Monday, November 25, 2019

ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး လေးထပ်လူနာဆောင်သစ် စစ်တွေမြို့တွင် ဖွင့်လှစ်

Image may contain: 8 people, people standing

ရခိုင်ပြည်နယ် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့လေးထပ် လူနာဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့က အဆိုပါ ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာမိုးမြင့်ဝင်းက "ဒီဆေးရုံကြီးကို ၂၀၁၅ ခုနှစ် မှာ ခုတင် ၅၀၀ အဆင့်တိုးမြှင့်လိုက် တယ်။ ဒါပေမယ့် အဆောက်အအုံ ဟောင်းဆိုတော့ တကယ်တမ်း ခုတင် ၃၅၀ လောက်ပဲဆံ့တယ်။ ဒါ့ကြောင့် လိုအပ်တဲ့ ခုတင်အရေအတွက် ရအောင် အခုလို လေးထပ်အဆောက် အအုံကို ဆောက်လုပ်ရတာဖြစ်ပါ တယ်။ အခုလို ဆောက်လုပ်နိုင်ခဲ့လို့ နောက်ထပ်ခုတင် ၂၀၀ လောက်ထည့် သွင်းနိုင်မယ်။ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းတွေကိုလည်း ဆေးရုံအနေနဲ့ ပိုမိုပြီးလုပ်ဆောင်ပေး နိုင်တော့မှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးကို ၁၈၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း အဆောက် အအုံအားလုံးနီးပါးပျက်စီးခဲ့ရာ စစ်ပြီး ကာလ ၁၉၄၆ ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့ကြောင်း၊ ၁၉၅၉ ခုနှစ် တွင် ၇၅ ခုတင်ဆံ့အဖြစ် လည်း ကောင်း၊ ၁၉၆၄ ခုနှစ်တွင် ခုတင် ၁၅၀ ဆံ့အဖြစ်လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ခုတင် ၂၀၀ ဆံ့ပြည်နယ် ဆေးရုံကြီးအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးအဖြစ် လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ်တွင် ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့သော် လည်း အသုံးပြုနိုင်မှုမှာ ခုတင် ၃၅၀ သာရှိကြောင်း၊ ယခု တိုးချဲ့ လေးထပ် လူနာဆောင်သစ်အား ဖွင့်လှစ်ခြင်းအားဖြင့် ခုတင် ၂၀၀ ခန့် ထပ်မံတိုးချဲ့ နိုင်မည်ဖြစ်ပြီး ဖျားနာ လူနာကုသဆောင်၊ မျက်စိလူနာ ကုသဆောင်၊ အထူးကုပြင်ပလူနာဌာန တို့ကို ယင်းတိုးချဲ့လူနာဆောင်တွင် ပြောင်းရွှေ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

<<zawgyi>>
ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး လေးထပ်လူနာဆောင်သစ် စစ်တွေမြို့တွင် ဖွင့်လှစ်
Tuesday,November 26, 2019

0 comments:

Post a Comment