Wednesday, November 27, 2019

ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်သို့ပြန်လည်ရောက်ရှိ

Image may contain: 8 people, people smiling, people standing and suitImage may contain: 1 person, indoor

ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝနာရီ တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့ရှိ Nurimaru APEC Houseသို့ရောက်ရှိရာ ကိုရီးယားနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းက ခင်မင်ရင်းနှီးစွာကြိုဆို နှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ၊ မဲခေါင် နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် “မဲခေါင်မြစ်နှင့်ဟန်မြစ်ကြေညာချက်” “ Mekong – Han River Declaration” ကို ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြေညာချက်အရ မဲခေါင်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့သည် လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ အခြေခံအဆောက်အဦ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာနှင့်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာပြပွဲ၌ ပြသထားမှုများအား ကြည့်ရှုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ ဆာစန်းခရိုင် ခန်းမ၌ ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်နိုင်ငံသားများ၏ လေးစားမှုရှိအောင် နေထိုင်လုပ်ကိုင်ကြရန်လိုကြောင်း၊ ပြည်ပ ရောက်နိုင်ငံသားများအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီစောင့်ရှောက်ရန်လို ကြောင်းနှင့် မြန်မာသံရုံးအနေဖြင့်လည်း မိမိနိုင်ငံသားများ၏ အရေးကိစ္စများကို ပိုမိုအလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေသစံတော်ချိန် ညနေ၃နာရီခွဲတွင် ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှနေပြည် တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ပြီး နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
Image may contain: 2 people, people smiling, people standing and text
Image may contain: 2 people, people smiling, people standing
Image may contain: 8 people, people smiling, people standing and shoes
Image may contain: 5 people, people sitting, table and indoor
Image may contain: 6 people, people standing, shoes and indoor
Image may contain: 8 people, people standing
Image may contain: 9 people, people standing and suit
<zawgyi>
ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်သို့ပြန်လည်ရောက်ရှိ


ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝနာရီ တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့ရှိ Nurimaru APEC Houseသို့ရောက်ရှိရာ ကိုရီးယားနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းက ခင်မင်ရင်းနှီးစွာကြိုဆို နှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ၊ မဲခေါင် နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် “မဲခေါင်မြစ်နှင့်ဟန်မြစ်ကြေညာချက်” “ Mekong – Han River Declaration” ကို ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြေညာချက်အရ မဲခေါင်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့သည် လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ အခြေခံအဆောက်အဦ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာနှင့်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာပြပွဲ၌ ပြသထားမှုများအား ကြည့်ရှုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ ဆာစန်းခရိုင် ခန်းမ၌ ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်နိုင်ငံသားများ၏ လေးစားမှုရှိအောင် နေထိုင်လုပ်ကိုင်ကြရန်လိုကြောင်း၊ ပြည်ပ ရောက်နိုင်ငံသားများအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီစောင့်ရှောက်ရန်လို ကြောင်းနှင့် မြန်မာသံရုံးအနေဖြင့်လည်း မိမိနိုင်ငံသားများ၏ အရေးကိစ္စများကို ပိုမိုအလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေသစံတော်ချိန် ညနေ၃နာရီခွဲတွင် ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှနေပြည် တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ပြီး နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment