Friday, November 29, 2019

ခရီးသွား အများဆုံးလာရောက်သည့် ဂုတ်ထိပ်နှင့် ဂုတ်တွင်းတို့တွင် မှန်တံတားများဆောက်လုပ်မည်

Image may contain: mountain, sky, outdoor and natureImage may contain: plant, sky, bridge, outdoor and nature

အစိုးရနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခု ပူးပေါင်း၍ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်နှင့်ဂုတ်တွင်းတို့တွင် မှန်တံတား ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ တံတားတည်ဆောက်ရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီး မြေနေရာအချို့မှာ သစ်တောကြိုးဝိုင်းအတွင်းရှိနေ၍ သစ်တောဦးစီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်နေပြီး လက်ရှိတွင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
“တံတားက ဆောက်မှာပါ။ 15mm အထူရှိတဲ့ မှန်တွေနဲ့ လုပ်သွားမှာပါ။ ဒီဇိုင်းကတော့မထွက်သေးဘူး။ ဂုတ်ထိပ်နဲ့ ဂုတ်တွင်းကလည်း ဘယ်လောက်မှမဝေးဘူး။ ၈ မိုင်ကျော်ကျော်လောက်ပဲ ရှိပါတယ်။ နိုင်ငံတကာမှာ မှန်တံတားလုပ်တဲ့ အတွေ့အကြုံရှိပြီးသား ကုမ္ပဏီနဲ့ပဲ ဆောင်ရွက်မှာပါ။ အဓိက ခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်တဲ့ နေရာလည်း ဖြစ်လို့ လုပ်လိုက်တာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန(လမ်း၊ တံတားဦးစီး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် မြန်မာ့မီးရထားအနေဖြင့် ဂုတ်ထိပ်မှ နောင်ပိန်အထိ အယောက် ၂၀ စီး RGC ရထားကို ကျပ်တစ်သိန်းနှုန်းဖြင့် ငှားရမ်းနေပြီး ပြည်ပခရီးသွားဧည့်သည်များ ငှားရမ်းကြောင်း သိရှိရသည်။
နိုင်ငံခြားခရီးသွားဧည့်သည်များသည် ပုဂံ၊ ပြင်ဦးလွင်၊ သီပေါနှင့် ဂုတ်ထိပ်သို့ သွားရောက်လည်ပတ်မှု များပြားကြောင်း သိရှိရသည်။
<zawgyi>
ခရီးသွား အများဆုံးလာရောက်သည့် ဂုတ်ထိပ်နှင့် ဂုတ်တွင်းတို့တွင် မှန်တံတားများဆောက်လုပ်မည်
Friday,November 29 ,2019

အစိုးရနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခု ပူးပေါင်း၍ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်နှင့်ဂုတ်တွင်းတို့တွင် မှန်တံတား ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
အဆိုပါ တံတားတည်ဆောက်ရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီး မြေနေရာအချို့မှာ သစ်တောကြိုးဝိုင်းအတွင်းရှိနေ၍ သစ်တောဦးစီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်နေပြီး လက်ရှိတွင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
“တံတားက ဆောက်မှာပါ။ 15mm အထူရှိတဲ့ မှန်တွေနဲ့ လုပ်သွားမှာပါ။ ဒီဇိုင်းကတော့မထွက်သေးဘူး။ ဂုတ်ထိပ်နဲ့ ဂုတ်တွင်းကလည်း ဘယ်လောက်မှမဝေးဘူး။ ၈ မိုင်ကျော်ကျော်လောက်ပဲ ရှိပါတယ်။ နိုင်ငံတကာမှာ မှန်တံတားလုပ်တဲ့ အတွေ့အကြုံရှိပြီးသား ကုမ္ပဏီနဲ့ပဲ ဆောင်ရွက်မှာပါ။ အဓိက ခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်တဲ့ နေရာလည်း ဖြစ်လို့ လုပ်လိုက်တာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန(လမ်း၊ တံတားဦးစီး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် မြန်မာ့မီးရထားအနေဖြင့် ဂုတ်ထိပ်မှ နောင်ပိန်အထိ အယောက် ၂၀ စီး RGC ရထားကို ကျပ်တစ်သိန်းနှုန်းဖြင့် ငှားရမ်းနေပြီး ပြည်ပခရီးသွားဧည့်သည်များ ငှားရမ်းကြောင်း သိရှိရသည်။
နိုင်ငံခြားခရီးသွားဧည့်သည်များသည် ပုဂံ၊ ပြင်ဦးလွင်၊ သီပေါနှင့် ဂုတ်ထိပ်သို့ သွားရောက်လည်ပတ်မှု များပြားကြောင်း သိရှိရသည်။

0 comments:

Post a Comment