Sunday, November 24, 2019

ဟိုမိန်းမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

Image may contain: one or more people, people standing, flower, crowd and outdoor

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရှမ်းသက္ကရာဇ် ၂၁၁၄ နှစ်ကို ကြိုဆိုသောအားဖြင့် ရှမ်းစာဆိုတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ အမှတ်(၁)ရပ်ကွက် ပွဲတော်ကျင်းပရာကွင်း၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုမိန်းမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားတို့ကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမျိုးနှင့် စာပေ စကားတို့မတိမ်ကော မပပျောက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မပျက် စည်ကားသိုက်မြိုက်စွာကျင်းပနေခြင်းဖြစ်ကြောင်းနှင့် ပွဲတော်ကို နိုဝင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ၅ ညတိုင်တိုင် ကျင်းပပြုသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းမောင်လူက ပြောသည်။
နှစ်စဉ်ကျင်းပလျက်ရှိသော ရိုးရာပွဲတော်အတွင်း ရှမ်းစာဆိုတော်များ၏ အတ္ထုပ္ပတ္တိ ဟောပြောပွဲကျင်းပခြင်း၊ ရှမ်းရိုးရာယဉ်ကျေးမှုအနေဖြင့် တိုးနယား၊ ကိန္နရီ ကိန္နရာ၊ ဓား၊ လက်၊ တုတ်တိုင်း၊ အုပ်စုလိုက် အကပေဒသာ ပြိုင်ပွဲများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ ဟိုမိန်းရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ လူငယ်မောင်မယ်များ၏ ဖျော်ဖြေရေးအစီအစဉ်များလည်း ညစဉ်ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: 1 person, flower, text, outdoor and food
Image may contain: one or more people, people on stage, crowd and outdoor
Image may contain: one or more people, people standing, flower, crowd and outdoor
ရဲနောင်(ဟိုမိန်း)
<zawgyi>
ဟိုမိန်းမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Monday,November 25, 2019

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရှမ်းသက္ကရာဇ် ၂၁၁၄ နှစ်ကို ကြိုဆိုသောအားဖြင့် ရှမ်းစာဆိုတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ အမှတ်(၁)ရပ်ကွက် ပွဲတော်ကျင်းပရာကွင်း၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုမိန်းမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားတို့ကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမျိုးနှင့် စာပေ စကားတို့မတိမ်ကော မပပျောက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မပျက် စည်ကားသိုက်မြိုက်စွာကျင်းပနေခြင်းဖြစ်ကြောင်းနှင့် ပွဲတော်ကို နိုဝင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ၅ ညတိုင်တိုင် ကျင်းပပြုသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းမောင်လူက ပြောသည်။
နှစ်စဉ်ကျင်းပလျက်ရှိသော ရိုးရာပွဲတော်အတွင်း ရှမ်းစာဆိုတော်များ၏ အတ္ထုပ္ပတ္တိ ဟောပြောပွဲကျင်းပခြင်း၊ ရှမ်းရိုးရာယဉ်ကျေးမှုအနေဖြင့် တိုးနယား၊ ကိန္နရီ ကိန္နရာ၊ ဓား၊ လက်၊ တုတ်တိုင်း၊ အုပ်စုလိုက် အကပေဒသာ ပြိုင်ပွဲများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ ဟိုမိန်းရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ လူငယ်မောင်မယ်များ၏ ဖျော်ဖြေရေးအစီအစဉ်များလည်း ညစဉ်ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)

0 comments:

Post a Comment