Friday, November 29, 2019

ရေတပ်အင်အားတိုးချဲ့နေသည့် အီရန်က ရေတပ်စစ်သင်္ဘောများအား ရုရှားနိုင်ငံသို့စေလွှတ်မည်

Image may contain: ocean, sky, outdoor and water

အီရန်ရေတပ်အနေဖြင့် ၎င်းတို့၏ စစ်သင်္ဘောများကို အနာဂတ်ကာလများတွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ သို့စေလွှတ်သွားရန် လျာထားစီစဉ်လျက်ရှိသည်ဟု အီရန် ရေတပ်အကြီးအကဲ Rear Admiral Hossein Khanzadi က ပြောကြားခဲ့ကြောင်း သိရှိရသည်။
အီရန်တို့ အနေဖြင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ ခုတ်မောင်းမည်ဆိုလျင် ဘတ်ဘ် အယ်လ်မန်း ဒတ်ဘ် ရေလက်ကြား၊ စူးအက်တူးမြောင်း၊ ဂျီဘရော်လ်တာ ရေလက်ကြား၊ အတ္တလန္တိတ် သမုဒ္ဒရာ၊ ဒိုဗာ ရေလက်ကြား၊ ဖင်လန် ပင်လယ်ကွေ့တို့ကိုဖြတ်သန်းကာ ရေမိုင်ပေါင်း ၁၂၀၀၀ ခန့်ကို ဖြတ်သန်းရမည်ဖြစ်သည်။
အီရန်ရေတပ်အကြီးအကဲအနေဖြင့် အနာဂတ်ရေတပ်အင်အား တိုးချဲ့ရေးအတွက် ရေပြင်၊ ရေအောက်အင်အားစု စစ်ရေယာဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် စီမံလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရုရှားကဲ့သို့ ရေတပ်အင်အားကြီးနိုင်ငံများမှ အကူအညီကို ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ စေလွှတ်ရန် ရည်ရွယ်ခြင်းသည် လည်း ရေတပ်အင်အားတိုးချဲ့ခြင်းအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ဖြစ်သည်။
အီရန်ရေတပ်တွင် တပ်တော်ဝင်အသုံးပြုသွားမည့် စတုတ္ထမျိုးဆက် Fateh-Class ရေငုပ်သင်္ဘောများတွင် ခေတ်မီအဆင့်မြင့် နည်းပညာရပ်များကို ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည်။ အီရန်နိုင်ငံ ပြည်တွင်းမှာတင် တည်ဆောက်ပြီးစီးခဲ့သည့် ဖျက်သင်္ဘော Damavand ကို အခြေခံထား နမူနာယူပြီး နောင်တည်ဆောက်မည့် ရေပြင်အင်အားစု ဖျက်သင်္ဘောကြီးများတွင် လက်နက်နှင့်လက်နက်စနစ်၊ အာရုံခံကိရိယာစနစ်၊ စက်ပိုင်း ဆိုင်ရာနှင့် ရေကြောင်းသွားလာမှုပိုင်းဆိုင်ရာစနစ်တို့ကို ပိုမိုအဆင့်မြင့်စေရေးအတွက် တီထွင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် အီရန်ရေတပ် စစ်သင်္ဘောများတွင် တင်ဆောင်အသုံးပြုနိုင်မည့် ဒေါင်လိုက် အနေအထားဖြင့် ပစ်လွှတ်နိုင်သည့် မောင်းသူမဲ့ဝေဟင်သွားယာဉ်များ (Vertically-Launched Drone) ကိုလည်း ပြည်တွင်း၌ပင် တီထွင်စမ်းသပ် ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
Image may contain: sky, ocean, outdoor and water
Image may contain: text

<zawgyi>
ရေတပ်အင်အားတိုးချဲ့နေသည့် အီရန်က ရေတပ်စစ်သင်္ဘောများအား ရုရှားနိုင်ငံသို့စေလွှတ်မည်
Friday,November 29 ,2019

အီရန်ရေတပ်အနေဖြင့် ၎င်းတို့၏ စစ်သင်္ဘောများကို အနာဂတ်ကာလများတွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ သို့စေလွှတ်သွားရန် လျာထားစီစဉ်လျက်ရှိသည်ဟု အီရန် ရေတပ်အကြီးအကဲ Rear Admiral Hossein Khanzadi က ပြောကြားခဲ့ကြောင်း သိရှိရသည်။
အီရန်တို့ အနေဖြင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ ခုတ်မောင်းမည်ဆိုလျင် ဘတ်ဘ် အယ်လ်မန်း ဒတ်ဘ် ရေလက်ကြား၊ စူးအက်တူးမြောင်း၊ ဂျီဘရော်လ်တာ ရေလက်ကြား၊ အတ္တလန္တိတ် သမုဒ္ဒရာ၊ ဒိုဗာ ရေလက်ကြား၊ ဖင်လန် ပင်လယ်ကွေ့တို့ကိုဖြတ်သန်းကာ ရေမိုင်ပေါင်း ၁၂၀၀၀ ခန့်ကို ဖြတ်သန်းရမည်ဖြစ်သည်။
အီရန်ရေတပ်အကြီးအကဲအနေဖြင့် အနာဂတ်ရေတပ်အင်အား တိုးချဲ့ရေးအတွက် ရေပြင်၊ ရေအောက်အင်အားစု စစ်ရေယာဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် စီမံလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရုရှားကဲ့သို့ ရေတပ်အင်အားကြီးနိုင်ငံများမှ အကူအညီကို ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ စေလွှတ်ရန် ရည်ရွယ်ခြင်းသည် လည်း ရေတပ်အင်အားတိုးချဲ့ခြင်းအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ဖြစ်သည်။
အီရန်ရေတပ်တွင် တပ်တော်ဝင်အသုံးပြုသွားမည့် စတုတ္ထမျိုးဆက် Fateh-Class ရေငုပ်သင်္ဘောများတွင် ခေတ်မီအဆင့်မြင့် နည်းပညာရပ်များကို ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည်။ အီရန်နိုင်ငံ ပြည်တွင်းမှာတင် တည်ဆောက်ပြီးစီးခဲ့သည့် ဖျက်သင်္ဘော Damavand ကို အခြေခံထား နမူနာယူပြီး နောင်တည်ဆောက်မည့် ရေပြင်အင်အားစု ဖျက်သင်္ဘောကြီးများတွင် လက်နက်နှင့်လက်နက်စနစ်၊ အာရုံခံကိရိယာစနစ်၊ စက်ပိုင်း ဆိုင်ရာနှင့် ရေကြောင်းသွားလာမှုပိုင်းဆိုင်ရာစနစ်တို့ကို ပိုမိုအဆင့်မြင့်စေရေးအတွက် တီထွင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် အီရန်ရေတပ် စစ်သင်္ဘောများတွင် တင်ဆောင်အသုံးပြုနိုင်မည့် ဒေါင်လိုက် အနေအထားဖြင့် ပစ်လွှတ်နိုင်သည့် မောင်းသူမဲ့ဝေဟင်သွားယာဉ်များ (Vertically-Launched Drone) ကိုလည်း ပြည်တွင်း၌ပင် တီထွင်စမ်းသပ် ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

0 comments:

Post a Comment