Tuesday, November 26, 2019

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်ကျင်းပခဲ့သည့် ပြည်နယ်အဆင့် မယ်စကြဝဠာပြိုင်ပွဲ

Image may contain: 5 people, people smiling, people standing

မြဝတီမြို့တွင် တတိယအကြိမ်မြောက်ကျင်းပမည့် ပြည်နယ်အဆင့် မယ်စကြဝဠာပြိုင်ပွဲ မြဝတီ (၂၀၁၉) ကို မြဝတီမြို့တွင် ယခုလ (၂၄) ရက်နေ့ကကျင်းပခဲ့ရာ ပထမဆုမဟန်လေး - ဒုတိယမကြည်ကြည်လဲ့လဲ့စိုး - တတိယဆုမကြူကြူ တို့က ရရှိသွားကြသည်။

ပြိုင်ပွဲဝင် (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲကြီးကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်အခြေစိုက် ရွှေမြစ်သောင်ရင်းကုမ္ပဏီကနှင့်မိတ်ဖက်လုပ်ငန်းရှင်များက ကမကထပြုကာ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ရွှေမြစ်သောင်ရင်းကုမ္ပ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ (MD) ဦးစောတင်ဝင်းက စွမ်းရည်ထက်မြက်ပြီး ဘက်စုံထူးချွန်သည့် အမျိုးသမီးများ ပေါ်ထွက်လာစေရေးအတွက် ကမကထပြုကာ ကျင်းပပေးရခြင်းဖြစ်သည်ဟု ကရင်အမျို;သားမီဒီယာသို့ပြောဆိုခဲ့သည်။
ပထမဆုရရှိခဲ့သူ မဟန်လေးကို ရွှေမြစ်သောင်ရင်းကုမ္ပဏီမှ ဒေါ်နန်းမြင့်မြင့်ဝင်းက သူရဖူနှင့်အတူငွေသားဆုကို ပေးအပ်ချီးမြင့်ခဲ့သည်။
(၂၀၁၉) ခုနှစ်အတွက် ကရင်ပြည်နယ်အဆင့်မှ မယ်စကြဝဠာအဖြစ်ရေးချယ်ခံရသည် မဟန်လေးသည် နိုင်ငံကိုယ်စားပြုအဆင့်အတွက် ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆက်လက်အောင်ပွဲခံနိုင်ခဲ့ပါက ကမ္ဘာလုံးဆိုင်ရာ မယ်စကြဝဠာပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများ ဆက်လက်ရရှိနိုင်မည်ဖြစ်သည်။
ထူးချွန်ထက်မြက်သည့် အမျိုးသမီးပေါ်ထွန်းလာစေရေးအတွက် ပြည်နယ်အဆင့် မယ်စကြဝဠာပွဲကို ရွှေမြစ်သောင်ရင်းကုမ္ပဏီက မြဝတီမြို့တွင် ကမကထပြုကျင်းပလာခဲ့သည်မှာ (၃) ကြိမ်ရှိပြီးဖြစ်သည်။
<zawgyi>
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်ကျင်းပခဲ့သည့် ပြည်နယ်အဆင့် မယ်စကြဝဠာပြိုင်ပွဲ
Wednesday,November 27, 2019

0 comments:

Post a Comment