Friday, November 29, 2019

ဆွီဒင်က အီဘရာဟီမိုဗစ် ရဲ့ ရုပ်တုကို မယ်မိုအသင်းပရိသတ်များ မီးရှို့


ဇလာတန်အီဘရာဟီမိုဗစ် ဟာ အယ်အေဂလက်စီအသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက်မှာတော့ အသင်းပေါင်းစုံနဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မွေးရပ်မြေ ဆွီဒင်ကိုပဲ ပြန်သွားကစားဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒီအတွက် အားလုံး က မယ်မို အသင်း ဖြစ်မယ်လို့ ထင်ထားခဲ့ကြတာပါ ။ အီဘရာဟီမိုဗစ် ပြောင်းသွားတဲ့ အသင်းကတော့ ငယ်ဘဝ ကလပ်အသင်းဖြစ်တဲ့အပြင် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ စတင်ရာ မယ်မိုအသင်းတော့ မဟုတ်ခဲ့ပါဘူး ။ မယ်မိုအသင်းရဲ့ ခါးသီး ပြိုင်ဘက်ဖြစ်တဲ့ ဟမ်မာဘီ အသင်းဖြစ်နေခဲ့တာပါ ။
ဒါ့အပြင် မိုဗစ်က ဟမ်မာဘီအသင်းရဲ့ ရှယ်ယာ 50 ရာခိုင်နှုန်း ကိုလည်း ဝယ်ယူခဲ့ပြီး ကစားသမား ပူးတွဲပိုင်ရှင် အဖြစ် ခံယူခဲ့တာပါ ။
ဒီအတွက် မယ်မို ပရိတ်သတ်တွေကတော့ အတော်လေးကို ဆိုးရွားစွာ တုန့်ပြန်ခဲ့ကြတာပါ ။ ဒါကတော့ မယ်မို အသင်းက ဦးစီးပြီး ဆွီဒင်မှာတည်ဆောက်ခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ် ရုပ်တုကို မယ်မိုအသင်း ပရိတ်သတ်တွေက ပြန်ပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ် ။ မိုဗစ်ရဲ့ ရုပ်တုဟာ 2019 ခုနှစ် အောက်တိုဘာလ ထဲမှာ တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယခု နိုဝင်ဘာလထဲမှာပဲ မီးရှို့ဖျက်စီးခံလိုက်ရပါပြီ ။
ဒီအတွက် ဘယ်သူမှားပြီး ဘယ်သူမှန်သလဲ ။ မီးရှုံခဲ့တဲ့ ပရိတ်သတ်တွေ မှန်သလား ။ ပြိုင်ဘက်အသင်းကို ပြောင်းသွားခဲ့တဲ့ မိုဗစ်ပဲမှန်သလား ။ချစ်ခြင်းမေတ္တာတွေနဲ့ ပြုလုပ်ပေးခဲ့တဲ့ မိုဗစ်ရုပ်တုကတော့ အမုန်းတရားတွေအောက်မှာမီးသင့်ခဲ့ရပါပြီ ။
Image may contain: 1 person, outdoor
<zawgyi>
ဆွီဒင်က အီဘရာဟီမိုဗစ် ရဲ့ ရုပ်တုကို မယ်မိုအသင်းပရိသတ်များ မီးရှို့
Friday,November 29 ,2019

ဇလာတန်အီဘရာဟီမိုဗစ် ဟာ အယ်အေဂလက်စီအသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက်မှာတော့ အသင်းပေါင်းစုံနဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မွေးရပ်မြေ ဆွီဒင်ကိုပဲ ပြန်သွား ကစားဖို့ ရွေးချယ်ခဲ့ပါတယ် ။
ဒီအတွက် အားလုံး က မယ်မို အသင်း ဖြစ်မယ်လို့ ထင်ထားခဲ့ကြတာပါ ။ အီဘရာဟီမိုဗစ် ပြောင်းသွားတဲ့ အသင်းကတော့ ငယ်ဘဝ ကလပ်အသင်းဖြစ်တဲ့အပြင် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ စတင်ရာ မယ်မိုအသင်းတော့ မဟုတ်ခဲ့ပါဘူး ။ မယ်မိုအသင်းရဲ့ ခါးသီး ပြိုင်ဘက်ဖြစ်တဲ့ ဟမ်မာဘီ အသင်းဖြစ်နေခဲ့တာပါ ။
ဒါ့အပြင် မိုဗစ်က ဟမ်မာဘီအသင်းရဲ့ ရှယ်ယာ 50 ရာခိုင်နှုန်း ကိုလည်း ဝယ်ယူခဲ့ပြီး ကစားသမား ပူးတွဲပိုင်ရှင် အဖြစ် ခံယူခဲ့တာပါ ။
ဒီအတွက် မယ်မို ပရိတ်သတ်တွေကတော့ အတော်လေးကို ဆိုးရွားစွာ တုန့်ပြန်ခဲ့ကြတာပါ ။ ဒါကတော့ မယ်မို အသင်းက ဦးစီးပြီး ဆွီဒင်မှာတည်ဆောက်ခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ် ရုပ်တုကို မယ်မိုအသင်း ပရိတ်သတ်တွေက ပြန်ပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ် ။ မိုဗစ်ရဲ့ ရုပ်တုဟာ 2019 ခုနှစ် အောက်တိုဘာလ ထဲမှာ တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယခု နိုဝင်ဘာလထဲမှာပဲ မီးရှို့ဖျက်စီးခံလိုက်ရပါပြီ ။
ဒီအတွက် ဘယ်သူမှားပြီး ဘယ်သူမှန်သလဲ ။ မီးရှုံခဲ့တဲ့ ပရိတ်သတ်တွေ မှန်သလား ။ ပြိုင်ဘက်အသင်းကို ပြောင်းသွားခဲ့တဲ့ မိုဗစ်ပဲ မှန်သလား ။ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုလုပ်ပေးခဲ့တဲ့ မိုဗစ်ရုပ်တုကတော့ အမုန်းတရားတွေအောက်မှာ မီးသင့်ခဲ့ရပါပြီ ။

0 comments:

Post a Comment