Sunday, November 24, 2019

ဖားကန့်မြို့နယ်ရှိရွှေမှော်သို့ လာလည်သူကို လူသတ်ပစ္စည်းလုခဲ့သည့် တရားခံသုံးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိ

Image may contain: one or more people and sunglassesImage may contain: cloud, sky, outdoor and nature

ကချင်ပြည််နယ် ဖားကန့်မြို့နယ်ရှိ ရွှေမှော်သို့ လာရောက်လည်ပတ်ခဲ့သူကို ပစ္စည်းလု သတ်ဖြတ်ခဲ့သည့် တရားခံ သုံးဦးအနက် နှစ်ဦးကိုသက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်းနိုဝင်ဘာ ၂၄ရက်တွင် ဖားကန့်မြို့မရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ရက်နေ့၊နံနက် ၈ နာရီအချိန်ခန့်တွင် ဖားကန့်မြို့၊မရှီကထောင်ရပ်ကွက်၊ ထုံဘိုကျေးရွာမှ ဂျန်ဂတ်မှော်သွားလမ်း အနီး ကားလမ်းပေါ်၌ အသက်၃၅နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ဝဲဘက်ရင်အုံနှင့် ဝမ်းဗိုက်၊လက်မောင်းတို့တွင် ထိုးသွင်း ဒဏ်ရာ ခုနှစ်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
အဆိုပါ အသတ်ခံရမှုနှင့်ပတ်သက်၍ စခန်းမှူးဒုရဲမှုးသိန်းဝင်းနှင့်အဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်နေအောင်မျိုးမင်း(ခ)အောင်ခိုင်မျိုး(၃၀)နှစ်ဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူပါသည့် ရွှေလက်ကောက် လေးကွင်းနှင့်ပိုက်ဆံ တစ်ဆယ့်နှစ်သိန်းကျော်ပါသည့်ခရီးဆောင်အိတ်မှာလည်း ပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိရသည်။
ထို့ကြောင့် ဖားကန့်မြို့မ ရဲစခန်းမှ (ပ)၂၂၁/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်းခဲ့သည်။ဆက်လက်စုံစမ်းချက်အရ သေဆုံးသူမှာ နန့်တောရွှေမှော်မှ အလည်လာစဉ် အသတ်ခံရခြင်းဖြစ်ပြီး အမှုဖြင့် မသင်္ကာသူ မာတန်နှင့်ရဲထက်နိုင်တို့အား နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖားကန့်မြို့နယ်၌ ဖမ်းဆီးခဲ့သည်။
၎င်းတို ၂ ဦးကို စစ်ဆေးချက်အရ တိမ်းရှောင်နေသူ ဆိုင်ဖုန်းစစ်ဆေးဆဲက ဆိုင်ကယ်ရီသမားဟန်ဆောင်ကာ သေဆုံးသူကို ဂျန်ဂတ်မှော်သွားလမ်းအနီးသို့ ခေါ်ဆောင်ကာ မာတန်ကဦးခေါင်းအား တုတ်ဖြင့် ရိုက်ပြီးနောက်ရဲထက်နိုင်က ဓါးဖြင့်ထိုး၍ ငွေနှင့်ရွှေထည်ပစ္စည်းများကို ခွဲဝေယူခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၎င်းတို့လူယူခဲ့သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်းရန် ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဆိုင်ဖုန်းကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။
<<Zawgyi>>
ဖားကန့်မြို့နယ်ရှိရွှေမှော်သို့ လာလည်သူကို လူသတ်ပစ္စည်းလုခဲ့သည့် တရားခံသုံးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိ
Monday,November 25, 2019

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရွှေမှော်သို့ လာရောက်လည်ပတ်ခဲ့သူကို ပစ္စည်းလု သတ်ဖြတ်ခဲ့သည့် တရားခံ သုံးဦးအနက် နှစ်ဦးကိုသက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်းနိုဝင်ဘာ ၂၄ရက်တွင် ဖားကန့်မြို့မရဲစခန်းက သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ရက်နေ့၊နံနက် ၈ နာရီအချိန်ခန့်တွင် ဖားကန့်မြို့၊မရှီကထောင်ရပ်ကွက်၊ ထုံဘိုကျေးရွာမှ ဂျန်ဂတ်မှော်သွားလမ်း အနီး ကားလမ်းပေါ်၌ အသက်၃၅နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ဝဲဘက်ရင်အုံနှင့် ဝမ်းဗိုက်၊လက်မောင်းတို့တွင် ထိုးသွင်း ဒဏ်ရာ ခုနှစ်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
အဆိုပါ အသတ်ခံရမှုနှင့်ပတ်သက်၍ စခန်းမှူးဒုရဲမှုးသိန်းဝင်းနှင့်အဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်နေအောင်မျိုးမင်း(ခ)အောင်ခိုင်မျိုး(၃၀)နှစ်ဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူပါသည့် ရွှေလက်ကောက် လေးကွင်းနှင့်ပိုက်ဆံ တစ်ဆယ့်နှစ်သိန်းကျော်ပါသည့်ခရီးဆောင်အိတ်မှာလည်း ပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိရသည်။
ထို့ကြောင့် ဖားကန့်မြို့မ ရဲစခန်းမှ (ပ)၂၂၁/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်းခဲ့သည်။ဆက်လက်စုံစမ်းချက်အရ သေဆုံးသူမှာ နန့်တောရွှေမှော်မှ အလည်လာစဉ် အသတ်ခံရခြင်းဖြစ်ပြီး အမှုဖြင့် မသင်္ကာသူ မာတန်နှင့်ရဲထက်နိုင်တို့အား နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖားကန့်မြို့နယ်၌ ဖမ်းဆီးခဲ့သည်။
၎င်းတို ၂ ဦးကို စစ်ဆေးချက်အရ တိမ်းရှောင်နေသူ ဆိုင်ဖုန်းစစ်ဆေးဆဲက ဆိုင်ကယ်ရီသမားဟန်ဆောင်ကာ သေဆုံးသူကို ဂျန်ဂတ်မှော်သွားလမ်းအနီးသို့ ခေါ်ဆောင်ကာ မာတန်ကဦးခေါင်းအား တုတ်ဖြင့် ရိုက်ပြီးနောက်ရဲထက်နိုင်က ဓါးဖြင့်ထိုး၍ ငွေနှင့်ရွှေထည်ပစ္စည်းများကို ခွဲဝေယူခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၎င်းတို့လူယူခဲ့သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်းရန် ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဆိုင်ဖုန်းကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment