်းပါဝင်တဲ့ ပြည်သူတွေရဲ့ ကြိုးစားမှုကြောင့် ဖမ်းမိထားပါပြီ။

စစ်ဆေးနေဆဲပါ။ နောက်ဆက်တွဲကတော့ ဘာတွေဖြစ်မလဲ မပြောတတ်သေးဘူး။ တကယ် ဟုတ်/မဟုတ်ကတော့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုပေါ်ပဲ မူတည်မှာပါ။
ကနဦးသတင်း
=========
25.11.2019 ညနေ (5:15)လောက်က အသက် ၁၃ နှစ်လောက် ရှိတဲ့ ကောင်မလေးတယောက် မြေနီကုန်းရပ် စတိုင် တည်းခိုခန်းမှာ မြင်းဆေးတွေကျွေး အရက်တိုက်ပြီး မုဒိန်းကျင့်ပြီး ပစ်သွားတယ်လို့ ဒေသခံတွေဆီက သတင်းရပါတယ်။

ကောင်မလေးက တည်းခိုခန်းက ထွက်လာပြီး ထိုင်ငိုတယ်။အားပြတ်ပြီးမူးနေတယ်။ တွေ့တဲ့သူ အကူအညီတောင်းတယ်တဲ့။ ဒါပေမဲ့ ဘာမှန်းမသိ ညာမှန်းမသိ မကူညီရဲကြဘူးလေ။ နောက်ဆုံးအားပြတ်ပြီး နဝရတ်ရှေ့က တက္ကစီဂိတ်နားမှာလဲကျတယ်။ အဲဒီမှာ ကယ်ရီသမားတွေက ရာမညကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက် အကူအညီတောင်းတော့ ကောင်မ လေးကို ဆေးရုံပို့ပေးတယ်။ ဆေးရုံ ကတဆင့် ကနဦး စစ်ဆေးမှုတွေပြုလုပ်ပြီး ရဲကေ့ဖြစ်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြား၍ ဆောင်ရွက်ရန် ပြောဆိုသဖြင့် ရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ခဲ့ကြရပါသည်။
ကောင်မလေးကို မေးတော့ သူပြောပြတဲ့အတိုင်းက သူ့ကို တည်းခိုခန်း ခေါ်လာတယ်။ မြင်းဆေးတွေ တိုက်ပြီး မုဒိန်းကျင့်ပြီး ပစ်သွားတယ်ပြောတော့ ပြည်သူတွေက သက်ဆိုင်ရာကို အကြောင်းကြားရပြီးပေါ့။ဟုတ်တာ/မဟုတ်တာ စစ်ရမှာ ရဲ အလုပ်လေနော်။
လုပ်ဆောင်မှုတွေ
===========
နောက်ဆုံး ဒီသတင်းရတော့ လွှတ်တော်ဒုဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နဲ့
လူကယ်ပြန်က ဒေါက်တာ ရဲမြတ်ဦး လူမှုရေး အဖွဲ့အစည်းတွေမှ ကောင်မလေးကို ထားထားရတဲ့ မြေနီကုန်း အုပ်ချုပ်ရေးမှုးရုံး ကိုရောက် စစ်ဆေးမေးမြန်းကူညီပြီး ဆေးရုံပို့။

ကောင်မလေးက ရန်ကုန် လှိုင်သာယာက မြဝတီ။ မြဝတီကနေ မော်လမြိုင်ရောက်လာတာတဲ့။ ဘယ်လိုရောက်လာလဲ မေးမရသေး။ မုဒိန်းမှု မသင်္ကာ တရားခံကလည်း မြဝတီလိုင်းကား မောင်းတဲ့သူ ဖြစ်နေတော့ လူကုန်ကူး ရဲတပ်ဖွဲ့နဲ့
ဒေသခံရဲတပ်ဖွဲ့တွေ ရောက်ရှိစစ်ဆေးပြီး ဆေးရုံပို့ ဆေးစာယူနဲ့လုပ်ဆောင်ခဲ့ကြပါတယ်။

ဆေးရုံမှာ ကောင်မလေးကို စစ်နေကြတော့ စိတ်က သိပ်မူမမှန်သေး ဘာမှမေးမရ။ လူကုန်ကူးရဲတပ်ဖွဲ့က ရန်ကုန်နဲ့ ဆက်သွယ်စုံစမ်းခိုင်းတော့ သူ့မိသားစုနဲ့ အဆက်အသွယ်ရတယ်။ သူ့မိသားစုကို ခေါ်ချပြီးလောလောဆယ် ကောင်မလေးကို စောင့်ရှောက်ပေးထားတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက အိမ်ကပျောက်သွားလို့ လိုက်ရှာနေရတယ်လို့ သူ့မိခင်က ပြောတာပါပဲ။
အဲဒီနောက်ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ် တည်းခိုခန်းကို သွားစစ်တော့ ဖြစ်စဉ် မှန်တယ်။ ဒါပေမဲ့ ကောင်မလေးက ၁၈ နှစ်ပြည့်သလို အဖြေထွက်။ ပြည့်တာမပြည့်တာ သူ့မိဘနဲ့ ရဲတွေ ဆက်လုပ် စစ်ဆေးရမှာပေါ့။ကိုယ်တွေ အမြင်ကတော့ မပြည့်လောက်သေးဘူးထင်တယ်။ အားလုံးက သေးသေးလေးတွေကိုး။ဒါကတော့ ကိုယ်နဲ့မဆိုင်ပါဘူးလေ။ သူ့မိဘတွေ ရောက်လာရင်တော့အဖြေပေါ်မှာပေါ့လေ။
ခု မသင်္ကာတရားခံ မိထားပြီးလို့ သိရပါတယ်။ကျန်တာက ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးမယ်လို့ ယူဆရပါတယ်။
ဘယ်ဟာမှ အတည်ပြုလို့ မရသေးတဲ့ အချိန်မှာအဆိုးထဲက အကောင်းကတော့ အိမ်က ၁၀ ရက်လောက် ပျောက်နေတယ်ဆိုတဲ့ ကလေးမလေးကတော့ သူ့မိသားစုနဲ့ပြန်တွေ့ရတာ အမြတ်လို့ပဲ ယူဆတယ်။
အဖြစ်မှန်ပေါ်အောင် အလုပ်လုပ်ကြဖို့ပဲ လိုပါတယ်။သားသမီးချင်း ကိုယ်ချင်းစာပြီး အမှန်ကို အမှန်အတိုင်း ဆက်လက် ဖော်ထုတ်နိုင်ကြပါစေ။
CCTV တွေလဲ ကြည့်လို့ရမဲ့နေရာတွေက လိုက်ရှာကြည့်ထားတယ်။ရဲတွေကသာ လိုက်မကြည့်တာ။ ကိုယ်က စပ်စုတတ်တော့ လိုက်ရှာကြည့်တယ်။ ဝါသနာကိုး။တည်းခိုခန်းက ထွက်လာပြီး ကောင်မလေး ငုတ်တုတ်ထိုင်ငိုနေတာလဲ
တွေ့တယ်။ ကျန်တာတော့ မသိဘူး။

အမှန်ကို အမှန်အတိုင်းပဲ ရေးတတ်တယ်။
Zin Moe

0 comments:

Post a Comment