Monday, November 25, 2019

ထိုင်းနိုင်ငံတွင် မွေးမိခင်အား ၅ ပိုင်းခုတ်ထစ်၍ရေခဲသေတ္တာထဲတွင်ထည့်ပြီး သားဖြစ်သူမှာမိမိကိုယ်မိမိအဆုံးစီရင်သွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန့်ကူးထိယန်းရပ် ဆွိုင်ထာ့ခမ်လမ်း ၂၈ ရှိနေအိမ်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည် ၁၄းဝဝ ချိန်၌ သေနတ်သံတစ်ချက်ကြားရသဖြင့်အနီးပတ်ဝန်းကျင်မှ ပြည်သူ့ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့သဖြင့် ဒုရဲမှူးနုတ်ဖဒွန်း ဟန်ဖတ် အဖွဲ့မှာနေအိမ်တွင်းသို့ဝင်ရောက်စစ်ဆေးရာ သေနတ်ဒါဏ်ရာတစ်ချက်ဖြင့်လဲကျနေသူအားတွေ့ရှိရသဖြင့် နခွန်ထွန်ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့သော်လည်းရရှိဒဏ်ရာဖြင့်သေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည် ။

နေအိမ်တွင်းရှိ ၇.၉ လက်မအမြင့်ရှိရေခဲသေတ္တာအားဖွင့်လှစ်၍စစ်ဆေးရာ အသက် (၄၂) နှစ်အရွယ်အမျိုးသမီး၏ရုပ်အပိုင်းအစ ( ၅ ) ပိုင်းဖြစ်သည့် ဦးခေါး ၊ လက်နှစ်ဖက် ၊ ခြေနှစ်ဖက်တို့အားရေခဲသေတ္တာထဲတွင်ထည့်ထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး မိမိကိုယ် မိမိအဆုံးစီရင်သွားသည့် နိုင် စီရ စုမ်းဒေ့ (၂၀) နှစ်၏မိခင်ဖြစ်သူ၏ရုပ်အလောင်းဖြစ်ကြောင်းအိမ်နီးချင်းများ၏ပြောကြားချက်အရသိရသည် ။
သားဖြစ်သူမှာလွန်ခဲ့သည့် (၂ ) နှစ်ကတည်းကစ၍ စိတ်ကျ ၊ စိတ္တဇဝေဒနာသည်ဖြစ်ပြီး မိခင်ဖြစ်သူမှာခင်ပွန်းဖြစ်သူနှင့်ကွာရှင်းပြတ်စဲထားသူဖြစ်ကာ သားအမိနှစ်ယောက်တည်း အတူတကွနေထိုင်လာသည်မှာ ( ၃ ) နှစိရှိပြီဟုဘေးပတ်ဝန်း ကျင်များမှ အိမ်နီးချင်းများကပြောကြားခဲ့သည် ။
သားဖြစ်သူမှာ ကွန်ပျူတာဒုတိယနှစ်ကျောင်းသားဖြစ်ပြီးဘာ့ကြောင့်မွေးမိခင်အားရက်စက်စွာ သတ်ဖြတ်ပြီး ၅ ပိုင်းပိုင်းကာ ရေခဲသေတ္တာ ၂ ထပ်ထဲတွင်ဝှက်ထားပြီး မိမိကိုယ်မိမိ ပွိုင် ၃၈ ပစ္စတိုဖြင့်အဆုံးစီရင်သံားရသည့်အကြောင်းအရင်ကိုတော့ပြည်သူ့ ရဲတပ်ဖွဲ့မှ တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသတင်းရရှိပါသည် ။
Image may contain: 2 people, people standing and outdoor
Image may contain: one or more people
Image may contain: indoor
Image may contain: one or more people, people sleeping and people sitting
Image may contain: one or more people and people standing
<<Zawgyi>>
ထိုင်းနိုင်ငံတွင် မွေးမိခင်အား ၅ ပိုင်းခုတ်ထစ်၍ရေခဲသေတ္တာထဲတွင်ထည့်ပြီး သားဖြစ်သူမှာမိမိကိုယ်မိမိအဆုံးစီရင်သွား


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန့်ကူးထိယန်းရပ် ဆွိုင်ထာ့ခမ်လမ်း ၂၈ ရှိနေအိမ်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည် ၁၄းဝဝ ချိန်၌ သေနတ်သံတစ်ချက်ကြားရသဖြင့်အနီးပတ်ဝန်းကျင်မှ ပြည်သူ့ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့သဖြင့် ဒုရဲမှူးနုတ်ဖဒွန်း ဟန်ဖတ် အဖွဲ့မှာနေအိမ်တွင်းသို့ဝင်ရောက်စစ်ဆေးရာ သေနတ်ဒါဏ်ရာတစ်ချက်ဖြင့်လဲကျနေသူအားတွေ့ရှိရသဖြင့် နခွန်ထွန်ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့သော်လည်းရရှိဒဏ်ရာဖြင့်သေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည် ။
နေအိမ်တွင်းရှိ ၇.၉ လက်မအမြင့်ရှိရေခဲသေတ္တာအားဖွင့်လှစ်၍စစ်ဆေးရာ အသက် (၄၂) နှစ်အရွယ်အမျိုးသမီး၏ရုပ်အပိုင်းအစ ( ၅ ) ပိုင်းဖြစ်သည့် ဦးခေါး ၊ လက်နှစ်ဖက် ၊ ခြေနှစ်ဖက်တို့အားရေခဲသေတ္တာထဲတွင်ထည့်ထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး မိမိကိုယ် မိမိအဆုံးစီရင်သွားသည့် နိုင် စီရ စုမ်းဒေ့ (၂၀) နှစ်၏မိခင်ဖြစ်သူ၏ရုပ်အလောင်းဖြစ်ကြောင်းအိမ်နီးချင်းများ၏ပြောကြားချက်အရသိရသည် ။
သားဖြစ်သူမှာလွန်ခဲ့သည့် (၂ ) နှစ်ကတည်းကစ၍ စိတ်ကျ ၊ စိတ္တဇဝေဒနာသည်ဖြစ်ပြီး မိခင်ဖြစ်သူမှာခင်ပွန်းဖြစ်သူနှင့်ကွာရှင်းပြတ်စဲထားသူဖြစ်ကာ သားအမိနှစ်ယောက်တည်း အတူတကွနေထိုင်လာသည်မှာ ( ၃ ) နှစိရှိပြီဟုဘေးပတ်ဝန်း ကျင်များမှ အိမ်နီးချင်းများကပြောကြားခဲ့သည် ။
သားဖြစ်သူမှာ ကွန်ပျူတာဒုတိယနှစ်ကျောင်းသားဖြစ်ပြီးဘာ့ကြောင့်မွေးမိခင်အားရက်စက်စွာ သတ်ဖြတ်ပြီး ၅ ပိုင်းပိုင်းကာ ရေခဲသေတ္တာ ၂ ထပ်ထဲတွင်ဝှက်ထားပြီး မိမိကိုယ်မိမိ ပွိုင် ၃၈ ပစ္စတိုဖြင့်အဆုံးစီရင်သံားရသည့်အကြောင်းအရင်ကိုတော့ပြည်သူ့ရဲတပ်ဖွဲ့မှ တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသတင်းရရှိပါသည် ။

0 comments:

Post a Comment