Monday, November 25, 2019

လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် ၂၀၂၀ တွင် နိုင်ငံကိုအကောင်းဘက်ရောက်အောင် ပို့ပေးနိုင်သည့်အစိုးရတစ်ရပ်အား ရွေးချယ်မပေးနိုင်ဟု ဦးသိန်းညွှန့်ပြော

နိုဝင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ House of Orchid ဟိုတယ်၌ နိုင်ငံရေးပါတီ များကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံကိုအကောင်းဘက်ရောက်အောင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာရန်အတွက် လက်ရှိရွေးကောက်ပွဲကော်မရှင်နှင့် မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ(၅)ခု ကဦးဆောင်ရှင်းလင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် ကို မယုံကြည်ကြောင်း ပြောဆိုကြသည်။ထို့ပြင် အမေရိကန်အခြေစိုက် International Foundation For Electoral System(IFES) မှ မြန်မာနိုင်ငံ အတွက် လက်ပ်တော့အလုံး ၁၃၀၀ နှင့် ဆက်စပ်ပစ္စည်းများအတွက် တင်ဒါတစ်စောင်နှင့် ပရင်တာ ၃၃၀ အတွက် တင်ဒါတစ်စောင်ခေါ်ယူခြင်းနှင့် ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံ ရေးပါတီ(၂၀) က တင်ဒါပယ်ဖျက်၍ နိုင်ငံတကာတင်ဒါအသစ်ကို ပွင့်လင်းမြင်သာစွာ ခေါ်ယူရန် တောင်းဆိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ‌ေစားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)အရ လူတစ်ဦးချင်း(သို့)လူအများနှင့် ပတ်သတ်၍ သိက္ခာနှင့်ကိုယ် ကျင့်တရားကို ထိခိုက်စေမည့် ရေးသားမှုမျိုးမပြုလုပ်ရန် ဝန်ခံချက်ပေးထားပြီးဖြစ်ခြင်းကြောင့် ဝန်ခံ ချက်များကို စောင့်ထိန်းရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။
Image may contain: one or more people, people sitting and indoor
Image may contain: one or more people and indoor
<<Zawgyi>>
လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် ၂၀၂၀ တွင် နိုင်ငံကိုအကောင်းဘက်ရောက်အောင် ပို့ပေးနိုင်သည့်အစိုးရတစ်ရပ်အား ရွေးချယ်မပေးနိုင်ဟု ဦးသိန်းညွှန့်ပြော


နိုဝင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ House of Orchid ဟိုတယ်၌ နိုင်ငံရေးပါတီ များကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံကိုအကောင်းဘက်ရောက်အောင် ပို့ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာရန်အတွက် လက်ရှိရွေးကောက်ပွဲကော်မရှင်နှင့် မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ(၅)ခု ကဦးဆောင်ရှင်းလင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် ကို မယုံကြည်ကြောင်း ပြောဆိုကြသည်။ထို့ပြင် အမေရိကန်အခြေစိုက် International Foundation For Electoral System(IFES) မှ မြန်မာနိုင်ငံ အတွက် လက်ပ်တော့အလုံး ၁၃၀၀ နှင့် ဆက်စပ်ပစ္စည်းများအတွက် တင်ဒါတစ်စောင်နှင့် ပရင်တာ ၃၃၀ အတွက် တင်ဒါတစ်စောင်ခေါ်ယူခြင်းနှင့် ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံ ရေးပါတီ(၂၀) က တင်ဒါပယ်ဖျက်၍ နိုင်ငံတကာတင်ဒါအသစ်ကို ပွင့်လင်းမြင်သာစွာ ခေါ်ယူရန် တောင်းဆိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ‌စေားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)အရ လူတစ်ဦးချင်း(သို့)လူအများနှင့် ပတ်သတ်၍ သိက္ခာနှင့်ကိုယ် ကျင့်တရားကို ထိခိုက်စေမည့် ရေးသားမှုမျိုးမပြုလုပ်ရန် ဝန်ခံချက်ပေးထားပြီးဖြစ်ခြင်းကြောင့် ဝန်ခံ ချက်များကို စောင့်ထိန်းရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။

0 comments:

Post a Comment