Tuesday, November 26, 2019

ပင်လယ် ငါးဖမ်းလုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ တားဆီးရန် လူ့အခွင့်ရေးကော်မရှင် ဖျာပုံဒေသကိုသွားမည်

Image may contain: sky, outdoor and water

ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ ဖြစ်ပေါ်နေတဲ့ မသမာမှုတွေကို တားဆီးနိုင်မယ့် နည်းလမ်းရှာဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ လာမယ့်အပတ်ထဲ ဖျာပုံဒေသကို သွားရောက်မှာ ဖြစ်တယ်လို့ ကော်မရှင်ကအဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။ ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်တွေမှာ လူကုန်ကူးခံရတာတွေ၊ ညှင်းပန်းနှိပ်စက်ခံရတာတွေ၊ လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေ ဖြစ်ပေါ်နေတာတွေကို ထပ်မံမဖြစ်ပွားအောင် အစီအစဉ်ဆွဲဖို့အတွက် သွားလေ့လာမှာဖြစ်တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

" ကျားဖောင်လုပ်ငန်းတွေမှာ လူ့အခွင့်အရးချိုးဖောက်မှုတွေ ဘာလောက်တောင် ဖြစ်နေသလဲ ဆိုတာတွေကို လေ့လာမှာပေါ့။ လေ့လာပြီးရင် ဒီပြဿနာကြီးကို (ဒဂုံတက္ကသိုလ်ကျောင်းသားလို) ထပ်မဖြစ်ဖို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ထပ်မဖြစ်ဖို့ ဘယ်လုပ်မလဲ ဆိုတာကို ကနဦး သွားလေ့လာတဲ့ သဘောပါ" လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေပါ အချက်တွေက ကျားဖောင်လုပ်သားတွေအပေါ်သက် ရောက်မှုမရှိတဲ့အတွက် အခုလေ့လာတွေ့ရှိချက်အပေါ်မူတည်ပြီး သူတို့နဲ့ကိုက်ညီတဲ့ ဥပဒေတစ်ရပ်ပြဌာန်းပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကိုလဲ တင်ပြတောင်းဆိုသွားမယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။ အခုလအတွင်း ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းဟာ ရန်ကုန်မြို့ထဲသွားရောက်ခဲ့ရာကနေ ကျားဖောင်လုပ်သားအဖြစ် ရောင်းစားခြင်းခံခဲ့ရပြီး မိသားစုရဲ့ကြိုးပမ်းမှုကြောင့် နိုဝင်ဘာ၂၀ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
Image may contain: one or more people
Image may contain: one or more people
သတင်း- ဖြိုးဝေလင်း
<zawgyi>
ပင်လယ် ငါးဖမ်းလုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ တားဆီးရန် လူ့အခွင့်ရေးကော်မရှင် ဖျာပုံဒေသကိုသွားမည်
Wednesday,November 27, 2019

ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ ဖြစ်ပေါ်နေတဲ့ မသမာမှုတွေကို တားဆီးနိုင်မယ့် နည်းလမ်းရှာဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ လာမယ့်အပတ်ထဲ ဖျာပုံဒေသကို သွားရောက်မှာ ဖြစ်တယ်လို့ ကော်မရှင်ကအဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။ ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်တွေမှာ လူကုန်ကူးခံရတာတွေ၊ ညှင်းပန်းနှိပ်စက်ခံရတာတွေ၊ လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေ ဖြစ်ပေါ်နေတာတွေကို ထပ်မံမဖြစ်ပွားအောင် အစီအစဉ်ဆွဲဖို့အတွက် သွားလေ့လာမှာဖြစ်တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။
" ကျားဖောင်လုပ်ငန်းတွေမှာ လူ့အခွင့်အရးချိုးဖောက်မှုတွေ ဘာလောက်တောင် ဖြစ်နေသလဲ ဆိုတာတွေကို လေ့လာမှာပေါ့။ လေ့လာပြီးရင် ဒီပြဿနာကြီးကို (ဒဂုံတက္ကသိုလ်ကျောင်းသားလို) ထပ်မဖြစ်ဖို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ထပ်မဖြစ်ဖို့ ဘယ်လုပ်မလဲ ဆိုတာကို ကနဦး သွားလေ့လာတဲ့ သဘောပါ" လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေပါ အချက်တွေက ကျားဖောင်လုပ်သားတွေအပေါ်သက် ရောက်မှုမရှိတဲ့အတွက် အခုလေ့လာတွေ့ရှိချက်အပေါ်မူတည်ပြီး သူတို့နဲ့ကိုက်ညီတဲ့ ဥပဒေတစ်ရပ်ပြဌာန်းပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကိုလဲ တင်ပြတောင်းဆိုသွားမယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။ အခုလအတွင်း ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းဟာ ရန်ကုန်မြို့ထဲသွားရောက်ခဲ့ရာကနေ ကျားဖောင်လုပ်သားအဖြစ် ရောင်းစားခြင်းခံခဲ့ရပြီး မိသားစုရဲ့ကြိုးပမ်းမှုကြောင့် နိုဝင်ဘာ၂၀ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
သတင်း- ဖြိုးဝေလင်း

0 comments:

Post a Comment