Tuesday, November 26, 2019

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာသန္တိသုခ ဗိမာန်ဓမ္မာရုံအနီး၌ AA အဖွဲ့ က ရီမုမိုင်းတစ်လုံးဖြင့်ဖောက်ခွဲ ဟု တပ်မတော်ထုတ်ပြန်

Image may contain: sky and outdoor

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး တောင်ဘက်ရှိ မဟာ သန္တိသုခဗိမာန် ဓမ္မာရုံ၏အရှေ့တောင်ဘက် ၁၃ ပေခန့် အကွာ၌ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖောက်ခွဲမှုကြောင့် ဓမ္မာရုံတောင်ဘက်ခြမ်းရှိ ပြတင်းတံခါး အပေါ်ဘက်လေကာမှန် ၁၄ ချပ်နှင့် တံခါးမကြီး အပေါ်ဘက် လေကာမှန်သုံးချပ် ကွဲကြေပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရှိရသည်။
အဆိုပါ မိုင်းပေါက်ကွဲရာ မဟာမုနိ ဘုရားကြီးအနီးဝန်းကျင်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
<zawgyi>
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာသန္တိသုခ ဗိမာန်ဓမ္မာရုံအနီး၌ AA အဖွဲ့ က ရီမုမိုင်းတစ်လုံးဖြင့်ဖောက်ခွဲ ဟု တပ်မတော်ထုတ်ပြန်
Wednesday,November 27, 2019

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး တောင်ဘက်ရှိ မဟာ သန္တိသုခဗိမာန် ဓမ္မာရုံ၏အရှေ့တောင်ဘက် ၁၃ ပေခန့် အကွာ၌ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ဖောက်ခွဲမှုကြောင့် ဓမ္မာရုံတောင်ဘက်ခြမ်းရှိ ပြတင်းတံခါး အပေါ်ဘက်လေကာမှန် ၁၄ ချပ်နှင့် တံခါးမကြီး အပေါ်ဘက် လေကာမှန်သုံးချပ် ကွဲကြေပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရှိရသည်။
အဆိုပါ မိုင်းပေါက်ကွဲရာ မဟာမုနိ ဘုရားကြီးအနီးဝန်းကျင်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

0 comments:

Post a Comment