Monday, November 25, 2019

တန့်ယန်းမြို့သို့ရောက်ရှိနေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေဆုံးလျှက်ဖြင့် ပြန်တွေ့ရှိမှုနှင့် ပတ်သက်၍ အတူခရီးသွားခဲ့သည် ဘုန်းကြီးအား စစ်ဆေး

၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့က ရှမ်းပြည်နယ်( မြောက်ပိုင်း )တန့်ယန်းမြို့သို့ ဘုန်ကြီးတစ်ပါးနှင့်အတူ မော်တော် ယာဉ်ဖြင့် အတူခရီးသွားခဲ့သည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာ (၂၅)ရက် မွန်းလွဲပိုင်းက တန့်ယန်းမြို့မရဲတပ်ဖွဲ့က လွှဲပြောင်းရယူထားပြီး ခရီး အတူသွားခဲ့သည့် ဘုန်းကြီးအား ထိန်းသိမ်းထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါသေဆုံးသူမှာ ကိုခိုင်ဇော်ဝင်း(ခ)ကိုနေရှိုင်း ဆိုသူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ၎င်းပိုင်ဆိုင်သည့် Hammer ကား အမျိုးအစားကိုမောင်းနှင်ကာ ဘုန်းကြီးတစ်ပါးနှင့်အတူ ကျောက်ပန်းတောင်းမြို့မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့က ထွက်ခွာသွားခဲ့ပြီး နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေ(၃) နာရီ ဝန်းကျင်တွင် တန့်ယန်းသို့ ရောက်ရှိပြီးနောက်ပိုင်း ၎င်း၏ မိသားစုများမှ ဆက်သွယ်၍ မရတော့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုသေဆုံးမှုမှာ လူသတ်မှု ဟုတ်/မဟုတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပြီး လတ်တလော ဖမ်းဆီး ထိန်းသိမ်း ထားခြင်းခံရသည့် ဘုန်းကြီးနှင့်ပတ်သက်သည့် အချက်အလက်များကိုလဲ စစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရှိရသည်။
Image may contain: 1 person, outdoor
<<Zawgyi>>

0 comments:

Post a Comment