Monday, November 25, 2019

အထက်ရဲရွာ ရေကာတာတည်ဆောက်မှုလာရောက်ညှိနှိုင်းသော လျှပ်စစ်ဝန်ကြီးကို သီပေါမြို့နယ် ဒေသခံများမှ ဆန္ဒပြ ကာ ရွာထဲသို့ဝင်မခံခဲ့


၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း နမ္မတူမြစ်ပေါ် တွင်တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာကြောင့် ပြောင်းရွှေ့ခံရမည့် တာလုံကျေးရွာ ဒေသခံ ၃၀၀ကျော်တို့သည် “ ရေကာတာ တည်ဆောက်မှု အလိုမရှိ” “ အထက်ရဲရွာ ရေကာတာ တည်ဆောက်မှု ရပ်တန့်ပေး” ဆိုသည့် သျှမ်းဘာသာဖြင့်ဆိုင်းဘုတ်ကိုယ်စီကိုင်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အဆိုပါဒေသသို့ နိုဝင်ဘာလ ၂၄ ရက်နေ့က ရေကာတာတည်ဆောက်ရေး နှင့် စပ်လျဉ်းပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ နှင့် အဖွဲ့သားများက ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်စဉ်တွင် ဒေသခံများက ကျေးရွာအတွင်း အဝင်မခံခဲ့ကြောင်းလည်း သိရသည်။
သီပေါမြို့နယ် အတွင်း တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာသည် တာလုံကျေးရွာတွင် အနီးတွင်ဖြစ်ကာ ရေကာတာတည်ဆောက်ပါက တာလုံကျေးရွာဒေသခံ ၇၀၀ ကျော် ရွှေ့ပြောင်းရမည် ဖြစ်ပြီး၊ ရှေးဟောင်းသာသနာ့ အဆောက်အဦးများနှင့် သမိုင်းဝင်စေတီပုထိုးများ ဥယျာဉ်ခြံမြေများ ဆုံးရှုံးမှု ရှိမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိ တည်ဆောက်မည့် သီပေါမြို့နယ် တာလုံကျေးရွာ အနီးရှိ အထက်ရဲရွာ ရေကာတာ သည် စစ်ပဋိပက္ခဖြစ်ပွားသည့် နေရာ တခုဖြစ်သော်လည်း တရုတ်၊ ဂျပန်၊ ဂျာမဏီ နှင့် ဆွစ်ဇလန်နိုင်ငံ ကုမ္ပဏီ များမှ ၎င်းစီမံကိန်း ကို အကောင်အထည် ဖော်ဆောင်နေကြောင်းသိရသည်။
ကျေးရွာထဲကို အဝင်မခံသည့် အတွက် ဦးစိုင်းဆိုင်တစ်လုံ က “ ကျနော်တို့ကို ကောင်းကောင်းမွန်မွန်ကြိုဆိုရမယ့် အစား ဆန္ဒပြနေကြတယ်။ အဲ့ကြောင့်မလို့ ကျနော်တို့က မကူညီနိုင်တာ” ဟု ဒေသခံများနှင့် အငြင်းပွားမှု ခေတ္တဖြစ်ပွားခဲ့ပြီးနောက်ပြောဆိုခဲ့ကြောင်း သိရသည်။
Image may contain: 1 person, standing and outdoor
Image may contain: 1 person, crowd and outdoor
<<Zawgyi>>
အထက်ရဲရွာ ရေကာတာတည်ဆောက်မှုလာရောက်ညှိနှိုင်းသော လျှပ်စစ်ဝန်ကြီးကို သီပေါမြို့နယ် ဒေသခံများမှ ဆန္ဒပြ ကာ ရွာထဲသို့ဝင်မခံခဲ့
Monday,November 25, 2019

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း နမ္မတူမြစ်ပေါ် တွင်တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာကြောင့် ပြောင်းရွှေ့ခံရမည့် တာလုံကျေးရွာ ဒေသခံ ၃၀၀ကျော်တို့သည် “ ရေကာတာ တည်ဆောက်မှု အလိုမရှိ” “ အထက်ရဲရွာ ရေကာတာ တည်ဆောက်မှု ရပ်တန့်ပေး” ဆိုသည့် သျှမ်းဘာသာဖြင့်ဆိုင်းဘုတ်ကိုယ်စီကိုင်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါဒေသသို့ နိုဝင်ဘာလ ၂၄ ရက်နေ့က ရေကာတာတည်ဆောက်ရေး နှင့် စပ်လျဉ်းပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ နှင့် အဖွဲ့သားများက ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်စဉ်တွင် ဒေသခံများက ကျေးရွာအတွင်း အဝင်မခံခဲ့ကြောင်းလည်း သိရသည်။
သီပေါမြို့နယ် အတွင်း တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာသည် တာလုံကျေးရွာတွင် အနီးတွင်ဖြစ်ကာ ရေကာတာတည်ဆောက်ပါက တာလုံကျေးရွာဒေသခံ ၇၀၀ ကျော် ရွှေ့ပြောင်းရမည် ဖြစ်ပြီး၊ ရှေးဟောင်းသာသနာ့ အဆောက်အဦးများနှင့် သမိုင်းဝင်စေတီပုထိုးများ ဥယျာဉ်ခြံမြေများ ဆုံးရှုံးမှု ရှိမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိ တည်ဆောက်မည့် သီပေါမြို့နယ် တာလုံကျေးရွာ အနီးရှိ အထက်ရဲရွာ ရေကာတာ သည် စစ်ပဋိပက္ခဖြစ်ပွားသည့် နေရာ တခုဖြစ်သော်လည်း တရုတ်၊ ဂျပန်၊ ဂျာမဏီ နှင့် ဆွစ်ဇလန်နိုင်ငံ ကုမ္ပဏီ များမှ ၎င်းစီမံကိန်း ကို အကောင်အထည် ဖော်ဆောင်နေကြောင်းသိရသည်။
ကျေးရွာထဲကို အဝင်မခံသည့် အတွက် ဦးစိုင်းဆိုင်တစ်လုံ က “ ကျနော်တို့ကို ကောင်းကောင်းမွန်မွန်ကြိုဆိုရမယ့် အစား ဆန္ဒပြနေကြတယ်။ အဲ့ကြောင့်မလို့ ကျနော်တို့က မကူညီနိုင်တာ” ဟု ဒေသခံများနှင့် အငြင်းပွားမှု ခေတ္တဖြစ်ပွားခဲ့ပြီးနောက်ပြောဆိုခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment