Monday, November 25, 2019

AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့မှ ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးရန် ဆောက်လုပ်ရေးဒုဝန်ကြီး တောင်းဆို

Image may contain: 1 person, sitting and eyeglasses

AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့မှ ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေးအတွင် ကြိုးစားဆောင်ရွက်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကတောင်းဆိုလိုက်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ဝန်ကြီးဌာနက ဝန်ထမ်းတွေအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သူတို့ကို အဲဒီကတာဝန်ပြီးရင် မင်းတို့ကြိုက်တဲ့နေရာကို ပြောင်းပေးမယ်လို့ပြောပြီး တာဝန်ပေးထားရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေထဲက ၂ ယောက်ကတော့ အခုထိလည်းပြန်မလွတ်သေးပါဘူး။ တာဝန်ထမ်းဆောင်နေရင်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ကြရပါတယ်။ အဲဒီဝန်ထမ်းနှစ်ယောက်ပြန်လည်လွတ်မြောက်ဖို့ တာဝန်ရှိသူများအနေနဲ့ဝိုင်းဝန်းကြိုးပမ်းပေးပါလို့ ပြောကြားလိုပါတယ်။”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ကျွမ်းကျင်လုပ်သား ကိုတင်မင်းထိုက်နှင့် တံတားအင်ဂျင်နီယာ ကိုကျော်ဇင်ထွန်းတို့ဖြစ်ပြီး၊ကိုတင်မင်းထိုက်မှာ ပြီးခဲ့သည့် စက်တင်ဘာလက ရသေ့တောင်မြို့နယ်၌ ကျောက်ချောလမ်းခင်းနေစဉ် လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ကိုကျော်ဇင်ထွန်းမှာ ရွှေနဒီအမြန်ရေယာဉ်ဖမ်းဆီးခံရမှုတွင်ပါဝင်သူဖြစ်ကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် အရပ်သားများအပြင် ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားပြီးယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။
<zawgyi>
AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့မှ ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးရန် ဆောက်လုပ်ရေးဒုဝန်ကြီး တောင်းဆို
Tuesday,November 26, 2019

AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့မှ ဖမ်းဆီးထားသော တံတားအင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သားတို့လွတ်မြောက်ရေးအတွင် ကြိုးစားဆောင်ရွက်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကတောင်းဆိုလိုက်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ဝန်ကြီးဌာနက ဝန်ထမ်းတွေအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သူတို့ကို အဲဒီကတာဝန်ပြီးရင် မင်းတို့ကြိုက်တဲ့နေရာကို ပြောင်းပေးမယ်လို့ပြောပြီး တာဝန်ပေးထားရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေထဲက ၂ ယောက်ကတော့ အခုထိလည်းပြန်မလွတ်သေးပါဘူး။ တာဝန်ထမ်းဆောင်နေရင်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ကြရပါတယ်။ အဲဒီဝန်ထမ်းနှစ်ယောက်ပြန်လည်လွတ်မြောက်ဖို့ တာဝန်ရှိသူများအနေနဲ့ဝိုင်းဝန်းကြိုးပမ်းပေးပါလို့ ပြောကြားလိုပါတယ်။”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ကျွမ်းကျင်လုပ်သား ကိုတင်မင်းထိုက်နှင့် တံတားအင်ဂျင်နီယာ ကိုကျော်ဇင်ထွန်းတို့ဖြစ်ပြီး၊ကိုတင်မင်းထိုက်မှာ ပြီးခဲ့သည့် စက်တင်ဘာလက ရသေ့တောင်မြို့နယ်၌ ကျောက်ချောလမ်းခင်းနေစဉ် လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ကိုကျော်ဇင်ထွန်းမှာ ရွှေနဒီအမြန်ရေယာဉ်ဖမ်းဆီးခံရမှုတွင်ပါဝင်သူဖြစ်ကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် အရပ်သားများအပြင် ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားပြီးယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။

0 comments:

Post a Comment