Monday, November 25, 2019

စွမ်းဇာနည်ကိုယ်တိုင်လာရောက်တောင်းပန်ခဲ့၍ လျော်ကြေးသိန်း(၃၀၀)ဖြင့် ညှိုနှိုင်းမှုပြေလည်ခဲ့

Image may contain: 6 people, people standing

၂၀၁၉ ခုနှစ် နိုဝင်ဘာလ၂၅ရက်နေ့ နံနက်ပိုင်းတွင် ဇာတ်ပွဲမှာ လာရောက်ဖျော်ဖြေနိုင်ခြင်းမရှိသော ကိစ္စနှင့်ပတ်သက်၍ စွမ်းဇာနည်ကိုယ်တိုင် လာရောက်တောင်းပန်ခဲ့ပြီး လျော်ကြေးငွေ သိန်း(၃၀၀)ကျပ်နဲ့ ညှိုနှိုင်းမှုပြေလည်ခဲ့တယ်လို့ဇာတ်ပွဲဖြစ်မြောက်ရေးကော်မတီကသိရသည်။စွမ်းဇာနည်နှင့်အတူ သူ့ဆရာဝန်နှင့် မန္တလေးတိုင်းဇာတ်သဘင်အသင်းကအတွင်းရေးမှုးလည်းပါလာကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမရပူရမြို့နယ် နန်းတော်ရာစံပြရပ်ကွက်အတွင်းက ဇာတ်ပွဲမှာ ကပြဖျော်ဖြေဖို့ပွဲငှားထားပေမယ့် မကပြနိုင်ခဲ့တဲ့အတွက် နိုဝင်ဘာလ၁၀ရက်နေ့က ၁၄ရက်အတွင်း စွမ်းဇာနည်ကိုယ်တိုင် သိန်း(၅၀၀)နဲ့ လာရောက်ဖြေရှင်းဖို့စာချုပ်ချုပ်ပြီးသတိ ပေးထားတာဖြစ်သည်။
အဆိုပါ ဇာတ်ပွဲမှာ ခေါင်းဆောင်မင်းသားမလာနိုင်တာကြောင့် ပွဲပျက်ခဲ့ပြီး ကား၃စီးနဲ့ ဇာတ်ပစ္စည်းတွေက ဇာတ်ပွဲဖြစ်မြောက်ရေးကော်မတီမှ ထိန်းသိမ်းထားပြီး လက်ရှိမှာ ပြေလည်သွားပြီဖြစ်တာကြောင့် လျော်ကြေးငွေပေးပြီးပစ္စည်းတွေပြန်ယူနိုင်ပြီဖြစ်ကြောင်းနှင့် လျော်ကြေးငွေပေးဖို့ရက်ကိုတော့ သတ်မှတ်ထားခြင်းမရှိပဲ အဆင်ပြေတဲ့ရက်ကို လာပေးနိုင်တယ်လို့ပြောကြားထားသည်။
စွမ်းဇာနည်ဦးဆောင်တဲ့ စွမ်းသဘင်ဇာတ်ပွဲပျက်ခဲ့တာကြောင် ဟန်ဇာမိုးဝင်းဇာတ်ကို အစားထိုးငှားရမ်းထားပြီး လပြည်ကျော် (၂)ရက်(၃)ရက်နေ့တွေမှာ ရုံဝင်ကြေးအခမဲ့နဲ့ ကျင်းပခဲ့ရကြောင်း သိရှိရပါသည်။
<<Zawgyi>>
စွမ်းဇာနည်ကိုယ်တိုင်လာရောက်တောင်းပန်ခဲ့၍ လျော်ကြေးသိန်း(၃၀၀)ဖြင့် ညှိုနှိုင်းမှုပြေလည်ခဲ့
Monday,November 25, 2019

၂၀၁၉ ခုနှစ် နိုဝင်ဘာလ၂၅ရက်နေ့ နံနက်ပိုင်းတွင် ဇာတ်ပွဲမှာ လာရောက်ဖျော်ဖြေနိုင်ခြင်းမရှိသော ကိစ္စနှင့်ပတ်သက်၍ စွမ်းဇာနည်ကိုယ်တိုင် လာရောက်တောင်းပန်ခဲ့ပြီး လျော်ကြေးငွေ သိန်း(၃၀၀)ကျပ်နဲ့ ညှိုနှိုင်းမှုပြေလည်ခဲ့တယ်လို့ဇာတ်ပွဲဖြစ်မြောက်ရေးကော်မတီကသိရသည်။စွမ်းဇာနည်နှင့်အတူ သူ့ဆရာဝန်နှင့် မန္တလေးတိုင်းဇာတ်သဘင်အသင်းကအတွင်းရေးမှုးလည်းပါလာကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမရပူရမြို့နယ် နန်းတော်ရာစံပြရပ်ကွက်အတွင်းက ဇာတ်ပွဲမှာ ကပြဖျော်ဖြေဖို့ပွဲငှားထားပေမယ့် မကပြနိုင်ခဲ့တဲ့အတွက် နိုဝင်ဘာလ၁၀ရက်နေ့က ၁၄ရက်အတွင်း စွမ်းဇာနည်ကိုယ်တိုင် သိန်း(၅၀၀)နဲ့ လာရောက်ဖြေရှင်းဖို့စာချုပ်ချုပ်ပြီးသတိ ပေးထားတာဖြစ်သည်။
အဆိုပါ ဇာတ်ပွဲမှာ ခေါင်းဆောင်မင်းသားမလာနိုင်တာကြောင့် ပွဲပျက်ခဲ့ပြီး ကား၃စီးနဲ့ ဇာတ်ပစ္စည်းတွေက ဇာတ်ပွဲဖြစ်မြောက်ရေးကော်မတီမှ ထိန်းသိမ်းထားပြီး လက်ရှိမှာ ပြေလည်သွားပြီဖြစ်တာကြောင့် လျော်ကြေးငွေပေးပြီးပစ္စည်းတွေပြန်ယူနိုင်ပြီဖြစ်ကြောင်းနှင့် လျော်ကြေးငွေပေးဖို့ရက်ကိုတော့ သတ်မှတ်ထားခြင်းမရှိပဲ အဆင်ပြေတဲ့ရက်ကို လာပေးနိုင်တယ်လို့ပြောကြားထားသည်။
စွမ်းဇာနည်ဦးဆောင်တဲ့ စွမ်းသဘင်ဇာတ်ပွဲပျက်ခဲ့တာကြောင် ဟန်ဇာမိုးဝင်းဇာတ်ကို အစားထိုးငှားရမ်းထားပြီး လပြည်ကျော် (၂)ရက်(၃)ရက်နေ့တွေမှာ ရုံဝင်ကြေးအခမဲ့နဲ့ ကျင်းပခဲ့ရကြောင်း သိရှိရပါသည်။
#Myanmar_Online_News #စွမ်းဇာနည်

0 comments:

Post a Comment