Tuesday, November 26, 2019

ကချင်ပြည်နယ်နေ့ နှင့် အောင်လအန်ဆန်းအား ဂုဏ်ပြုသောအားဖြင့် Boxing ပြိုင်ပွဲ ကျင်းပမည်

Image may contain: 1 person, closeup

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်နှင့် ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်းအား ဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ် Boxing ပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီ ၄ရက်မှ ၁၀ ရက်နေ့အထိ မနောကွင်းအတွင်း ကျင်းပရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံလက်ဝှေ့ကလပ်များ အသင်း(ဗဟို)မှ သိရှိရသည်။

“အောင်လအန်ဆန်းကိုတော့ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ပွဲကျင်းပဖို့အတွက်ကတော့ မနောပွဲ ဖြစ်မြောက်ရေးအဖွဲ့ကတော့ သူ(အောင်လအန်ဆန်း) တက်ရောက်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်” ဟု မြန်မာနိုင်ငံ လက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ အတွင်းရေးမှူး ကိုဘုန်းပြည့်စုံက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြိုင်ပွဲတွင် ကနဦးအနေဖြင့် ၁၂သင်းကို ဖိတ်ခေါ်ထားပြီး တစ်သင်းလျှင် ၁၀ဦးနှုန်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသော်လည်း ပါဝင်လိုသည့်ကလပ်အသင်းများအနေဖြင့် မြန်မာနိုင်ငံလက်ဝှေ့ကလပ်များ အသင်း (ဗဟို)ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
ပြိုင်ပွဲကျင်းပရာတွင် ဝိတ်တန်းအဖြစ် အငယ်တန်းခြောက်တန်း၊ အလွတ်တန်းကိုးတန်း သတ်မှတ် ထားပြီး ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

<<zawgyi>>
ကချင်ပြည်နယ်နေ့ နှင့် အောင်လအန်ဆန်းအား ဂုဏ်ပြုသောအားဖြင့် Boxing ပြိုင်ပွဲ ကျင်းပမည်
Tuesday,November 26, 2019

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်နှင့် ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်းအား ဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ် Boxing ပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီ ၄ရက်မှ ၁၀ ရက်နေ့အထိ မနောကွင်းအတွင်း ကျင်းပရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံလက်ဝှေ့ကလပ်များ အသင်း(ဗဟို)မှ သိရှိရသည်။
“အောင်လအန်ဆန်းကိုတော့ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ပွဲကျင်းပဖို့အတွက်ကတော့ မနောပွဲ ဖြစ်မြောက်ရေးအဖွဲ့ကတော့ သူ(အောင်လအန်ဆန်း) တက်ရောက်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်” ဟု မြန်မာနိုင်ငံ လက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ အတွင်းရေးမှူး ကိုဘုန်းပြည့်စုံက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြိုင်ပွဲတွင် ကနဦးအနေဖြင့် ၁၂သင်းကို ဖိတ်ခေါ်ထားပြီး တစ်သင်းလျှင် ၁၀ဦးနှုန်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသော်လည်း ပါဝင်လိုသည့်ကလပ်အသင်းများအနေဖြင့် မြန်မာနိုင်ငံလက်ဝှေ့ကလပ်များ အသင်း (ဗဟို)ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
ပြိုင်ပွဲကျင်းပရာတွင် ဝိတ်တန်းအဖြစ် အငယ်တန်းခြောက်တန်း၊ အလွတ်တန်းကိုးတန်း သတ်မှတ် ထားပြီး ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment