Sunday, November 24, 2019

ဒေသန္တရကောင်စီ ရွေးကောက်ပွဲပြုလုပ်နေသောဟောင်ကောင်တွင် တရုတ်အစိုးရလိုလားသောအင်အားစုများ ရှုံးနိမ့်

Image may contain: 4 people

နိုဝင်ဘာလ ၂၄ ရက်နေ့ကဟောင်ကောင်တွင် ဒေသန္တရရွေးကောက်ပွဲများကျင်းပခဲ့ရာ ဒီမိုကရေစီလိုလားသော အင်အားစုများက နေရာအများစုအနိုင်ရလျက်ရှိကာ ကိန်းဂဏန်းများအရ ယနေ့နံနက်အစောပိုင်းအထိ ဒီမိုကရေလိုလားသောကိုယ်စားလှယ်များက ၂၇၈ နေရာနှင့် တရုတ်အစိုးရလိုလားသောကိုယ်စားလှယ်များက ၄၂ နေရာ အသီးသီးအနိုင်ရရှိထားသည်။

အဆိုပါဒေသန္တရရွေးကောက်ပွဲတွင် ကောင်စီဝင်နေရာ ၄၅၂ နေရာအတွက် ပြည်သူပေါင်း ၄ ဒဿမ ၁ သန်းက မဲပေးရန် စာရင်းသွင်းခဲ့ကြသည်။ဟောင်ကောင်တွင် မငြိမ်မသက်မှုများကြောင့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက်များရှိမှာ စိုးရိမ် နေသည့်ကြားကပင် ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အရ ယခုရွေးကောက်ပွဲသည် လပေါင်းများစွာ ဖြစ် ပေါ် ခဲ့သည့် ဆန္ဒပြမှုများနှင့် ပဋိပက္ခများကို ထောက်ခံလိုက်သည့်သဘောပင်ဖြစ်သည်။ တရုတ်အစိုးရ လိုလားသည့် ကိုယ်စားလှယ်အများစု နေရာဆုံးရှုံးခဲ့သည်။
သို့သော် ဒေသန္တရကောင်စီဝင်များသည် အများအားဖြင့် ဒေသတွင်းကိစ္စရပ်များဖြစ်သည့် အမှိုက်သိမ်းစနစ်၊ ကုန်းလမ်းပို့ဆောင်ရေး စသည်တို့ကိုသာ ဖြေရှင်းရပြီး နိုင်ငံရေးနှင့်ဆိုင်သည့် အာဏာသိပ်မရှိပေ။
Image may contain: 1 person, indoor
Image may contain: one or more people and outdoor
Image may contain: 6 people, people smiling, people standing
Image may contain: 5 people, crowd, night and outdoor
<<Zawgyi>>
ဒေသန္တရကောင်စီ ရွေးကောက်ပွဲပြုလုပ်နေသောဟောင်ကောင်တွင် တရုတ်အစိုးရလိုလားသောအင်အားစုများ ရှုံးနိမ့်
Monday,November 25, 2019

နိုဝင်ဘာလ ၂၄ ရက်နေ့ကဟောင်ကောင်တွင် ဒေသန္တရရွေးကောက်ပွဲများကျင်းပခဲ့ရာ ဒီမိုကရေစီလိုလားသော အင်အားစုများက နေရာအများစုအနိုင်ရလျက်ရှိကာ ကိန်းဂဏန်းများအရ ယနေ့နံနက်အစောပိုင်းအထိ ဒီမိုကရေလိုလားသောကိုယ်စားလှယ်များက ၂၇၈ နေရာနှင့် တရုတ်အစိုးရလိုလားသောကိုယ်စားလှယ်များက ၄၂ နေရာ အသီးသီးအနိုင်ရရှိထားသည်။
အဆိုပါဒေသန္တရရွေးကောက်ပွဲတွင် ကောင်စီဝင်နေရာ ၄၅၂ နေရာအတွက် ပြည်သူပေါင်း ၄ ဒဿမ ၁ သန်းက မဲပေးရန် စာရင်းသွင်းခဲ့ကြသည်။ဟောင်ကောင်တွင် မငြိမ်မသက်မှုများကြောင့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက်များရှိမှာ စိုးရိမ် နေသည့်ကြားကပင် ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အရ ယခုရွေးကောက်ပွဲသည် လပေါင်းများစွာ ဖြစ် ပေါ် ခဲ့သည့် ဆန္ဒပြမှုများနှင့် ပဋိပက္ခများကို ထောက်ခံလိုက်သည့်သဘောပင်ဖြစ်သည်။ တရုတ်အစိုးရ လိုလားသည့် ကိုယ်စားလှယ်အများစု နေရာဆုံးရှုံးခဲ့သည်။
သို့သော် ဒေသန္တရကောင်စီဝင်များသည် အများအားဖြင့် ဒေသတွင်းကိစ္စရပ်များဖြစ်သည့် အမှိုက်သိမ်းစနစ်၊ ကုန်းလမ်းပို့ဆောင်ရေး စသည်တို့ကိုသာ ဖြေရှင်းရပြီး နိုင်ငံရေးနှင့်ဆိုင်သည့် အာဏာသိပ်မရှိပေ။
#Myanmar_Online_News #ဟောင်ကောင် #ဒေသန္တရကောင်စီ #တရုတ်အစိုးရ #ဒီမိုကရေစီ

0 comments:

Post a Comment