Monday, November 25, 2019

ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သားဖြစ်သူ အမှုမှ လွတ်မြောက်

Image may contain: 6 people, people smiling, cameraImage may contain: 3 people, people smiling

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ရုံးချိန်းတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သားဖြစ်သူကို ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုထားမှုတွင် ပထုန်တေးအုတ်ခ်ရှင်နာဝပ်ထရာအား စွဲဆိုထားသည့် ငွေကြေးခဝါချမှု၊ ငွေကြေးအလွှဲသုံးစားမှုများနှင့် ပတ်သက်၍ လုံလောက်သည့် သက်သေအထောက်အထား မရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သားဖြစ်သူ ပထုန်အား ခရပ်ထိုင်းဘဏ်မှ ချေးငွေရယူသည့်ကိစ္စတွင် ဘတ် (၁၀)သန်း ချက်လက်မှတ် လက်ခံရယူမှုနှင့်ပတ်သက်ပြီး ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်သည်ဟု တရားစွဲဆိုထားခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သားဖြစ်သူ အသက် (၄၁)နှစ်အရွယ် ပထုန်ကို ထိုင်းနိုင်ငံတွင် သက်ဆင်၏ နိုင်ငံရေးသြဇာကို ဆက်ခံမည့်သူဟု ခန့်မှန်းထားကြခြင်းဖြစ်သည်။
<<Zawgyi>>
ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သားဖြစ်သူ အမှုမှ လွတ်မြောက်
Monday,November 25, 2019

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ရုံးချိန်းတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သားဖြစ်သူကို ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုထားမှုတွင် ပထုန်တေးအုတ်ခ်ရှင်နာဝပ်ထရာအား စွဲဆိုထားသည့် ငွေကြေးခဝါချမှု၊ ငွေကြေးအလွှဲသုံးစားမှုများနှင့် ပတ်သက်၍ လုံလောက်သည့် သက်သေအထောက်အထား မရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သားဖြစ်သူ ပထုန်အား ခရပ်ထိုင်းဘဏ်မှ ချေးငွေရယူသည့်ကိစ္စတွင် ဘတ် (၁၀)သန်း ချက်လက်မှတ် လက်ခံရယူမှုနှင့်ပတ်သက်ပြီး ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်သည်ဟု တရားစွဲဆိုထားခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သားဖြစ်သူ အသက် (၄၁)နှစ်အရွယ် ပထုန်ကို ထိုင်းနိုင်ငံတွင် သက်ဆင်၏ နိုင်ငံရေးသြဇာကို ဆက်ခံမည့်သူဟု ခန့်မှန်းထားကြခြင်းဖြစ်သည်။

0 comments:

Post a Comment