Wednesday, November 27, 2019

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် ဇော်မင်းထွန်း ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့

Image may contain: 1 person, outdoor

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် နောက်ခံလူ ဇော်မင်းထွန်းသည် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

ဇော်မင်းထွန်းသည် ပြီးခဲ့သည့်ရာသီတွင် ကစားခဲ့သည့် ချောင်ဘူရီအသင်းနှင့် သက်တမ်းမတိုးရန် ဆုံးဖြတ်ပြီးနောက် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဇော်မင်းထွန်းသည် ယခုနှစ်မှစတင်ကာ ထိုင်းလိဂ်သို့ ပြောင်းရွှေ့ကစားခဲ့ပြီး ချောင်ဘူရီအသင်းတွင် တစ်ရာသီကစားကာ ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ဆူခိုထိုင်းအသင်းသည် ဇော်မင်းထွန်းကို တစ်ရာသီစာချုပ် ချုပ်ဆိုခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်က တရားဝင်မိတ်ဆက်ခဲ့သည်။ ဇော်မင်းထွန်းသည် နိုဝင်ဘာတွင် ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြီးတွင် ၎င်း၏ အနာဂတ်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ်းလှမ်းခဲ့သည့် အသင်းများစွာထဲမှ ဆူခိုထိုင်းအသင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဆူခိုထိုင်းအသင်းသည် ဇော်မင်းထွန်းအပြင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ကိုလည်း ခြေစွမ်းပိုင်းစမ်းသပ် လျက်ရှိသည်။
မြန်မာကစားသမားများသည် ၂၀၁၈ ခုနှစ်မှစ၍ ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားလျက်ရှိပြီး မြောင်တောင် အသင်းတွင် ကစားနေသည့် အောင်သူမှာလည်း ၎င်း၏အနာဂတ်ကို မကြာမီ အတည်ပြုဖွယ်ရှိနေသည်။
<zawgyi>
မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် ဇော်မင်းထွန်း ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့
Thursday,November 28, 2019

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် နောက်ခံလူ ဇော်မင်းထွန်းသည် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ဇော်မင်းထွန်းသည် ပြီးခဲ့သည့်ရာသီတွင် ကစားခဲ့သည့် ချောင်ဘူရီအသင်းနှင့် သက်တမ်းမတိုးရန် ဆုံးဖြတ်ပြီးနောက် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဇော်မင်းထွန်းသည် ယခုနှစ်မှစတင်ကာ ထိုင်းလိဂ်သို့ ပြောင်းရွှေ့ကစားခဲ့ပြီး ချောင်ဘူရီအသင်းတွင် တစ်ရာသီကစားကာ ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ဆူခိုထိုင်းအသင်းသည် ဇော်မင်းထွန်းကို တစ်ရာသီစာချုပ် ချုပ်ဆိုခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်က တရားဝင်မိတ်ဆက်ခဲ့သည်။ ဇော်မင်းထွန်းသည် နိုဝင်ဘာတွင် ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြီးတွင် ၎င်း၏ အနာဂတ်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ်းလှမ်းခဲ့သည့် အသင်းများစွာထဲမှ ဆူခိုထိုင်းအသင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဆူခိုထိုင်းအသင်းသည် ဇော်မင်းထွန်းအပြင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ကိုလည်း ခြေစွမ်းပိုင်းစမ်းသပ် လျက်ရှိသည်။
မြန်မာကစားသမားများသည် ၂၀၁၈ ခုနှစ်မှစ၍ ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားလျက်ရှိပြီး မြောင်တောင် အသင်းတွင် ကစားနေသည့် အောင်သူမှာလည်း ၎င်း၏အနာဂတ်ကို မကြာမီ အတည်ပြုဖွယ်ရှိနေသည်။

0 comments:

Post a Comment