Friday, November 29, 2019

ရွှေပြည်သာမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတုဖြင့် ဈေးဝယ်သူအား ဖမ်းဆီး

Image may contain: one or more people and people sitting

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတုဖြင့် စျေးလိုက်လံဝယ်ယူသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ ဇီးကုန်းကျေးရွာဈေး၌ အမျိုးသားတစ်ဦးသည် ငွေတစ်သောင်းတန်အတုများဖြင့် ဈေးလိုက်လံဝယ်ယူ နေကြောင်းသက်ဆိုင်ရာ ရဲတပ်ဖွဲ့မှသတင်းအရ သွားရောက်စစ်ဆေးရာ အလုံး(၃၂)နှစ်အားတွေ့ရှိပြီး ၎င်း ဝတ်ဆင်ထားသည့် အပြာရောင်ဂျင်းအနွေးထည် ယာဘက်အိပ်ကပ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသည့် DY ××××××× နံပါတ်ပါ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄ ရွက်အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းအား ဆက်လက်စစ်မေးရာ ဇီးကုန်းရွာဈေးအတွင်းရှိ ဆိုင်အချို့မှ တစ်သောင်းတန် လေးရွက်ဖြင့် စျေးဝယ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထပ်မံ၍ တစ်သောင်းတန် လေးရွက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ကြောင်း သိရှိရသည်။
အဆိုပါ ကျူးလွန်သူ အလုံးအား ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၆၀၇/၂၀၁၉၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
<zawgyi>
ရွှေပြည်သာမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတုဖြင့် ဈေးဝယ်သူအား ဖမ်းဆီး
Friday,November 29 ,2019

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတုဖြင့် စျေးလိုက်လံဝယ်ယူသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ ဇီးကုန်းကျေးရွာဈေး၌ အမျိုးသားတစ်ဦးသည် ငွေတစ်သောင်းတန်အတုများဖြင့် ဈေးလိုက်လံဝယ်ယူ နေကြောင်းသက်ဆိုင်ရာ ရဲတပ်ဖွဲ့မှသတင်းအရ သွားရောက်စစ်ဆေးရာ အလုံး(၃၂)နှစ်အားတွေ့ရှိပြီး ၎င်း ဝတ်ဆင်ထားသည့် အပြာရောင်ဂျင်းအနွေးထည် ယာဘက်အိပ်ကပ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသည့် DY ××××××× နံပါတ်ပါ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄ ရွက်အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းအား ဆက်လက်စစ်မေးရာ ဇီးကုန်းရွာဈေးအတွင်းရှိ ဆိုင်အချို့မှ တစ်သောင်းတန် လေးရွက်ဖြင့် စျေးဝယ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထပ်မံ၍ တစ်သောင်းတန် လေးရွက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ကြောင်း သိရှိရသည်။
အဆိုပါ ကျူးလွန်သူ အလုံးအား ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၆၀၇/၂၀၁၉၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment