Monday, November 25, 2019

သဘာဝအမျိုးသားဥယျာဉ်အတွင်း လူတို့၏ စည်းမဲ့ကမ်းမဲ့ အမှိုက်သရိုက်များ စွန့်ပစ်မှုကြောင့် အသက် (၁၀) နှစ်ခန့် ဒရယ်တစ်ကောင် သေဆုံး

No photo description available.

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နန်ပြည်နယ် နားနွိုင့်မြို့နယ် ဆန်ထာ့ကျေးရွာအုပ်စု " ခွန်စထန် " သဘာဝသစ်တောနှင့်တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအမျိုးသားဥယျာဉ်ကြိုးဝိုင်းကြီးအတွင်းသို့ အပန်းဖြေသွားရောက်လည်ပတ်သူကြသူများ ၏ စည်းမဲ့ကမ်းမဲ့ စားသုံးပြီးသား အမှိုက်သရိုက်များကို စားသုံးမိပြီးသေဆုံးနေသည့် အသက် (၁၀) နှစ်အရွယ် အလေး ချိန် ကီလို (၂၀၀) ရှိ ဒရယ်ဖို တစ်ကောင်၏ အစာအိမ်အတွင်းမှ ပလတ်စတစ်နှင့် ကော်ဗူးခွံများ ၊ မာမားခေါက်ဆွဲဗူးခွံများ ၊ အဝတ်စုပ်များ (၇) ကီလိုခန့်ကို တွေ့ရှိခဲ့ကြသည်ဟု နိုဝင်ဘာ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည် ။

ဖဲ့ပြည်နယ်မှ အမှတ် (၁၃) သဘာဝသစ်တောနှင့် အမျိုးသားဥယျာဉ်ထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ ယခုကဲ့သို့ အပန်းဖြေလာရောက် လည်ပတ်သူများမှ တောတောင်ထဲတွင် မိမိတို့စားသုံးပြီး အသုံးပြုခဲ့ကြသည့် စွန့်ပစ်အမှိုက်များကို စည်းမဲ့ကမ်းမဲ့ လူ့ဂုဏ်သိက္ခာနှင့်မညီ စွန့်ပစ်ကြသည့်သူများအား စောင့်ကြည့်၍ ထိရောက်စွာအရေးယူသွားမည်ဟုသတင်းထုတ်ပြန်သွားသည် ။
သာယာလှပပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၂၇၂ ပေမြင့်မားသော " ခွန်စထန် " သဘာဝဘေးမဲ့သစ်တောကြိုးဝိုင်းဥယျာဉ်အတွင်းသို့ ယခုလိုပွင့်လင်းရာသီတွင် ခရီးသွားပြည်သူများ လာရောက်လည်ပတ်ကြသူများမှာ အလွန်များပြားလှသည့် အထင်ကရ နေရာတစ်ခုဖြစ်ကြောင်း သိရှိရပါသည် ။
သေဆုံးနေသည့် ဒရယ်သည် လွန်ခဲ့သည့် ၂ ရက်ခန့်ကသေဆုံးခဲ့တာဖြစ်ပြီး ကျောက်ကပ် ၊ နှလုံးအဆုပ်တို့မှာ ပုံမှန်မဟုတ်တော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုတာဝန်ရှိသူများကဆိုပါသည် ။
Image may contain: dog, outdoor and nature
Image may contain: 1 person, sitting and outdoor
Image may contain: cloud, sky, outdoor and nature
Image may contain: sky, mountain, cloud, grass, nature and outdoor
Image may contain: cloud, sky, nature and outdoor
<zawgyi>
သဘာဝအမျိုးသားဥယျာဉ်အတွင်း လူတို့၏ စည်းမဲ့ကမ်းမဲ့ အမှိုက်သရိုက်များ စွန့်ပစ်မှုကြောင့် အသက် (၁၀) နှစ်ခန့် ဒရယ်တစ်ကောင် သေဆုံး
Tuesday,November 26, 2019

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နန်ပြည်နယ် နားနွိုင့်မြို့နယ် ဆန်ထာ့ကျေးရွာအုပ်စု " ခွန်စထန် " သဘာဝသစ်တောနှင့်တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအမျိုးသားဥယျာဉ်ကြိုးဝိုင်းကြီးအတွင်းသို့ အပန်းဖြေသွားရောက်လည်ပတ်သူကြသူများ ၏ စည်းမဲ့ကမ်းမဲ့ စားသုံးပြီးသား အမှိုက်သရိုက်များကို စားသုံးမိပြီးသေဆုံးနေသည့် အသက် (၁၀) နှစ်အရွယ် အလေး ချိန် ကီလို (၂၀၀) ရှိ ဒရယ်ဖို တစ်ကောင်၏ အစာအိမ်အတွင်းမှ ပလတ်စတစ်နှင့် ကော်ဗူးခွံများ ၊ မာမားခေါက်ဆွဲဗူးခွံများ ၊ အဝတ်စုပ်များ (၇) ကီလိုခန့်ကို တွေ့ရှိခဲ့ကြသည်ဟု နိုဝင်ဘာ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည် ။
ဖဲ့ပြည်နယ်မှ အမှတ် (၁၃) သဘာဝသစ်တောနှင့် အမျိုးသားဥယျာဉ်ထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ ယခုကဲ့သို့ အပန်းဖြေလာရောက် လည်ပတ်သူများမှ တောတောင်ထဲတွင် မိမိတို့စားသုံးပြီး အသုံးပြုခဲ့ကြသည့် စွန့်ပစ်အမှိုက်များကို စည်းမဲ့ကမ်းမဲ့ လူ့ဂုဏ်သိက္ခာနှင့်မညီ စွန့်ပစ်ကြသည့်သူများအား စောင့်ကြည့်၍ ထိရောက်စွာအရေးယူသွားမည်ဟုသတင်းထုတ်ပြန်သွားသည် ။
သာယာလှပပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၂၇၂ ပေမြင့်မားသော " ခွန်စထန် " သဘာဝဘေးမဲ့သစ်တောကြိုးဝိုင်းဥယျာဉ်အတွင်းသို့ ယခုလိုပွင့်လင်းရာသီတွင် ခရီးသွားပြည်သူများ လာရောက်လည်ပတ်ကြသူများမှာ အလွန်များပြားလှသည့် အထင်ကရ နေရာတစ်ခုဖြစ်ကြောင်း သိရှိရပါသည် ။
သေဆုံးနေသည့် ဒရယ်သည် လွန်ခဲ့သည့် ၂ ရက်ခန့်ကသေဆုံးခဲ့တာဖြစ်ပြီး ကျောက်ကပ် ၊ နှလုံးအဆုပ်တို့မှာ ပုံမှန်မဟုတ်တော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုတာဝန်ရှိသူများကဆိုပါသည် ။

0 comments:

Post a Comment