Tuesday, November 26, 2019

ငွေကြေးမလုံလောက်လို့ ပြည်သူလူထုဆီက အလှူငွေကောက်ခံလိုက်တဲ့ မီဒီယာတွေအကြောင်း ပြောလာတဲ့ ပြည်သူတစ်ဦး

Image may contain: text

သတင်းမီဒီယာတွေ တစ်ခုပြီး တစ်ခုပြုတ်လာတယ်။ တစ်ချို့ထပ်မံရပ်တည်နိုင်ဖို့အတွက် ပြည်သူဆီက အလှူခံလာရတယ်။

ဒီအစိုးရလက်ထက်မှာ မီဒီယာတွေ ခေတ်အပျက်ဆုံးအချိန်ဆို မှားမယ်မထင်ဘူး။
အဲ့ဒီလိုဖြစ်လာရတဲ့အကြောင်းအရင်းတွေအမျာကြီးထဲမှ အဓိကကျတာ ကျနော်အမြင်ပြောရရင်
ယနေ့မီဒီယာအများစုဟာ
၁။ ကိုယ့်တာဝန်ကိုယ်မကျေဘူး
ပြည်သူတွေသိသင့်သိထိုက်တာ ရေးသင့်ရေးထိုက်တာတွေကို ဖော်ထုတ်ရေးသားမှုတွေ အတော်နည်းလာတယ်။ ပြည်သူတွေလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ ဒုက္ခတွေကို မင်းအစိုးရသိအောင်မတင်ပြနိုင်ဘူး။ ဘာကိုသတင်းလုပ်ရမှန်း ရေးရမယ်မှန်းကို မသိ ကိုယ်တိုင်လမ်းပျောက်နေကြသလိုပဲ။
အစိုးရမီဒီယာလိုလို၊ စစ်တပ်မီဒီယာလိုလို၊ ပါတီမီဒီယာလိုလို၊ ခရိုနီအောက်ဆွဲ မီဒီယာလိုလိုနဲ့ ပြည်သူနဲ့ တစ်သားတည်းမရှိဘူး။
ဂျာနယ်တစ်စောင်ကိုင်ကြည့် စိတ်ဝင်တစားဖတ်စရာ ဘယ်နှစ်ပုဒ်ပါလဲ။ အရင်အစိုးရခေတ်က ဂျာနယ်တစ်စောင်နဲ့ ဒီအစိုးရခေတ် ဂျာနယ် ၁ စောင်ယှဉ်ကြည့်။ ဘယ်လောက်ကွာဟသွားလဲတွေ့ရမှာပဲ။
၂။ မီဒီယာလောကသားချင်း စည်းလုံးညီညွတ်မှုမရှိတော့ဘူး။
တစ်ဦးနဲ့တစ်ဦး ထိုးနှက်တိုက်ခိုက်တယ်။ သူများကိုချနင်း ကိုယ်အပေါ်ရောက်ဖို့လုပ်တယ်။ ကြီးနိုင်ငယ်ညှင်း နိုင်ရာစား လုပ်ကြတယ်။
တစ်ယောက်ပြုတ်သွားရင် ထိသွားရင် ဝိုင်းပျော်တယ်။ ဖေးမလက်တွဲမှု ကူညီမှုဆိုတာကတော့ အဝေးကြီး။
အများစုစိတ်ဓာတ်တွေက နိမ့်ကျ အောက်တန်းကျ သတင်းမီဒီယာသမား မပီသကြတော့။ ဒီလောကပျက်စီးသွားတာ ဘာမှမဆန်းဘူး။
နွားကွဲရင်ကျားဆွဲဆိုသလိုပဲ ခံကြရတာပေါ့။ အစိုးရကလည်း လူရာမသွင်း။ ပြည်သူကလည်းမလေးစား ။ လူမလေးခွေးမခန့် ဟိုလူစော်ကား ဒီလူစော်ကားခံဘဝဖြစ်နေရတယ်။
ပြည်သူရဲ့လေးစားတန်ဖိုးထား နေရာပေးမှုပြန်လိုချင်ရင်တော့ ကိုယ့်တာဝန်ကိုယ်ကျေကြ အချင်းချင်းစည်းလုံးညီညွတ်ကြ။ စတုတ္ထမဏ္ဍိုင်ပီသအောင်နေကြပေါ့။
ပြည်သူအပေါ်သစ္စာစောင့်သိ အမှန်တရားကို ဦးထိပ်ပန်ဆင် ရိုးသားစွာရပ်တည်ကြပေါ့။
သတင်းမီဒီယာ ဆုတ်ယုတ်ရင် ဒီမိုကရေစီလည်း ဆုတ်ယုတ်မှာပဲ။ တိုင်းပြည်ကလည်း ရှေ့တိုးမှာမဟုတ်တော့ဘူး။
မီဒီယာဆိုတာ တိုင်းပြည်အတွက် အိမ်စောင့်ခွေးပဲ။ အိမ်စောင့်ခွေးမကောင်းရင် မရှိရင် ပြည်သူတွေဘဝလုံခြုံမှုမရှိ အနိုင်ကျင့်ခံအနှိက်စက်ခံ မတရားလုပ်ခံနေရမယ်။
ဒါကို ပြည်သူရော မီဒီယာသမားအားလုံးရော နားလည်သဘောပေါက်ပြီး စည်းလုံးညီညွတ်ကြ ကြိုးစားကြပါ။
ကိုယ့်ပြည်သူနဲ့ မီဒီယာအပေါ်ကို ချစ်လွန်းလို့ အမုန်းခံပြောလိုက်ရပါတယ်။
- ကျော်ကြီး(MDY)
Kyaw Naing Win
<zawgyi>
ငွေကြေးမလုံလောက်လို့ ပြည်သူလူထုဆီက အလှူငွေကောက်ခံလိုက်တဲ့ မီဒီယာတွေအကြောင်း ပြောလာတဲ့ ပြည်သူတစ်ဦး
Wednesday,November 27, 2019

0 comments:

Post a Comment