Monday, November 25, 2019

ဂျာမန်(Green Vault) ပြတိုက်ကြီးအတွင်းမှ ယူရို ၁ ဘီလျံတန်ဖိုးရှိ ရှေးဟောင်းလက်ဝတ်ရတနာများ ခိုးယူခံရ

နိုဝင်ဘာလ ၂၅ ရက် ဂျာမနီဒေသစံတော်ချိန် နံနက်စောစောပိုင်းအချိန်က ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြတိုက်တစ်ခုအတွင်းမှ ယူရိုငွေ ၁ ဘီလျံခန့်(မြန်မာငွေ ကျပ် ၁၆၆၇ ဘီလျံခန့်)တန်ဖိုးရှိသော ရှေးဟောင်းလက်ဝတ်ရတနာများခိုးယူခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် သူခိုးများသည် ဒရက်စ်ဒန်မြို့ရှိ Gruenes Gewoelbe(Green Vault)ပြတိုက်၏ လျှပ်စစ်ဓာတ်အားပေးလိုင်းများကို ဖြတ်တောက်၍ ပြတိုက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်ပြီး ယင်းပြတိုက်သည် ဥရောပတွင် အကြီးမားဆုံးသော ရှေးဟောင်းလက်ဝတ်ရတနာ ပြတိုက်ကြီးဖြစ်ပြီး စုဆောင်းပြသထားမှုလည်း အများဆုံးဖြစ်ကာ ပြတိုက်တွင် စုဆောင်းပြထားသော လက်ဝတ်ရတနာများမှာလည်း ၁၈ ရာစု ဥရောပနိုင်ငံများမှ မင်းဆက်တို့၏ အသုံးအဆောင်များဖြစ်ကြသည်။
လက်ရှိတွင်မူ ရဲတပ်ဖွဲ့က ပြတိုက်ကို ယာယီပိတ်ထားလိုက်ပြီး ပျောက်ဆုံးပစ္စည်းစာရင်းကို သေချာစွာစစ်ဆေးပြုစုနေကြောင်းသိရသည်။
Image may contain: one or more people, people standing and outdoor

Image may contain: 1 person, indoor
Image may contain: one or more people
<<Zawgyi>>
ဂျာမန်(Green Vault) ပြတိုက်ကြီးအတွင်းမှ ယူရို ၁ ဘီလျံတန်ဖိုးရှိ ရှေးဟောင်းလက်ဝတ်ရတနာများ ခိုးယူခံရ

နိုဝင်ဘာလ ၂၅ ရက် ဂျာမနီဒေသစံတော်ချိန် နံနက်စောစောပိုင်းအချိန်က ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြတိုက်တစ်ခုအတွင်းမှ ယူရိုငွေ ၁ ဘီလျံခန့်(မြန်မာငွေ ကျပ် ၁၆၆၇ ဘီလျံခန့်)တန်ဖိုးရှိသော ရှေးဟောင်းလက်ဝတ်ရတနာများခိုးယူခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် သူခိုးများသည် ဒရက်စ်ဒန်မြို့ရှိ Gruenes Gewoelbe(Green Vault)ပြတိုက်၏ လျှပ်စစ်ဓာတ်အားပေးလိုင်းများကို ဖြတ်တောက်၍ ပြတိုက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်ပြီး ယင်းပြတိုက်သည် ဥရောပတွင် အကြီးမားဆုံးသော ရှေးဟောင်းလက်ဝတ်ရတနာ ပြတိုက်ကြီးဖြစ်ပြီး စုဆောင်းပြသထားမှုလည်း အများဆုံးဖြစ်ကာ ပြတိုက်တွင် စုဆောင်းပြထားသော လက်ဝတ်ရတနာများမှာလည်း ၁၈ ရာစု ဥရောပနိုင်ငံများမှ မင်းဆက်တို့၏ အသုံးအဆောင်များဖြစ်ကြသည်။
လက်ရှိတွင်မူ ရဲတပ်ဖွဲ့က ပြတိုက်ကို ယာယီပိတ်ထားလိုက်ပြီး ပျောက်ဆုံးပစ္စည်းစာရင်းကို သေချာစွာစစ်ဆေးပြုစုနေကြောင်းသိရသည်။
Ref-#Reuters #Myanmar_Online_News #ဂျာမနီ #ပြတိုက်ကြီး #Green_Vault

0 comments:

Post a Comment