မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု နဲ့စပ်လျဉ်းပြီး လိုက်နာရမယ့် ဥပဒေ ကန့်သတ်ချက်တွေရှိပါတယ်။
***အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice, ICJ ဆိုတာဘာလဲ
အပြည်ပြည်ဆိုင်ရာတရားရုံးက ကုလသမဂ္ဂရဲ့တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းဖြစ်ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်နဲ့အညီ၁၉၄၅ ဇွန်လမှာ အပြည်ပြည်ဆိုင်ရာတရားရုံးကိုဖွဲ့စည်းခဲ့ပြီး၁၉၄၆ခုနှစ် မှာလုပ်ငန်းစတင်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးကနယ်သလန်နိုင်ငံ သဟိဂ်မြို့၊ ငြိမ်းချမ်းရေးနန်းတော် Peace Palace မှာရုံးစိုက်ပါတယ်။ ICJ က ကုလသမဂ္ဂရဲ့ပင်မအဖွဲ့အစည်း၆ခု ထဲက ဥရောပမှာ ရုံးစိုက်တဲ့ တစ်ခုတည်းသော ကုလသမဂ္ဂအဖွဲ့ ဖြစ်ပါတယ်။ ကျန်ငါးဖွဲ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရုံးစိုက်ပါတယ်။
***အပြည်ပြည်ဆိုင်ရာတရားရုံးတာဝန်တွေကဘာလဲ
• ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ဥပဒေကြောင်း ဆိုင်ရာ အငြင်းပွားမှုရှိလို့ တင်ပြတင်လာရင် အပြည်ပြည်ဆိုင်ရာတရားဥပဒေနဲ့အညီ လက်ခံကြားနာပြီး ဖြေရှင်းပေးရန်
• ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအထူးအဖွဲ့အစည်း တွေကတင်ပြလာတဲ့ ဥပဒေကြောင်းဆိုင်ရာ မေးမြန်းချက်တွေအပေါ် အကြံဉာဏ်ပေးရန်
အပြည်ပြည်ဆိုင်ရာတရားရုံးကို ကမ္ဘာအဆင့်မြင့်ဆုံး တရားရုံးလို့လည်း တင်စား ခေါ်ဝေါ် တတ်ပါတယ်။

***အပြည်ပြည်ဆိုင်ရာတရားရုံးICJမှာမြန်မာနိုင်ငံကိုစွဲတဲ့အမှု
မြန်မာနိုင်ငံက ‘’ကုလသမဂ္ဂ လူမျိုးသုဉ်း သတ်ဖြတ်မှု တားဆီးရေးနဲ့ အရေးယူအပြစ်ပေးရေး ဆိုင်ရာ သဘောတူညီချက်’’ “The Convention on the Prevention and Punishment of the Crime of Genocide (Genocide Convention)” ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ပေမယ့် ရိုဟင်ဂျာအရေးကိစ္စမှာ မြန်မာက “ဂျီနိုဆိုက်သဘောတူညီချက်”ကို လိုက်နာဖို့ပျက်ကွက်တယ်လို့ ယူဆရတဲ့အတွက် “အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး” ‘’Organisation of Islamic Corporation, OIC’’ အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာသမ္မတနိုင်ငံက မြန်မာကိုအရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးကို ၂၀၁၉နိုဝင်ဘာလ၁၁ရက်နေ့ကဦးတိုက်လျှောက်ထားပါတယ်။
မြန်မာအစိုးရအားပေးထောက်ခံမှုနဲ့ ဘင်္ဂါလီ လူနည်းစုမွတ်စလင်တွေ လူမျိုးတုံးအောင် သတ်ဖြတ်မှုတွေမှာ နိုင်ငံတကာဥပဒေအရ မြန်မာနိုင်ငံကတာဝန်ရှိမရှိကို တရားရုံးက ကြားနာ ပေးမှာဖြစ်ပါတယ်။
မြန်မာအစိုးရဟာ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ်ဇန္နဝါရီလအထိတစ်ကြိမ် ၂၀၁၇ခုနှစ် ဩဂုတ်လမှာ တကျော့ပြန်စခဲ့တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး” အတွင်း သတ်ဖြတ်မှု၊ အဓမ္ဓကျင့်မှုနဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးမှု အစရှိတဲ့ကျူးလွန်မှုများနဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာ)လူမျိုးစုတစ်ခုလုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးဖို့ရည်ရွယ်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံကစွပ်စွဲပါတယ်။ ဒီကျူးလွန်မှုတွေဟာ “ဂျီနိုဆိုက်သဘောတူညီချက်” ကိုချိုးဖောက်ရာရောက်တယ်လို့လည်းထောက်ပြပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့လျှောက်ထားချက်ထဲမှာမြန်မာကလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းများအားလုံးရပ်တန့်ပြီးနောက်ထပ်ကျူးလွန်မှုတွေဆက်မလုပ်အောင်တရားရုံးကအမိန့်ထုတ်ပြန်ပေးဖို့၊ ထိပ်ပိုင်းအစိုးရနဲ့စစ်တပ်ကအရာရှိတွေ အပါအဝင် တာဝန်ရှိသူတွေကို ပြစ်ဒဏ်ပေးဖို့နဲ့ နစ်နာသူတွေကိုလျော်ကြေးပေးဖို့လည်းပါဝင်ပါတယ်။
ဒါ့အပြင်တရားခွင်မှာအချိန်ကာလတစ်ခုအထိအမှုကိုကြားနာစစ်ဆေးနေတဲ့အချိန်အတွင်းမြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်ပေါ်နေတဲ့အခြေအနေကိုပိုဆိုးမလာအောင် “ ကာကွယ်ပေးဖို့ “ကြားဖြတ်စီမံဆောက်ရွက်ချက်များ” “Provisional Measure of Protection” ကို ရက်တိုအတွင်း ချမှတ်ပေးဖို့လည်းဂမ်ဘီယာနိုင်ငံက လျှောက်ထားပါ တယ်။
“ကြားဖြတ်စီမံဆောင်ရွက်ချက်များ” ထုတ်ပြန်ပေးဖို့ လျှောက်ထားချက်ထဲမှာ မတရား သတ်ဖြတ်မှု၊ လယ်ယာမြေဖျက်စီးမှု၊ ရည်ရွယ်ချက်ရှိရှိအစာရေစာ နေအိမ်ဖျက်စီးမှု အပြင် လူမျိုးတုံးသတ်ဖြတ်မှုသက်သေအထောက်အထားတွေဖျက်စီးပစ်တာတွေကိုရပ်တန့်ပေးဖို့ လည်းပါဝင် ပါတယ်။
“ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်” စထုတ်ပြန်တဲ့နေ့ကစလို့ လေးလအတွင်းအခြေအနေတွေတိုးတက်မှုရှိမရှိတရားရုံးကိုပြန်အစီရင်ခံရမှာဖြစ်ပါတယ်။
တရားရုံးကကြားဖြတ်စီမံဆောက်ရွက်ချက်များ ချမှတ်နိုင်ရေးမှာ လိုအပ်ချက် သုံးချက်ရှိပါတယ်
၁။တရားလိုဖက်ကတင်ပြတဲ့အထောက်အထားတွေကတရားရုံးစီရင်ပိုင်ခွင့်အာဏာကိုအထောက်အကူပြုတယ်လို့ယူဆရင် ( prima facie evidence)
၂။(နစ်နာသူတွေကို)အကာအကွယ်ပေးရမယ့်အခြေအနေရှိနိုင်တယ်လို့တရားရုံးကလက်ခံရင်
၃။အကာအကွယ်လိုအပ်နေသူတွေမှာလတ်တလော အန္တရာယ်ရှိနေတယ်လို့ယူဆရင်
၂။(နစ်နာသူတွေကို)အကာအကွယ်ပေးရမယ့်အခြေအနေရှိနိုင်တယ်လို့တရားရုံးကလက်ခံရင်
၃။အကာအကွယ်လိုအပ်နေသူတွေမှာလတ်တလော အန္တရာယ်ရှိနေတယ်လို့ယူဆရင်
၁။ Prima Facie Jurisdiction ပရိုင်မာဖေစီ စီရင်ပိုင်ခွင့်
တရားရုံးက ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်ရှိမရှိကိုဆုံးဖြတ်ပေးဖို့ လိုအပ်ချက်တစ်ခုက ဂမ်ဘီယာနဲ့ မြန်မာ နှစ်နိုင်ငံအကြားမှာ အငြင်းပွားမှုရှိတယ်ဆိုတာကို ဂမ်ဘီယာဖက်က သက်သေပြရမှာပါ။
ဂမ်ဘီယာနိုင်ငံဖက်က တင်တဲ့သက်သေအထောက်အထား တွေအထဲမှာ မြန်မာနိုင်ငံရဲ့လုပ်ရပ်တွေအပေါ်စိုးရိမ်ကြောင်းဖော်ပြထားတဲ့အချက်တွေပါဝင်တဲ့ ‘’နိုင်ငံတကာလွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ‘’ရဲ့ စုံစမ်းတွ့ရှိချက်၊ “အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး” Organisation of Islamic Corporation (OIC) ရဲ့ ထုတ်ပြန်ချက် အပြင်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂမ်ဘီယာနိုင်ငံကမြန်မာရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ရှုတ်ချတဲ့အစီရင်ခံစာအပါအဝင် ‘’လွတ်လပ်သော အချက်အလက် ရှာဖွေရေး အဖွဲ့ FFM’’ ရဲ့ အစီရင်ခံစာအပေါ် မြန်မာအစိုးရကိုယ်စားလှယ်ရဲ့ ပြန်လှန်ချေပချက်တွေ ပါဝင် ပါတယ်။

နှစ်နိုင်ငံအကြားအငြင်းပွားမှုရှိတယ်ဆိုတာကိုသက်သေပြဖို့ သူတို့အချင်းချင်းအကြားမှာအပြန်အလှန် အဆက်အသွယ် ရှိတယ်ဆိုတဲ့ အထောက်အထားလည်းလိုပါတယ်။ ဂမ်ဘီယာနိုင်ငံကတင်သွင်းတဲ့စာရွက်စာတမ်းတွေထဲမှာမြန်မာအစိုးရနဲ့တိုက်ရိုက်အဆက်အသွယ်ရှိတယ်လို့ထောက်ပြနိုင်တဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါက ၂၀၁၉ အောက်တိုဘာလ၁၁ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာ ဂမ်ဘီယာအမြဲတန်းကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်းကိုယ်စားလှယ်အဖွဲ့ဆီ စာတိုတစ်စောင်ပေးပို့ခဲ့ပါတယ်။ စာထဲမှာ “နိုင်ငံတကာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)” အစီရင်ခံစာ ကို မြန်မာက လက်မခံ ငြင်းပယ်တာကို ဂမ်ဘီယာအနေနဲ့ စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ ဒီစာနဲ့ပတ်သက်ပြီးမြန်မာဖက်ကတစုံတရာတုံ့ပြန်ရှင်းလင်းခြင်းမရှိပါဘူး။ ဒီလိုမြန်မာဖက်ကတုံပြန်ခြင်းမရှိတဲ့အတွက် နှစ်နိုင်ငံအကြားအငြင်းပွားနေတယ်ပြောနိုင်သလို မြန်မာဖက်ကမတုံ့ပြန်တဲ့အတွက် ဘာမှအငြင်းပွားစရာမရှိဘူးလို့လည်းပြောနိုင်ပါတယ်။
တရားရုံးစီရင်ထုံးတွေကိုအောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။
(South West Africa, Judgment of 21 December 1962, p 328).
(Georgia v Russian Federation, Judgment of 1 April 2011, para 30)
တကယ်လို့အငြင်းပွားတယ်ဆိုတာကိုသက်သေမပြနိုင်ရင်တောင် ဂမ်ဘီယာဖက်က တင်ထားတဲ့ သက်သေခံစာရွက်စာတမ်းတွေနဲ့ပဲ တရားရုံးမှာစီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်မယ်ဆိုရင်လည်း ဆုံးဖြတ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေချမှတ်နိုင်ဖို့ ဒုတိယလိုအပ်ချက်ကို ပထမလိုအပ်ချက် နဲ့တွဲပြီး တဆက်တစပ်တည်း စဉ်းစားကောင်း စဉ်းစားနိုင်လို့ပါ။
(Georgia v Russian Federation, Judgment of 1 April 2011, para 30)
တကယ်လို့အငြင်းပွားတယ်ဆိုတာကိုသက်သေမပြနိုင်ရင်တောင် ဂမ်ဘီယာဖက်က တင်ထားတဲ့ သက်သေခံစာရွက်စာတမ်းတွေနဲ့ပဲ တရားရုံးမှာစီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်မယ်ဆိုရင်လည်း ဆုံးဖြတ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေချမှတ်နိုင်ဖို့ ဒုတိယလိုအပ်ချက်ကို ပထမလိုအပ်ချက် နဲ့တွဲပြီး တဆက်တစပ်တည်း စဉ်းစားကောင်း စဉ်းစားနိုင်လို့ပါ။
၂။(နစ်နာသူတွေကို)အကာအကွယ်ပေးရမယ့်အခြေအနေရှိနိုင်တယ်လို့တရားရုံးကလက်ခံရင်
ဂမ်ဘီယာဖက်ကလျှောက်လဲချက်မှာ
• မြန်မာနိုင်ငံမှာနေထိုင်နေကြတဲ့ရိုဟင်ဂျာတွေဟာ “ဂျီနိုဆိုက်သဘောတူညီချက်” မှာပြဋ္ဌာန်းထားသလို သက်ဆိုင်ရာအစိုးရရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံစားခွင့်ရှိသူတွေ ဖြစ်ကြောင်း
• ဂမ်ဘီယာက သူတို့မှာ “erga omnes rights” အယ်ဂါအွမ်စ် အခွင့်အရေးရှိတယ်၊ ဆိုလိုတာကတော့ သူတို့ဆီမှာ (ဂျီနိုဆိုက်သဘောတူညီချက်) နဲ့အညီ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတကာ လူ့အသိုက်အဝန်းကိုစောင့်ရှောက်ရမယ့်တာဝန်ရှိကြောင်း
ဖော်ပြထားပါတယ်။
ဒီနေရာမှာ ဥပဒေသုတေသီတွေက ပထမအချက်က အချုပ်အခြာအာဏာနဲ့ ဆိုင်တာကြောင့် တရားရုံးက လက်ခံမယ်လို့မထင်ပါဘူး။ ဒုတိယအချက်ကိုတော့ အသေအချာလေ့လာသင့်တယ်လို့ဆိုပါတယ်။
ပထမအချက်ကအချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတော့ ဒီအချက်ကို အခြေခံပြီး နှစ်နိုင်ငံအကြားမှာ အငြင်းပွားတယ် လို့ယူဆဖို့အတော်ခက်ပါတယ်။ ဒါပေမဲ့ဒုတိယအချက်ဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ နိုင်ငံတကာလူ့အသိုက်အဝန်း ကို စောင့်ရှောက်ဖို့တာဝန်ရှိတယ် ဆိုတဲ့ အချက်နဲ့ပဲ နှစ်နိုင်ငံအကြား အငြင်းပွားနေတယ်လို့ ယူဆမယ်ဆိုရင်ယူဆလို့ရနိုင်တယ်လို့ ဘယ်ဂျီယံ နဲ့ ဆီနီဂေါ အမှုကိုကိုးကားထားပါတယ်။
Belguim v Senegal (https://www.icj-cij.org/…/case-related/144/144-20120720-JUD…)
ဘယ်ဂျီယံနဲ့ဆီနီဂေါ (၂၀၁၂) အမှုမှာအိုင်စီဂျေတရားရုံးက ကုလသမဂ္ဂသဘောတူညီချက် ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုက သဘောတူညီချက် ကိုလိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် အရေးယူပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေမှာ တောင်းဆိုခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်။
အခုအမှုမှာ ဂမ်ဘီယာဖက်ကတင်ပြထားတဲ့အချက်တွေက”ဂျီနိုဆိုက်သဘောတူညီချက်” ပါပြဋ္ဌာန်းချက်နဲ့အညီတင်ပြထားတာဖြစ်ရုံသာမကသေးကဲ ဂျီနိုဆိုက်သဘောတူညီချက် ရဲ့ နှလုံးသားလို့ဆိုနိုင်တဲ့ “erga omnes rights” ‘’အယ်ဂါအွမ်စ်အခွင့်အရေး’’ သို့မဟုတ် ‘’အများအတွက်တာဝန်ခံမှု’’ မူအရ သူတို့မှာတာဝန်ရှိတယ်ဆိုတဲ့ အချက်ကိုပါ ထောက်ပြထားပါတယ်။
အဲဒါကြောင့် ဂမ်ဘီယာဖက်ကတင်သွင်းတဲ့ သက်သေအထောက်အထားတွေကခိုင်မာတာကြောင့် တရားရုံးမှာ တရားစီရင်ပိုင်ခွင့်အာဏာ ရှိတယ်လို့ဆုံးဖြတ်နိုင်ပါတယ်။
တကယ်လို့မြန်မာဖက်ကစီရင်ပိုင်ခွင့်နဲ့ပတ်သက်ပြီးကန့်ကွက်ခဲ့မယ်ဆိုရင်လည်း နှစ်ဖက်ကတင်တဲ့ သက်သေအထောက်အထားတွေကို အသေအချာစိစစ်ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ဂမ်ဘီယာဖက်ကတင်သွင်းတဲ့ သက်သေအထောက်အထားတွေကခိုင်မာတာကြောင့် တရားရုံးမှာ တရားစီရင်ပိုင်ခွင့်အာဏာ ရှိတယ်လို့ဆုံးဖြတ်နိုင်ပါတယ်။
တကယ်လို့မြန်မာဖက်ကစီရင်ပိုင်ခွင့်နဲ့ပတ်သက်ပြီးကန့်ကွက်ခဲ့မယ်ဆိုရင်လည်း နှစ်ဖက်ကတင်တဲ့ သက်သေအထောက်အထားတွေကို အသေအချာစိစစ်ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်။
၃။အကာအကွယ်လိုအပ်နေသူတွေမှာလတ်တလော အန္တရာယ်ရှိနေတယ်လို့ယူဆရင်
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး”တွေမှာ လူမျိုးတုံး သတ်ဖြတ်မှု တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်အပြင် ဒီကျူးလွန်မှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ၂၀၁၉ စက်တင်ဘာလက ‘’နိုင်ငံတကာလွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)’’ ရဲ့အပြီးသတ်အစီရင်ခံစာကိုဂမ်ဘီယာကတင်ပြထားပါတယ်။ FFM ရဲ့အစီရင်ခံစာမှာ ‘’ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုအထောက်အထားတွေပပျောက်အောင်နဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကဖယ်ရှားဖို့ အစိုးရကတိုက်ခိုက်နေတယ်’’ လို့ဖော်ပြထားပါတယ်။ အဲဒါကြောင့် အကာအကွယ်ပေးဖို့လိုနေတဲ့သူတွေဟာ အရေးပေါ်အခြေအနေ နဲ့ ရင်ဆိုင်နေရတယ် ဆိုတဲ့တတိယ လိုအပ်ချက်ကို တရားရုံးကလက်ခံနိုင်တဲ့အနေအထားရှိပါတယ်။
ဒါကတော့ တရားရုံးစီရင်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ လိုအပ်ချက် သုံးချက်အပေါ် ဆွေးနွေးထားတာပါ။
ဒါကတော့ တရားရုံးစီရင်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ လိုအပ်ချက် သုံးချက်အပေါ် ဆွေးနွေးထားတာပါ။
လက်တွေ့မှာတော့ဂမ်ဘီယာနိုင်ငံကလျှောက်ထားတဲ့’’ကြားဖြတ်စီမံဆောင်ရွက်ချက်များ’’ကိုတရားရုံးကခွင့်ပြုမလားမပြုဘူးလား ဆုံးဖြတ်ဖို့ ရုံးတော်က ဂမ်ဘီယာနဲ့မြန်မာကို ကိုယ်စားပြုတဲ့ နှစ်ဖက်ရှေ့နေတွေ နဲ့ ညှိနှိုင်းတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒီလိုညှိနှိုင်းတိုင်ပင်တဲ့အခါမှာ မြန်မာဖက်ကဘယ်လောက် ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ ကလည်း မေးခွန်းထုတ်စရာပါ။
နှစ်နိုင်ငံစလုံးကကျွမ်းကျင်တဲ့ရှေ့နေတွေငှါးထားတယ်ဆိုတော့ အမှုနိုင်ဖို့ကရှေ့နေတွေရဲ့ အရည်အချင်းပေါ်မှာအများကြီးတည်ပါတယ်။ မြန်မာဖက်က နိုဝင်ဘာလ၂၃ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တင်ပြသွားသလို ‘’ကုလသမဂ္ဂယန္တရားများအရ မြန်မာနိုင်ငံကို အရေးယူနိုင်မည့် အခြေအနေ မရှိသေးသည့် အတွက် OIC နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာတရားစီရင်မှု လမ်းကြောင်းမှ မြန်မာနိုင်ငံ အား အရေးယူ ဆောင်ရွက်နိုင်ရေးနည်းလမ်းကို ကြိုးပမ်းလာကြခြင်း’’ ဖြစ်တယ်လို့စောဒကတက်ရင်ICJ မှာအမှုနိုင်ဖို့ခက်ပါလိမ့်မယ်။

ပုံမှန်ဆိုရင် တရားရုံးက ဆုံးဖြတ်ချက်ချဖို့ သီတင်းပတ်လေးပတ်ကနေ၁၅ပတ် အထိအချိန်ယူနိုင်ပါတယ်။ ဒါပေမဲ့’’ကြားဖြတ်စီမံဆောက်ရွက်ချက်အမိန့်ချဖို့အရေးတကြီးလိုအပ်တယ်လို့ထင်ရင် ဥပမာ ဘော့စနီးယား၊ ဟဲဆီဂိုဗီနာ နဲ့ ယူဂိုစလားဗီးယားအမှုမှာ ၁၉ရက်နဲ့ အမိန့်ချခဲ့တဲ့သာဓက ရှိပါတယ်။ တကယ်လို့မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးပေါ်ကိုင်တွယ်ဖို့လိုအပ်တယ်လို့ ယူဆရင် အလားတူအချိန်တိုတိုအတွင်း အမိန့်ချကောင်းချနိုင်ပါတယ်။
0 comments:
Post a Comment