
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည့် နယူးယောက်မြို့တော်ဝန်ဟောင်း၊ အသက် ၇၇ နှစ်အရွယ် Michael Bloomberg သည် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ တရားဝင် ကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါ Michael Bloomberg သည်Donald Trump ကို အနိုင်ယူနိုင်ပြီး အမေရိကကို ပြန်လည်တည်ဆောက်ဖို့ သမ္မတရွေးကောက်ပွဲ ဝင်ရောက်တာဖြစ်ကြောင်း၊ စီးပွားရေး၊ အစိုးရနဲ့ လူမှုအကျိုးဆောင်အဖြစ် ရင့်ကျက်တဲ့ အတွေ့အကြုံတွေက ရွေးကောက်ပွဲကို ဦးဆောင် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း Bloomberg က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားသည်။
ရီပတ်ဗလစ်ကန်မှ တသီးပုဂ္ဂလအဖြစ် ပြောင်းလဲခဲ့သော Bloomberg သည် ၂၀၁၆ ခုနှစ်တုန်းက ဒီမိုကရက် သမ္မတလောင်း Hillary Clinton ကို ထောက်ခံခဲ့သူဖြစ်ပြီး အခုတော့ ၂၀၂၀ ဒီမိုကရက် သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်း အများအပြားထဲမှာ တဦးအနေနှင့် ပါဝင်မှာဖြစ်သည်။
လက်ရှိ နယူးယောက်မြို့တော်ဝန်ဟောင်း ကန်သူဌေးကြီး Bloomberg သည် လက်ရှိမှာ ဘဏ္ဍာရေးဆိုင်ရာ အကြံပေး ချက်တွေကို အလေးထား ဖော်ပြတဲ့ ရုပ်သံနဲ့ ရေဒီယို၊ မဂ္ဂဇင်းတွေ အပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီးကို ထူထောင်ထားသူ ဖြစ်ကြောင်း သိရှိရပါသည်။


<<Zawgyi>>
နယူးယောက်မြို့တော်ဝန်ဟောင်း ကန်သူဌေးကြီး Michael Bloomberg ကန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်မည်ဖြစ်
Monday,November 25, 2019
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည့် နယူးယောက်မြို့တော်ဝန်ဟောင်း၊ အသက် ၇၇ နှစ်အရွယ် Michael Bloomberg သည် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ တရားဝင် ကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါ Michael Bloomberg သည်Donald Trump ကို အနိုင်ယူနိုင်ပြီး အမေရိကကို ပြန်လည်တည်ဆောက်ဖို့ သမ္မတရွေးကောက်ပွဲ ဝင်ရောက်တာဖြစ်ကြောင်း၊ စီးပွားရေး၊ အစိုးရနဲ့ လူမှုအကျိုးဆောင်အဖြစ် ရင့်ကျက်တဲ့ အတွေ့အကြုံတွေက ရွေးကောက်ပွဲကို ဦးဆောင် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း Bloomberg က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားသည်။
ရီပတ်ဗလစ်ကန်မှ တသီးပုဂ္ဂလအဖြစ် ပြောင်းလဲခဲ့သော Bloomberg သည် ၂၀၁၆ ခုနှစ်တုန်းက ဒီမိုကရက် သမ္မတလောင်း Hillary Clinton ကို ထောက်ခံခဲ့သူဖြစ်ပြီး အခုတော့ ၂၀၂၀ ဒီမိုကရက် သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်း အများအပြားထဲမှာ တဦးအနေနှင့် ပါဝင်မှာဖြစ်သည်။
လက်ရှိ နယူးယောက်မြို့တော်ဝန်ဟောင်း ကန်သူဌေးကြီး Bloomberg သည် လက်ရှိမှာ ဘဏ္ဍာရေးဆိုင်ရာ အကြံပေး ချက်တွေကို အလေးထား ဖော်ပြတဲ့ ရုပ်သံနဲ့ ရေဒီယို၊ မဂ္ဂဇင်းတွေ အပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီးကို ထူထောင်ထားသူ ဖြစ်ကြောင်း သိရှိရပါသည်။
#Myanmar_Online_News #Bloomberg #သမ္မတရွေးကောက်ပွဲ #အမေရိကန်
0 comments:
Post a Comment