Wednesday, November 27, 2019

ရေဖြူမြို့နယ်တရားရုံးတွင် တရားသူကြီး၏ စိန်ရွှေငွေများ ပျောက်ဆုံး


ရေဖြူမြို့နယ်တရားရုံးတွင် နိုဝင်ဘာလ ၁၉ ရက်က မြို့နယ်တရားသူကြီး၏ စိန်ရွှေငွေများ ပျောက်ဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

တရားရုံးရှိ တရားသူကြီးနားနေခန်း တွင် ထားရှိသည့်လက်ကိုင်ပိုက်ဆံအိတ် အတွင်းမှ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၉၀ ခန့်တန်ဖိုးရှိ စိန်၊ ရွှေ၊ ငွေများ ပျောက်ဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါနေ့တွင် ပိုက်ဆံအိတ်ကို စားပွဲပေါ်တင်ထားခဲ့ပြီး တရားခွင်ကြား နာခြင်း၊ ထမင်းစားခြင်းများပြုလုပ်ခဲ့ပြီး ညနေရုံးဆင်းချိန်တွင် ပိုက်ဆံအိတ် ပွင့်နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူ ၇ သိန်းနီးပါး၊ ရွှေဆွဲကြိုး၊ လက်စွပ်၊ စိန် ဆွဲသီး အစရှိသည့် အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
စိန်၊ ရွှေ နှင့် ငွေစက္ကူများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မြို့နယ်တရားသူကြီးက တရားလိုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် ရေဖြူမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။
Dawei Watch
<zawgyi>
ရေဖြူမြို့နယ်တရားရုံးတွင် တရားသူကြီး၏ စိန်ရွှေငွေများ ပျောက်ဆုံး
Thursday,November 28, 2019

ရေဖြူမြို့နယ်တရားရုံးတွင် နိုဝင်ဘာလ ၁၉ ရက်က မြို့နယ်တရားသူကြီး၏ စိန်ရွှေငွေများ ပျောက်ဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
တရားရုံးရှိ တရားသူကြီးနားနေခန်း တွင် ထားရှိသည့်လက်ကိုင်ပိုက်ဆံအိတ် အတွင်းမှ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၉၀ ခန့်တန်ဖိုးရှိ စိန်၊ ရွှေ၊ ငွေများ ပျောက်ဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါနေ့တွင် ပိုက်ဆံအိတ်ကို စားပွဲပေါ်တင်ထားခဲ့ပြီး တရားခွင်ကြား နာခြင်း၊ ထမင်းစားခြင်းများပြုလုပ်ခဲ့ပြီး ညနေရုံးဆင်းချိန်တွင် ပိုက်ဆံအိတ် ပွင့်နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူ ၇ သိန်းနီးပါး၊ ရွှေဆွဲကြိုး၊ လက်စွပ်၊ စိန် ဆွဲသီး အစရှိသည့် အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
စိန်၊ ရွှေ နှင့် ငွေစက္ကူများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မြို့နယ်တရားသူကြီးက တရားလိုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် ရေဖြူမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။
Dawei Watch

0 comments:

Post a Comment