Sunday, November 24, 2019

ဗဟိုအဆင့်ရှိ အကျဉ်းထောင် (၅)ခုကို အကျဉ်းဦးစီးဌာနက ထပ်မံတိုးချဲ့ဖွင့်လှစ်


ဗဟိုအဆင့်ရှိအကျဉ်းထောင် ၅ခုကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထပ်မံတိုးချဲ့ပြင်ဆင် ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

ယခင်က ရန်ကုန်အင်းစိန်၊မန္တလေးနှင့်သာယာဝတီ တို့တွင်သာ ဗဟိုအကျဉ်းထောင်များရှိပြီး၊ယခုတွင် ဗဟိုအကျဉ်း ထောင် (၈)ခုအထိ ရှိသွားပြီဟု အကျဉ်းဦးစီးဌာနပြောခွင့်ရအရာရှိ ဦးမင်းထွန်းစိုးက ပြောပြသည်။
ဗဟိုအဆင့်တိုးမြှင့်လိုက်သည့် အကျဉ်းထောင်၅ခုမှာ မြင်းခြံ၊မကွေး၊မိုးညှင်း၊ဒိုက်ဦးနှင့် ကျိုက်မရော အကျဉ်းထောင်များဖြစ်သည်ဟု ဦးမင်းထွန်းစိုးက ပြောပြပြီး၊ယခင်က အဆိုပါအကျဉ်းထောင် ၅ခုမှာ က အဆင့်ရှိ အကျဉ်းထောင်များဖြစ်သည်ဟု ရှင်းပြသည်။
အကျဉ်းဦးစီးဌာနသည် ကယား၊ကရင်၊ချင်း၊မွန်၊မကွေး တို့မှ တိုင်း၊ပြည်နယ် အကျဉ်းဦးစီးဌာနမှူးရုံး တို့ကို ခ အဆင့်မှ က အဆင့်သို့ အဆင့်တိုးမြှင့်လိုက်သကဲ့သို့ အကျဉ်းဦးစီးဌာန အောက်ရှိဝန်ထမ်းဖွဲ့စည်းပုံကိုပါ ထပ်မံတိုးမြှင့်လိုက်ကြောင်းလည်းသိရသည်။
Image may contain: one or more people and people standing
Image may contain: one or more people and indoor
<zawgyi>
ဗဟိုအဆင့်ရှိ အကျဉ်းထောင် (၅)ခုကို အကျဉ်းဦးစီးဌာနက ထပ်မံတိုးချဲ့ဖွင့်လှစ်
Monday,November 25, 2019

ဗဟိုအဆင့်ရှိအကျဉ်းထောင် ၅ခုကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထပ်မံတိုးချဲ့ပြင်ဆင် ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။
ယခင်က ရန်ကုန်အင်းစိန်၊မန္တလေးနှင့်သာယာဝတီ တို့တွင်သာ ဗဟိုအကျဉ်းထောင်များရှိပြီး၊ယခုတွင် ဗဟိုအကျဉ်း ထောင် (၈)ခုအထိ ရှိသွားပြီဟု အကျဉ်းဦးစီးဌာနပြောခွင့်ရအရာရှိ ဦးမင်းထွန်းစိုးက ပြောပြသည်။
ဗဟိုအဆင့်တိုးမြှင့်လိုက်သည့် အကျဉ်းထောင်၅ခုမှာ မြင်းခြံ၊မကွေး၊မိုးညှင်း၊ဒိုက်ဦးနှင့် ကျိုက်မရော အကျဉ်းထောင်များဖြစ်သည်ဟု ဦးမင်းထွန်းစိုးက ပြောပြပြီး၊ယခင်က အဆိုပါအကျဉ်းထောင် ၅ခုမှာ က အဆင့်ရှိ အကျဉ်းထောင်များဖြစ်သည်ဟု ရှင်းပြသည်။
အကျဉ်းဦးစီးဌာနသည် ကယား၊ကရင်၊ချင်း၊မွန်၊မကွေး တို့မှ တိုင်း၊ပြည်နယ် အကျဉ်းဦးစီးဌာနမှူးရုံး တို့ကို ခ အဆင့်မှ က အဆင့်သို့ အဆင့်တိုးမြှင့်လိုက်သကဲ့သို့ အကျဉ်းဦးစီးဌာန အောက်ရှိဝန်ထမ်းဖွဲ့စည်းပုံကိုပါ ထပ်မံတိုးမြှင့်လိုက်ကြောင်းလည်းသိရသည်။

0 comments:

Post a Comment